Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, November 18, 2015

Friday 13 နဲ့ Rocker ညီအစ်ကိုနှစ်ယောက်


လေးဖြူနဲ့အငဲ တို့က ညီအစ်ကိုတွေဖြစ်ပေမယ့် သူတို့နှစ်ယောက်တည်းသီးသန့် ဆိုထားတဲ့ စီးရီးမရှိသေးသလို သူတို့နှစ်ယောက်တည်း သီးသန့်ဆိုတဲ့ပွဲလဲမရှိသေးပါဘူး။ ညီအစ်ကိုနှစ်ယောက်တည်းသီးသန့် ဖျော်ဖြေတဲ့ပွဲအဖြစ် ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၁၃ ရက် သောကြာ ည ၈ နာရီခွဲက ရန်ကုန်မြို့ ရှင်စောပုလမ်းရှိ Myanmar Event Park မှာပြုလုပ်ခဲ့ပါတယ်။ သီချင်းဟောင်းတွေနဲ့ တကယ့်ကိုနားထောင်ကောင်း၊ ပျော်စရာလဲကောင်းတဲ့ ပွဲတစ်ပွဲပါ။

ဒီပွဲကလဲ မိနစ် ၉၀ ဖျာ်ဖြေတဲ့ပွဲတွေထဲက တစ်ပွဲပါ။  ည ၈ နာရီခွဲ စမယ်လို့ ကြေငြာထားတဲ့အတိုင်း ၈ နာရီခွဲတာနဲ့စ တော့တာပါပဲ။ ပထမဆုံးအဖွင့်သီချင်းကတော့ သေခြင်းရဲ့တံခါးများ ဆိုတဲ့သီချင်းပါ။ မြူးတဲ့သီချင်းလဲဖြစ်သလို လေးဖြူပရိသတ်တွေကြိုက်တဲ့ နှစ်သက်တဲ့သီချင်းဟောင်းတစ်ပုဒ် ဖြစ်တာကြောင့် ပွဲစစချင်းမှာပဲ ပရိသတ်တွေရဲ့ စိတ်ပေါ့ပါးစေပါတယ်။ လေးဖြူ ဆိုပြီးချိန်မှာတော့ အငဲအလှည့်ပေါ့။ လေးဖြူက အိပ်မက်ကဗျာ သီချင်းမဆိုခင်မှာ ပြောခဲ့တဲ့စကားလေးတစ်ခွန်းကို မှတ်မိလိုက်ပါတယ်။ ၂၀၁၅ ခုနှစ်က မက်ခဲ့တဲ့ အိပ်မက်တွေက ကဗျာတစ်ပုဒ်လိုပါပဲတဲ့။ တကယ့်ကိုလှပတဲ့စကားလေးတစ်ခွန်းလို့ထင်ပါတယ်။
လေးဖြူနဲ့အငဲတို့က တစ်လှည့်စီဖျော်ဖြေပေမယ့် ဟာမိုနီကိုလဲ တစ်ယောက်ဆိုရင်တစ်ယောက်ကလိုက်ပေးပြီး ဂစ်တာကိုလဲတီးပေးကြသေးတာပါ။ လေးဖြူက ညီအစ်ကိုနှစ်ယောက်တွဲပြီး စီးရီးရောပွဲရော လုပ်ချင်ပေမယ့် မလုပ်ဖြစ်ခဲ့သေးပဲ မိခင်ဆုံးပြီးသုံးလမှပဲ ဒီပွဲကိုလုပ်ဖြစ်ကြောင်း စင်ပေါ်ကနေဆိုပါသေးတယ်။ လေးဖြူနဲ့အငဲတို့က မိနစ် ၉၀ အတွင်းမှာ သီချင်း ၁၇ ပုဒ်ကို သီဆိုခဲ့ပြီး နောက်ဆုံးပိတ်သီချင်းဖြစ်တဲ့ စုန်းမ သီချင်းကိုတော့ နှစ်ယောက်အတူတူဆိုတာပါ။ ဒါကလဲ အမှတ်တရတစ်ခုလို့ ဆိုနိုင်ပါတယ်။ ဆိုသွားတဲ့သီချင်းတွေထဲမှာ လေးဖြူက နေခြည် သီချင်းကိုမဆိုခင် မန္တလေးက သူငယ်ချင်းအတွက် ဒီသီချင်းကိုဆိုပါမယ် ဆိုပြီးပြောပါသေးတယ်။
လေးဖြူနဲ့အငဲတို့ရဲ့ပွဲမှာ အသုံးမကျတဲ့နှင်းဆီ သီချင်းကို နားထောင်ရတဲ့အခါ တေးရေး ကေအေတီကို  သတိရမိသလို လိပ်ပြာ သီချင်းကို နားထောင်ရတဲ့အချိန်မှာ အယ်လ်ဖြူကို သတိရမိတာအမှန်ပါ။ လေးဖြူနဲ့အငဲတို့ရဲ့ မိနစ် ၉၀ ပွဲကိုကြည့်ပြီး သီချင်းတွေလိုက်ဆိုလိုက်ရတဲ့အချိန်မှာ လွန်ခဲ့တဲ့ ၅ နှစ်ကျော် ၁၀ နှစ်လောက်ကို လွမ်းမိသွားတာတော့ အမှန်ပါပဲ။ လာရောက်ကြည့်ရှု့တဲ့သူအချို့လဲ အဲဒီလိုမျိုး ခံစားမိလိမ့်မယ်လို့ ထင်ပါတယ်။ လေးဖြူနဲ့ အငဲတို့ရဲ့ ရော့ခ်ဂီတနှစ်သက်တဲ့ Iron Cross အဖွဲ့ဖျော်ဖြေပွဲကို နှစ်သက်တဲ့လူငယ်၊ လူကြီးတော်တော်များများလာရောက်အားပေးကြတာပါ။ ဒီပွဲကို လာအားပေးတဲ့ တစ်ချို့လူငယ်တွေက လေးဖြူနဲ့ အငဲတို့ရဲ့ ပွဲမှာဆိုသွားတဲ့သီချင်းတွေက အသစ်တွေများပါတယ် ဆိုတဲ့စကားသံကို ကြားလိုက်ရပါတယ်။ အဲဒီလိုကြားလိုက်ရတဲ့အခါမှာတော့ ကိုယ်တွေပဲ အသက်ကြီးသွားတာလား၊ သူတို့လေးတွေကပဲ အသက်ငယ်နေကြတာလား ဆိုတာတော့ မပြောတတ်ပါဘူး။
မိနစ် ၉၀ လုပ်တဲ့ ဖျော်ဖြေပွဲတွေ မြန်မာပြည်မှာ ပိုပြီးတွင်ကျယ်စေတဲ့ စိတ်ကူးတွေနဲ့ စတင်ခဲ့တဲ့ Iron Cross အဖွဲ့နဲ့ လေးဖြူ ၊ အငဲ၊ မျိုးကြီး၊ ၀ိုင်ဝိုင်း တို့ရဲ့ မိနစ် ၉၀ ဖျော်ဖြေပွဲတွေက ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလထိ လုပ်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလမှာ မျိုးကြီး ရဲ့ မိနစ် ၉၀ ဖျော်ဖြေပွဲကို ထပ်မံကြည့်ရှု့ရမှာဖြစ်ပြီး ၂၀၁၆ ခုနှစ် ဇန်န၀ါရီလမှာ ၀ိုင်းဝိုင်းရဲ့ မိနစ် ၉၀ ၊ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလမှာ လေးဖြူနဲ့ အငဲ တို့ ညီအစ်ကိုနှစ်ယောက်ရဲ့ မိနစ် ၉၀ ဖျော်ဖြေပွဲကို ထပ်မံကြည့်ရှု့ရမှာဖြစ်ပါတယ်။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။