ဒီမှာ မိငယ်
ငိုစရာရှိရင် ငါတယောက်တည်း
ကြိတ်ငိုတယ်....ရပါတယ်
ဖြစ်ပါတယ်......
ရီစရာ ရှိရင်
အတူတူ ရီရမယ့်
အဖေါ်မရှိဘူး....
ရီစရာလေး တွေ့ရင်
လိုက်ပြရမယ့် လူမရှိဘူး...မိငယ်
စကား မတူဘူး
အသွင်အပြင် မတူဘူး
အရောင်အဆင်း မတူဘူး
အရည်အချင်း မတူဘူး
အပြုံးတွေ မတူဘူး
ဆက်ဆံရေးတွေ မတူဘူး
ဓလေ့ မတူဘူး
ကုန်အောင်ပြောရင် အကုန်မတူဘူး
မိငယ်......
အရပ်လေးမျက်နှာပဲ ကြည့်ကြည့်
အရပ်ရှစ်မျက်နှာပဲ ကြည့်ကြည့်
ကြိုက်တဲ့ နေရာကြည့်
ဒီပတ်ဝန်းကျင်မှာ
ဒီအရာတွေပဲ ရှိတယ်
ဒီမှာ မိငယ်...
တခါခါ...မွန်းကြပ်လွန်းပါတယ်...
ဒီမှာ မိငယ်......
လင်းတန်းချို (မင်းတပ်)
ငိုစရာရှိရင် ငါတယောက်တည်း
ကြိတ်ငိုတယ်....ရပါတယ်
ဖြစ်ပါတယ်......
ရီစရာ ရှိရင်
အတူတူ ရီရမယ့်
အဖေါ်မရှိဘူး....
ရီစရာလေး တွေ့ရင်
လိုက်ပြရမယ့် လူမရှိဘူး...မိငယ်
စကား မတူဘူး
အသွင်အပြင် မတူဘူး
အရောင်အဆင်း မတူဘူး
အရည်အချင်း မတူဘူး
အပြုံးတွေ မတူဘူး
ဆက်ဆံရေးတွေ မတူဘူး
ဓလေ့ မတူဘူး
ကုန်အောင်ပြောရင် အကုန်မတူဘူး
မိငယ်......
အရပ်လေးမျက်နှာပဲ ကြည့်ကြည့်
အရပ်ရှစ်မျက်နှာပဲ ကြည့်ကြည့်
ကြိုက်တဲ့ နေရာကြည့်
ဒီပတ်ဝန်းကျင်မှာ
ဒီအရာတွေပဲ ရှိတယ်
ဒီမှာ မိငယ်...
တခါခါ...မွန်းကြပ်လွန်းပါတယ
ဒီမှာ မိငယ်......
လင်းတန်းချို (မင်းတပ်)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။