Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, November 11, 2015

ရောက်လေရာဘ၀က သိရှိကျေနပ်နိုင်ပါစေ


ရောက်လေရာဘ၀က သိရှိကျေနပ်နိုင်ပါစေ
ᵒᵒᵒᵒᵒᵒᵒᵒᵒᵒᵒᵒᵒᵒᵒᵒᵒᵒᵒᵒᵒᵒᵒᵒᵒᵒᵒᵒᵒᵒᵒᵒᵒᵒᵒᵒᵒᵒᵒᵒᵒᵒᵒᵒ

အခုလို NLD က ရွေးကောက်ပွဲ၌ အပြတ်အသတ် အနိုင်ရရှိချိန်မှာ ချစ်ခင်ခဲ့ရတဲ့ သူငယ်ချင်းဖြစ်သူကို သတိရမိတယ်။ သူ့နာမည်က ကိုဉာဏ်လင်းသိန်း။ ဉာဏ်လှိုင်းကို ဖန်တီးခဲ့သူ။

ပရိသတ်အချို့က ဉာဏ်လှိုင်းကိုမီဒီယာတစ်ခုလို့ ထင်ခဲ့ကြတယ်။ တကယ်တော့ မဟုတ်ပါ။ ဉာဏ်လှိုင်းသည် တစ်ဆင့်ခံ တင်ပြခြင်း မဟုတ်သလို၊ ကြားခံတစ်ခု မဟုတ်ပါ။ ဉာဏ်လှိုင်းသည် ကျွန်တော်တို့ရင်ထဲ ရှိတာတွေကို ရေးချင်သလို ချရေးနေခြင်း ဖြစ်ပါတယ်။ ဉာဏ်လှိုင်းရဲ့ Admin အားလုံးသည် ဘယ်ပါတီဝင်မှ မဟုတ်သလို၊ မည်သည့်အဖွဲ့အစည်း၏ လက်အောက်ခံများ မဟုတ်ကြပါ။ ပြည်သူ့ဘက်က ရပ်တည်ပြီး ဘယ်အစိုးရပဲ အုပ်ချုပ်၊ အုပ်ချုပ်မှု မကောင်းရင်တော့ ဝေဖန်ထောက်ပြနေမှာ ဖြစ်ပါတယ်။ ဉာဏ်လှိုင်းဖြစ်ပေါ်ပုံကို အလျဉ်းသင့်သလို တင်ပြခဲ့ဖူးတာကြောင့် ပရိသတ်တချို့လည်း သိရှိပြီး ဖြစ်နေပါလိမ့်မယ်။ ဒါပေမဲ့ နေ့စဉ် ပရိသတ်က တိုးများလာတာကြောင့် စကားကြုံတုန်း ထပ်ပြောပါရစေ။

ကျွန်တော် အစိုးရအလုပ်ကနေ ထွက်ပြီးနောက် အလုပ်မရှိသေးခင် အချိန်တွေ ပိုနေတယ်။ ပိုနေတဲ့အချိန်မှာ ပေါ်လာတဲ့အတွေးတွေကို စာအနေနဲ့ ချရေးဖြစ်တယ်။ ပြီးတော့ ဂျာနယ်တိုက်ပို့ခဲ့တယ်။ စာရေးတစ်ယောက်ကို လေးစားရမယ့် လေးစားမှုမျိုး ဂျာနယ်တိုက်ထံမှ မရရှိခဲ့ပါ။ စာမျက်နှာ တစ်ဝက်ကျော် ရှိတဲ့စာမှုအတွက် ရရှိခဲ့တာက မြန်မာငွေ ၂၅၀၀ ကျပ်ထည့်ထားတဲ့ စာအိတ်ဟောင်းလေး တစ်လုံးပါ။

ဂျာနယ်တိုက်က အပြန် ငါ့ရဲ့စာမူတွေကို နောက်နောင် ဘယ်ဂျာနယ်တိုက်မှ မပို့တော့ဘူးလို့ ဆုံးဖြတ်ချက်ချပြီး Website ထောင်ဖို့ လုပ်ခဲ့တယ်။ စင်္ကာပူမှာရှိတဲ့ သူငယ်ချင်း ကိုဝင်းနိုင်ထွန်းက Network Solution ကနေ Hosting နဲ့ Domain name ကို ၀ယ်ပြီး အလကားပေးတယ်။ Website နာမည်က freethinker4myanmar.com ဖြစ်တယ်။ မလုပ်တတ်၊ လုပ်တတ်နဲ့ ကိုယ့်ဖာသာကိုယ် စမ်းလုပ်နေရင်း Network Solution က စီးပွားရေးပိတ်ဆို့မှုကြောင့် ကိုဝင်းနိုင်ထွန်းဆီ ငွေပြန်အမ်းလိုက်တယ်။ ဘာဆက်လုပ်ရမှန်း မသိဖြစ်နေတဲ့အချိန်မှာ ကူညီမယ့်သူက ပေါ်လာခဲ့တယ်။ သူက ကိုဉာဏ်လင်းသိန်း။

ကိုဉာဏ်လင်းသိန်း သူ့ဇာတိမန္တလေးရောက်တုန်း ကိုအောင်နိုင်မြင့်ကို ကျွန်တော် ဘာလုပ်နေတုန်းလို့ မေးတော့ Website လုပ်နေတယ်လို့ ပြန်ဖြေတယ်။ ဒီမှာတင် ကျွန်တော့်ဆီ ဖုန်းဆက်၊ သူ ကူမယ်ဆိုပြီး ခရီးအဆုံးအထိ ကူညီသွားတယ်။ Website နာမည်ကို ဉာဏ်နဲ့ လှိုင် ပေါင်းပြီး ဉာဏ်လှိုင်ကနေ ဉာဏ်လှိုင်းဖြစ်သွားတယ်။ ပြီးတော့ Facebook မှာ Page ထောင်တယ်။

ကျွန်တော်က ဉာဏ်လှိုင်းကို ဇွဲရှိရှိ မလုပ်ဘူး။ စိတ်ကူးပေါက်တဲ့အချိန်မှ ထလုပ်တတ်တယ်။ ကိုဉာဏ်က ပျက်ရက်မရှိ၊ ဉာဏ်လှိုင်းကို ဖွံ့ဖြိုးလာအောင် နေ့စဉ် လုပ်ပေးခဲ့တယ်။ ဆုံးခါနီးအထိ ဉာဏ်လှိုင်းအတွက် အချိန်တွေ ပေးခဲ့တယ်။ ကျွန်တော် စာရေးအားနည်းတာကို အားမရလို့ ကျွန်တော့်တို့အကိုကြီး HSW ထံ အကူအညီ တောင်းခဲ့တယ်။ ဒီကြားထဲ ကျွန်တော်တို့ အားလုံးရဲ့အကိုကြီး apalar.blogspot.com ရဲ့ စာတွေကိုလည်း ယူပြီး ဖော်ပြခဲ့တယ်။

အခုတော့ သူဖြစ်ချင်သလို ဉာဏ်လှိုင်းက အောင်မြင်တဲ့ Page တစ်ခုတော့ ဖြစ်ခဲ့ပါပြီ။ ဒါပေမဲ့ Website ကတော့ သူ ကွယ်လွန်ပြီးနောက် ပျောက်ကွယ်ခဲ့ရပါတယ်။ အများအကျိုးကို ဆောင်ရွက်လိုသူ၊ မူးယစ်ဆေးဝါး၊ အရက်၊ ဆေးလိပ်၊ ကွမ်း၊ မိန်းမအပျော်အပါး၊ လောင်းကစား ကင်းစင်သူ၊ ဘာသာတရားကိုင်းရှိုင်းသူ၊ သူလို သူတော်ကောင်း၊ သူငယ်ချင်းကောင်းတစ်ယောက် ဆုံးရှုံးရတာဟာ ကျွန်တော့်အတွက်တော့ သွေးရင်းသားရင်းထဲက ညီတစ်ယောက် ဆုံးရှုံးခဲ့ရသလိုပါပဲ။ အခုအချိန်မှာ အပြောင်းအလဲရဲ့ ပထမခြေလှမ်းဖြစ်တဲ့ ရွေးကောက်ပွဲမှာ ပြတ်ပြတ်သားသား အနိုင်ရရှိမှုကို သူရှိနေဦးမယ်ဆိုရင် ဘယ်လောက်များ ၀မ်းသာပီတီ ဖြစ်လိုက်မလဲလို့ တွေးနေမိတယ်။

ဒီနေ့ဟာ ကိုဉာဏ် ကွယ်လွန်ခဲ့တာ လေးလတိတိ ပြည့်တဲ့နေ့ ဖြစ်ပါတယ်။ ဉာဏ်လှိုင်းအဖွဲ့အနေနဲ့ ကိုဉာဏ်ကို ရည်စူးပြီး ကာတွန်းဆရာများရဲ့ ရေဘေးကယ်ဆယ်ရေးမှာ လှူဒါန်းခဲ့ခြင်း၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှာ လှူဒါန်းခဲ့ခြင်းများကို ကိုဉာဏ်ရောက်လေရာဘ၀က သာဓုခေါ်နိုင်အောင် အမျှပေးဝေပါတယ်။ အမျှရပြီး သာဓုခေါ်နိုင်ပါစေ။ ကိုဉာဏ် ကောင်းမွန်ရာဘုံဘ၀ကနေ သံသရာစက်ဝိုင်းထဲ ကျင်လည်နေရခြင်းကို အဆုံးသတ်နိုင်ပါစေ။

သုသိလှိုင်
— with ဉာဏ်လင်းသိန်း.

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။