I poisoned you...
အိပ်ယာထဲမှာ အတော်လေး နေထိုင်မကောင်း ဖြစ်နေတဲ့ အမျိုးသမီး တစ်ဦးဟာ ဘေးနားမှာ ထိုင်ပေးနေတဲ့ ခင်ပွန်းသည်ဘက်ကို လှည့်ပြီး... "ဟန်နီ!!! ရှင့်ကို ကျမ ၀န်ခံစရာတွေ ရှိတယ်..."
ခင်ပွန်းဖြစ်သူက... "သက်တောင့်သက်သာ နေပါ မိန်းမရယ်... မင်း မောနေပါ့မယ်..."
ခင်ပွန်းသည် တားနေတဲ့ကြားက ဇနီးဖြစ်သူက... "မရဘူး... မရဘူး... ကျမ ပြောမှရမယ်... ဒါမှ ကျမ သေတဲ့အခါ ကျမရဲ့ဝိညာဉ်က ကောင်းကောင်း အနားယူနိုင်မှာ..."
"ကျမလေ ရှင့်ရဲ့ ပိုက်ဆံတွေကို ခိုးပြီး ကျမရဲ့ တိတ်တိတ်ပုန်း ရည်းစားကို ပေးခဲ့တယ်... ကျမတို့ရဲ့သား ဂျူနီယာရဲ့ အဖေကလည်း ရှင်မဟုတ်ဘူး... နောက်ပြီး ရှင့်ရဲ့ ရွှေလက်ပတ်နာရီကို ခိုးတဲ့ သူကလည်း ကျမပါပဲ... အဲဒီနာရီကို ယူပြီး ရှင့်ရဲ့ ညီမအိတ်ထဲမှာ သွားဖွက် ထားတာပါ... ရှင် သူ့ကို ကျမတို့ အိမ်ကနေ မောင်းထုတ်အောင် လို့ပါ... ဒါတွေ အားလုံးအတွက် ရှင် ကျမကို ခွင်လွှတ်ပါ..."
ခင်ပွန်းဖြစ်သူက လေသံ ခပ်အေးအေးနဲ့... "ဒါတွေအားလုံးကို ငါသိပါတယ် မိန်းမရယ်... အဲဒါကြောင့်လည်း မင်းကို အခုလို အဆိပ် ခတ်လိုက်တာပေါ့......။"
grin emoticon grin emoticon tongue emoticon tongue emoticon grin emoticon grin emoticon tongue emoticon tongue emoticon
ကိုမျိုး(lwanmapyay.blogspot.com)
သင့်အတွက် သုတအစုံစုံကို တစ်နေရာတည်းက ဖတ်ရှု့နိုင်မယ့်
#သုတဇုန်
www.thutazone.com

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။