နေမျိုး 》》》 " သူငယ်ချင်းဆိုတာ "
တစ်မျက်နှာဝတ္ထုတို
သူ့အမေဟာ ကြက်ဥတွေရောင်းတဲ့ မိန်းမကြီးဖြစ်တယ်။ သူတို့မိသားစုက ကြက်ဥတွေအကောင်ဖောက်တဲ့စက်ြ ကီးထဲက
တစ်ပတ်တစ်ပတ်ကို အကောင်မပေါက်တဲ့ကြက်ဥတွေ စွန့်ပစ်တဲ့အခါ သူ့အမေက
ကောက်ယူပြီး ဈေးတွေထဲ လှည့်လည်ရောင်းတယ်။ ကြက်ဥတွေကို ရေစင်စင်ဆေး
သန့်စင်ပြီး တောင်းတစ်လုံးပေါ် လင်ဗန်းတစ်ချပ်တင်၊ ကြက်ဥတွေထည့်ပြီး ဈေးထဲ
သွားသွားရောင်းတယ်။ သူ့အမေက ကြက်ဥပုပ်တွေ ရောင်းတာဆိုတော့
ဈေးတစ်ဈေးမှာ တစ်ရက်ထက် ပိုရောင်းလို့ မရပါဘူး။ ဒီနေ့ ဒီဈေးမှာ
ချရောင်းပြီးရင် နောက်တစ်နေ့ တခြားဈေးတစ်ဈေးမှာ ပြောင်းရွှေ့ရောင်းရတယ်။
မေ့လောက်ပြီဆိုမှ ဒီဈေးကို တစ်ခါ ပြန်လာရောင်းတယ်။
ကျောင်းပိတ်တဲ့တစ်ရက်မှာ သူ့အမေက သူတို့မူလတန်းကျောင်းကလေးရဲ့ အနီးက
ဈေးကလေးမှာ လာရောင်းတယ်။ တောင်းကလေးချ၊ လင်ဗန်းကို တင်၊ လင်ဗန်းထဲမှာ
ကြက်ဥတွေနဲ့။ ကျောင်းပိတ်ရက်မို့ သူက သူ့အမေနဲ့ လိုက်ပါလာတယ်။ အဲဒီနေ့က
ဈေးကို သူ့သူငယ်ချင်းကောင်မလေးနဲ့ မိခင် ဈေးလာဝယ်တယ်။ သူနဲ့ သူ့အမေ
ကြက်ဥရောင်းနေတာကို မြင်သွားတယ်။ သူက မဝယ်ပါစေနဲ့လို့ စိတ်ထဲမှာ
ဆုတောင်းနေမိတယ်။ ဒါပေမဲ့ သူ့သူငယ်ချင်းကောင်မလေးနဲ့ မိခင်က ကြက်ဥတွေ
ဝယ်သွားခဲ့တယ်။
နောက်တစ်နေ့ ကျောင်းပြန်ဖွင့်ပေါ့။ ကျောင်းမှာ သူနဲ့ ကောင်မလေး ပြန်တွေ့ကြတယ်။ ကောင်မလေးက သူ့ကို ပြောတယ်။
" နင်တို့အမေ ကြက်ဥတွေက သိပ်အရသာရှိတာပဲ " တဲ့။
သူငယ်ချင်းဆိုတာ။
သူ ငယ် ချင်း ဆို တာ။
#နေမျိုး
-ရုပ်ရှင်တေးကဗျာမဂ္ဂဇင်း
တစ်မျက်နှာဝတ္ထုတို
သူ့အမေဟာ ကြက်ဥတွေရောင်းတဲ့ မိန်းမကြီးဖြစ်တယ်။ သူတို့မိသားစုက ကြက်ဥတွေအကောင်ဖောက်တဲ့စက်ြ
ကျောင်းပိတ်တဲ့တစ်ရက်မှာ သူ့အမေက သူတို့မူလတန်းကျောင်းကလေးရဲ
နောက်တစ်နေ့ ကျောင်းပြန်ဖွင့်ပေါ့။ ကျောင်းမှာ သူနဲ့ ကောင်မလေး ပြန်တွေ့ကြတယ်။ ကောင်မလေးက သူ့ကို ပြောတယ်။
" နင်တို့အမေ ကြက်ဥတွေက သိပ်အရသာရှိတာပဲ " တဲ့။
သူငယ်ချင်းဆိုတာ။
သူ ငယ် ချင်း ဆို တာ။
#နေမျိုး
-ရုပ်ရှင်တေးကဗျာမဂ္ဂဇင်း

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။