ခြေစော်မနံသည့် ခြေအိတ်လာပြီ
ရှူးဖိနပ်စီးရတာ စတိုင်ကျသော်လည်း တော်တော်ကြီးသော ပြဿနာမှာ ခြေထောက် ချွေးထွက်ပြီး ခြေအိတ်ကနေ ခြေစော်နံလာခြင်း ဖြစ်သည်။ လူကြားထဲမှာလည်း ခြေစော်နံလို့ မျက်နှာပျက်ရသည်။
ဂျပန် ပညာရှင်များက ဂျပန် စက္ကူတစ်မျိုးသုံးကာ ထုတ်ထားသော ခြေအိတ်သစ်ဖြင့် ထိုပြဿနာကို ဖြေရှင်းပေးလိုက်ပြီ၊ Curetex ခြေအိတ်ဟု နာမည်ပေးထားသည်။ ၀ါရှီစာရွက်ဟုခေါ်သော ဂျပန်စာရွက် တစ်မျိုး၏ နည်းပညာကို အခြေခံထားသည်။ ထိုစာရွက်သည် ရေမစိုနိုင်သလို၊ အနံ့လည်းမထွက်၊ သို့ဖြစ်ရာ ၀ါရှီစာရွက်ကို အခြေခံပြီး လုပ်ထားသော Curetex ခြေအိတ်သည်လည်း ခြေထောက်က ချွေးထွက်သည့်တိုင် ခြေအိတ်သားသည်ချွေးနဲ့ ဓာတ်ပြုခြင်းမရှိ။ သို့ဖြစ်ရာ ခြေအိတ်နဲ့ ခြေဖ၀ါးမှာ ဘက်တီးရီးယားလည်း မဖြစ်ထွန်းနိုင်တော့ဘဲ အနံ့ဆိုးထွက်ခြင်းလည်း မရှိတော့။
ခြေအိတ်ကို အနက်နှင့် မီးခိုးအရောင် နှစ်မျိုးဖြင့် ထုတ်လုပ်ထားထားပြီး တစ်စုံလျှင် (၂၄) ဒေါ်လာဝန်းကျင် ကျသင့်သည်။
messenger news journal
#သုတဇုန်
www.thutazone.com

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။