ရေးသားသူ။.........။နှင်းစပ ယ်အောင်ကို
(မှတ်ချက်။ ။နှင်းစပယ်အောင်ကိုသည်
သူရဦးအောင်ကို၏သမီးဖြစ်ပါသ ည်။)
လက်နက်ကိုင် တော်လှန်နေကြတဲ့ တိုင်းရင်းသားတွေကျတော့ သူပုန် တဲ့
မြန်မာစစ်တပ်ကျတော့ တိုင်းပြည်ကို အသက်စွန့်ကာကွယ်နေတာတဲ့
ကျွန်မဖေဖေ ခေတ်ကတည်းက တလျှောက်လုံး ဒီလိုဝါဒဖြန့်လာခဲ့တာ
ယနေ့တိုင်. . .
ပြည်နယ်တွေဟာ လိုအပ်ရင်ဒီပြည်ထောင်စုတည်း က ခွဲထွက်ခွင့်ရှိတယ်
ဒီလို အခွင့်အရေး ပြည်နယ်တွေမှာ ရှိတယ်
ဒါကိုပဲ ပြည်ထောင်စုဖြိုခွဲသူ တို့ရန်သူဆိုပြီး သမိုင်းက နိုင်သူရေးစတမ်း
မှာ ပျောက်ကွယ်ခဲ့တာ အတော်ကြာပါပြီ ။
ဖယ်ဒရယ်လို့ ပြောလိုက်ရင် ပြည်ထောင်စုဖြိုခွဲမဲ့ အကြံလို့ ဝါဒဖြန့်ပြီးမှ
ကျည်ဆန်တွေဟာ သေနတ်ပြောင်းဝကထွက်ပြီး
သေနတ်ပြောင်းဝက အမိန့် ဆိုတာ
လူတစ်ယောက်ဆီက ထွက်နေခဲ့တာ
အဲ့ဒီလို လူတစ်ယောက်ရဲ့အထက်မှာ သံယံဇာတနဲ့ အင်အားကြီးတယုတ်
ရှိနေတာ ကျွန်မတို့ အားလုံးမမြင်နိုင်ခဲ့ကြဘူး ။
လက်နက်နဲ့ အမှန်တရားကို မရှာဖွေနိုင်သလို
ကျည်ဆံတွေက ငြိမ်းချမ်းရေး သစ်ပင်မစိုက်ပျိုးနိုင်ဘူး ဆိုတာ နှစ်ပေါင်း ၆၀
ကြာပြီးတဲ့အထိ တစ်ချို့တွေ ဘာလို့ မသိနိုင်သေးပါလိမ့် ။
ပြည်တွင်းစစ်ဆိုတာ
ဓားကို ဘယ်တစ်လက် ညာတစ်လက် ကိုင်ပြီး
တစ်ယောက်တည်း ရန်ဖြစ်နေရတာနဲ့ တူပါသည်
ဘယ်လက်ကပဲ ညာလက်ကို ခုတ်ခုတ်
ညာလက်ကပဲ ဘယ်လက်ကို ခုတ်ခုတ်
ပြတ်တာက ကိုယ့်လက်ပဲလေ ။
ကချင် စစ်သားပဲကျကျ ကရင်စစ်သားပဲ ကျကျ ရှမ်းစစ်သားပဲ ကျကျ
မြန်မာစစ်သားပဲ ကျကျ
ဘယ်သူ့ဘက်က ဘယ်လောက်ကျကျ
အားလုံးဟာ မြန်မာနိုင်ငံသား တိုင်းရင်းသား ညီအစ်ကို မောင်နှမတွေချည်းသာ
ဖြစ်ပါတယ်
အကုန်လုံး အရှုံးတွေချည်း
အနိုင်ဟူသည်မရှိ ။
ရာဇဝင်မှာ
သာလွန်မင်းကြီးကို ဆီသည်မ ပြောခဲ့တဲ့ စကား
လူဆိုတာ ကျွမ်းကျင်ရာ လိမ္မာကြ သတဲ့
ဘုရင်က ဆင်စီးကျွမ်းပေမယ့်
ဆီဘူးတောင်းထဲ မဖိတ်အောင်မထည့်နိုင်ဘူး
ဒီတော့ ဘုရင်ကို ဆီရောင်းခိုင်းရင်
ကပေါက်တိကပေါက်ချာတွေဖြစ်ကု န်တော့မှာပဲ
သေနတ်ဆိုတာ မိုးပေါ်ထောင်ပစ်တာ မဟုတ်ပေမယ့်
တိုင်းတပါး နယ်ချဲ့ကျူးကျော်ရန်ကို မဖြိုခွင်းရပဲ
ပြည်ထောင်စုဖွား တိုင်းရင်းသားအချင်းချင်း စစ်ခင်နေကြတဲ့ ပွဲ မှာ
ကြားက မြေစာပင် အိုးမဲ့အိမ်မဲ့ ပြည်သူများ အပြစ်မဲ့ ကလေးများ
ဘယ်လောက်တောင်ရှိနေကြပြီလည်း ။
တရားမျှတ လွတ်လပ်ခြင်းနဲ့ မသွေ
တို့ပြည် တို့မြေ
ဆိုတဲ့ နိုင်ငံတော်သီချင်း ဆိုချိန်မှာ အိုးမဲ့ အိမ်မဲ့ စစ်ပြေးတိုင်းရင်းသား
များဘဝ စစ်ဒုက္ခခံစားနေရသော လူတွေဘဝ အကြောင်းတွေးမိတိုင်း
ဝမ်းနည်းစရာ ကောင်းတာမရှိ ။
.
Thurein Htun
(မှတ်ချက်။ ။နှင်းစပယ်အောင်ကိုသည်
သူရဦးအောင်ကို၏သမီးဖြစ်ပါသ
လက်နက်ကိုင် တော်လှန်နေကြတဲ့ တိုင်းရင်းသားတွေကျတော့ သူပုန် တဲ့
မြန်မာစစ်တပ်ကျတော့ တိုင်းပြည်ကို အသက်စွန့်ကာကွယ်နေတာတဲ့
ကျွန်မဖေဖေ ခေတ်ကတည်းက တလျှောက်လုံး ဒီလိုဝါဒဖြန့်လာခဲ့တာ
ယနေ့တိုင်. . .
ပြည်နယ်တွေဟာ လိုအပ်ရင်ဒီပြည်ထောင်စုတည်း
ဒီလို အခွင့်အရေး ပြည်နယ်တွေမှာ ရှိတယ်
ဒါကိုပဲ ပြည်ထောင်စုဖြိုခွဲသူ တို့ရန်သူဆိုပြီး သမိုင်းက နိုင်သူရေးစတမ်း
မှာ ပျောက်ကွယ်ခဲ့တာ အတော်ကြာပါပြီ ။
ဖယ်ဒရယ်လို့ ပြောလိုက်ရင် ပြည်ထောင်စုဖြိုခွဲမဲ့ အကြံလို့ ဝါဒဖြန့်ပြီးမှ
ကျည်ဆန်တွေဟာ သေနတ်ပြောင်းဝကထွက်ပြီး
သေနတ်ပြောင်းဝက အမိန့် ဆိုတာ
လူတစ်ယောက်ဆီက ထွက်နေခဲ့တာ
အဲ့ဒီလို လူတစ်ယောက်ရဲ့အထက်မှာ သံယံဇာတနဲ့ အင်အားကြီးတယုတ်
ရှိနေတာ ကျွန်မတို့ အားလုံးမမြင်နိုင်ခဲ့ကြဘူး ။
လက်နက်နဲ့ အမှန်တရားကို မရှာဖွေနိုင်သလို
ကျည်ဆံတွေက ငြိမ်းချမ်းရေး သစ်ပင်မစိုက်ပျိုးနိုင်ဘူး ဆိုတာ နှစ်ပေါင်း ၆၀
ကြာပြီးတဲ့အထိ တစ်ချို့တွေ ဘာလို့ မသိနိုင်သေးပါလိမ့် ။
ပြည်တွင်းစစ်ဆိုတာ
ဓားကို ဘယ်တစ်လက် ညာတစ်လက် ကိုင်ပြီး
တစ်ယောက်တည်း ရန်ဖြစ်နေရတာနဲ့ တူပါသည်
ဘယ်လက်ကပဲ ညာလက်ကို ခုတ်ခုတ်
ညာလက်ကပဲ ဘယ်လက်ကို ခုတ်ခုတ်
ပြတ်တာက ကိုယ့်လက်ပဲလေ ။
ကချင် စစ်သားပဲကျကျ ကရင်စစ်သားပဲ ကျကျ ရှမ်းစစ်သားပဲ ကျကျ
မြန်မာစစ်သားပဲ ကျကျ
ဘယ်သူ့ဘက်က ဘယ်လောက်ကျကျ
အားလုံးဟာ မြန်မာနိုင်ငံသား တိုင်းရင်းသား ညီအစ်ကို မောင်နှမတွေချည်းသာ
ဖြစ်ပါတယ်
အကုန်လုံး အရှုံးတွေချည်း
အနိုင်ဟူသည်မရှိ ။
ရာဇဝင်မှာ
သာလွန်မင်းကြီးကို ဆီသည်မ ပြောခဲ့တဲ့ စကား
လူဆိုတာ ကျွမ်းကျင်ရာ လိမ္မာကြ သတဲ့
ဘုရင်က ဆင်စီးကျွမ်းပေမယ့်
ဆီဘူးတောင်းထဲ မဖိတ်အောင်မထည့်နိုင်ဘူး
ဒီတော့ ဘုရင်ကို ဆီရောင်းခိုင်းရင်
ကပေါက်တိကပေါက်ချာတွေဖြစ်ကု
သေနတ်ဆိုတာ မိုးပေါ်ထောင်ပစ်တာ မဟုတ်ပေမယ့်
တိုင်းတပါး နယ်ချဲ့ကျူးကျော်ရန်ကို မဖြိုခွင်းရပဲ
ပြည်ထောင်စုဖွား တိုင်းရင်းသားအချင်းချင်း စစ်ခင်နေကြတဲ့ ပွဲ မှာ
ကြားက မြေစာပင် အိုးမဲ့အိမ်မဲ့ ပြည်သူများ အပြစ်မဲ့ ကလေးများ
ဘယ်လောက်တောင်ရှိနေကြပြီလည်
တရားမျှတ လွတ်လပ်ခြင်းနဲ့ မသွေ
တို့ပြည် တို့မြေ
ဆိုတဲ့ နိုင်ငံတော်သီချင်း ဆိုချိန်မှာ အိုးမဲ့ အိမ်မဲ့ စစ်ပြေးတိုင်းရင်းသား
များဘဝ စစ်ဒုက္ခခံစားနေရသော လူတွေဘဝ အကြောင်းတွေးမိတိုင်း
ဝမ်းနည်းစရာ ကောင်းတာမရှိ ။
.
Thurein Htun
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။