“ပန်းတိုင်ရှိရာ"
ဒူးမတုန်နဲ့ ကလေး
ဒီလို ထ ရပ်လိုက်တာကိုက
ခြေလှမ်းတွေ စနိုင်ဖို့အတွက်ပါပဲ။
ရပ်နိုင်တော့မှ
မင်းဘဝရဲ့ ပထမဆုံးခြေလှမ်း
မင်းစပြီး လှမ်းရမှာ။
ကြောက်စိတ်မဝင်နဲ့ ကလေး
ပထမခြေလှမ်းမှာ ယိုင်လဲ
ဒူးပြဲချင် ပြဲမယ်
လဲရင်ပြန်ရပ်
နောက်ထပ်ခြေလှမ်းတွေ စမယ်။
လေးဖက်တွားရင်း ကျေနပ်
ထပြီးမရပ်ဘဲနေမယ့်အစား
ရပ်စမ်း လဲစမ်း
ရဲရဲလှမ်း ကလေး
(ပြီးရင်)
ပြေးလမ်းပေါ် တက်ကြရအောင်။ ။
မောင်စိန်ဝင်း(ပုတီးကုန်း)
ဒူးမတုန်နဲ့ ကလေး
ဒီလို ထ ရပ်လိုက်တာကိုက
ခြေလှမ်းတွေ စနိုင်ဖို့အတွက်ပါပဲ။
ရပ်နိုင်တော့မှ
မင်းဘဝရဲ့ ပထမဆုံးခြေလှမ်း
မင်းစပြီး လှမ်းရမှာ။
ကြောက်စိတ်မဝင်နဲ့ ကလေး
ပထမခြေလှမ်းမှာ ယိုင်လဲ
ဒူးပြဲချင် ပြဲမယ်
လဲရင်ပြန်ရပ်
နောက်ထပ်ခြေလှမ်းတွေ စမယ်။
လေးဖက်တွားရင်း ကျေနပ်
ထပြီးမရပ်ဘဲနေမယ့်အစား
ရပ်စမ်း လဲစမ်း
ရဲရဲလှမ်း ကလေး
(ပြီးရင်)
ပြေးလမ်းပေါ် တက်ကြရအောင်။ ။
မောင်စိန်ဝင်း(ပုတီးကုန်း)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။