ဒိန်းမတ်အခြေဆိုက်
တက္ကသိုလ်တစ်ခုမှ ဒိန်းမတ်နိုင်ငံသား ၁၁၀၀ ခန့်ရဲ့ အကူအညီကို ရယူပြီးတော့
ဆိုရှယ်မီဒီယာဆိုင်ရာ စစ်တမ်းတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။
.
Happiness index လို့ခေါ်တဲ့တိုင်းတာတဲ့ နည်းပညာ တစ်ခုရှိပြီး Facebook အသုံးပြုနေစဉ်မှာ 6 ကျော်ကျော်ပဲ ရှိပါတယ်။
.
ယင်း ၁၁၀၀ ဦးရေကို တစ်ပတ်လောက် Facebook အသုံးမပြုစေပဲနေပြီးတော့ ပြန်လည်တိုင်းတာ ကြည့်တဲ့အခါ သူတို့ရဲ့ Index ဟာ ၈ အထက်ကို ရောက်သွား ပါတယ်။
.
အဓိကကတော့ Facebook အသုံးပြုစဉ်လူတွေဟာ မိမိကိုယ်ကိုကို အခြားလူ များနဲ့ နှိုင်းယှဉ်နေလို့ ဖြစ်ပါတယ်။
.
အခြားသူများရဲ့ လှပတဲ့ အသွင်အပြင်၊ ပိုင်ဆိုင်မှု၊ ဖြစ်တည်မှုများကို မြင်ရပြီး မိမိကိုယ်မိမိနဲ့ နှိုင်းစာပါတယ်။
.
ယင်းသို့ နှိုင်းစာမှု များလာတဲ့အခါ တဖြည်းဖြည်းနဲ့ မိမိရဲ့ အသွင်အပြင်၊ ရရှိပိုင်ဆိုင်မှု၊ ဖြစ်တည်မှုများကို မကျေနပ်တော့သလိုများ ဖြစ်လာပြီး နောက်ဆုံးမှာ ဒေါသထွက်ခြင်း၊ စိတ်ဓာတ်ကျခြင်းများ ဖြစ်ပါလိမ့်မယ်။
.
ဒါကြောင့်မို့ Facebook ကို အချိန်ကြာကြာ အသုံးပြုခြင်းဟာ လူများကို စိတ်ဓာတ်ကျခြင်းနဲ့ ဒေါသထွက်စေခြင်းတို့ကို ပိုမို ဖြစ်စေကြောင်း အတည်ပြု ထုတ်ပြန်လိုက်ရပါတယ်။
.
.
Ref: pocketlint
အောင်ခမ်း (MMA)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။