Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, November 20, 2015

သဲနှင့် ဆားငန်ရေမှ အစာအဟာရဖြစ်ထွန်းအောင် လုပ်နိုင်သည့် အစ္စရေးနိုင်ငံ


သဲနှင့် ဆားငန်ရေမှ အစာအဟာရဖြစ်ထွန်းအောင် လုပ်နိုင်သည့် အစ္စရေးနိုင်ငံ
…………………………………………………………………

သဲနှင့် ဆားငန်ရေမှ အစာအဟာရဖြစ်ထွန်းအောင်လုပ်နိုင်သည်မှာ အစ္စရေးနိုင်ငံ ဖြစ်သည်။ သဲကန္တာရဆိုသည်မှာ စိုက်ပျိုးမြေ မဟုတ်သလို လူနေအပ်သော အရပ်လည်း မဟုတ်ပါ။
သို့သော် အစ္စရေးနိုင်ငံသည် ထိုကန္တာာရမြေပေါ်တွင် လူသန်းပေါင်းများစွာ စည်ကား သိုက်မြိုက်စွာ နေထိုင်လျက်ရှိပြီး လယ်ဧကပေါင်းများစွာ ထွန်ယက်စိုက်ပျိုးနေကြပါသည်

အစ္စရေးနိုင်ငံသည် သဲကန္တာရ စိုက်ပျိုးရေးနည်းသစ်ကို တီထွင်ပြီး သီးနှံစိုက်ပျိုးပင်များကို ဆားငန်ရေ လောင်းကြပါသည်။ ထိုဆားငန်ရည်သည် ရေချိုထက် ဆားဓါတ် အဆ(၂ဝ) ပိုမို ပါဝင်သည်သာမက ကန္တာရမြေပေါ်တွင် ဆားငန်ရေလောင်း၍ စိုက်ပျိုးသီနှံဖြစ်ထွန်း အောင်မြင်ခြင်းမှာ မယုံနိုင်စရာပင် ဖြစ်ပါသည်။ သို့သော် အစ္စရေးနိုင်ငံတွင် ဆားငန်ရေဖြင့် စိုက်ပျိုးနိုင်ပါသည်။

အစ္စရေးနိုင်ငံတွင် လယ်သမားများ၊ စိုက်ပျိုးရေးသမားများ၊ တစ်နှစ် (၃)သီး စိုက်ပျိုးကြပြီး ဖရဲ၊ အာလူး၊ ခရမ်း၊ ငရုတ်၊ စွန်ပလွန်၊ ဘူးသီးနွယ်နှင့် ထောပတ်သီးများသာမက အခြားသစ်သီးဝလံများ ဥရောပဈေးကွက်သို့ တင်ပို့ရောင်းချကြပါသည်။ တစ်ဧကလျှင် အသီးအနှံ တန်(၆ဝ)မျှ ထွက်ရှိပါသည်။ အမေရိကန်သည် အစ္စရေးသဲကန္တာရမြေ၏ စိုက်ပျိုးသီးနှံ ဖြစ်ထွန်းအောင်မြင်မှုကို အားရသဘောကျ၍ လိုက်လုပ်ကြည့်သော်လည်း မအောင်မြင်ပါ။

အစ္စရေးနိုင်ငံတွင် မက်မုံသီး၊ ဆီးသီး၊ တရုတ်ဆီးသီး၊ နတ်သြဇာ၊ ချယ်ရီသီး အစရှိသည့် ရာသီသီးနှံများ ဖြစ်ထွန်းအောင်မြင်ပြီး ဥရောပဈေးကွက်သို့ လက်မလည်အောင် တင်ပို့လျက်ရှိပါသည်။ ဂျာမဏီ၊ အင်္ဂလန်၊ ပြင်သစ်နှင့် ဟောလန်တိုင်းပြည်များကဲ့သို့ ပန်းပေါသော တိုင်းပြည်များသို့လည်း အစ္စရေးပန်းများ ဈေးကွက်ဖောက်ဝင်ပြီး အောင်မြင်လျက်ရှိပါသည်။ အစ္စရေးနိုင်ငံသည် ဟင်းသီးဟင်းရွက် သစ်သီးဝလံတို့ကို ထုတ်လုပ်နိုင်သည်သာမက လယ်သမားများမှာ တနှစ်လျှင် သီးထပ်(၇)ထပ်မြောက် မျိုးစေ့ကြဲနိုင်သည်အထိ ဖြစ်သည်မှာ ကမ္ဘာက အံ့ဩအတုယူစရာပင် ဖြစ်ပါသည်။

အစာရေစာရှားပါးသည်ကိုအစ္စရေးနိုင်ငံက အံ့ဩဖွယ်ရာ ဖြေရှင်းသည့် နည်းလမ်းများအနက် ထင်ရှားကျော်ကြားသော နည်းလမ်းများမှာ

(၁) Drip irrigation - စိုက်ပျိုးရေးလုပ်ငန်းများတွင် ရေဆုံးရှုံးမှုလျော့နည်းလာ
စေရန်အတွက် စနစ်တကျတွက်ချက်၍ အစက်ချရေပေးနည်းစနစ် အသုံးပြုခြင်းကို
ဆန်းသစ်တီထွင်ပြီး လုပ်ဆောင်ခဲ့သည့် အစ္စရေးနိုင်ငံ၏ စိုက်ပျိုးနည်းပညာပင် ဖြစ်ပါသည်။
အစ္စရေးနိုင်ငံ၏ စိုက်ပျိုးနည်းပညာအောင်မြင်မှုသည် ကမ္ဘာအနှံ လျင်မြန်စွာ ပြန့်နှံ့သွားပြီး
ထင်ရှားသည့်သာဓကမှာ အာဖရိကား၏ စိုက်ပျိုးအောင်မြင်မှူနှုန်း အင်မတန်နည်းပါး
သည့် ဒေသတွင်းရှိ တောင်သူလယ်သမားများ၏ တနှစ်တွင် သုံးကြိမ် သီးထပ်စိုက်ပျိုးနိုင်ခဲ့ခြင်းက ထင်ရှားစွာ သက်သေထူလျက် ရှိပါသည်။

(၂) Grain cocoons - ရိတ်သိမ်းပြီးသား စပါး၊ပြောင်း အစရှိသည်တို့ကို မှိုတက်ခြင်း၊
ပိုးမွားကြောင့် ပျက်စီးခြင်းမှ ကာကွယ်ဖို့ရန် သိုလှောင်မှု နည်းလမ်းသစ်ကို တီထွင်ခဲ့ခြင်းဖြစ်ပြီး သိုလှောင်မှု ကုန်ကျစရိတ် သက်သာခြင်းကြောင့် အာရှနိုင်ငံများတွင်သာမက အာဖရိက အစရှိသည့် လယ်ယာစိုက်ပျိုးမှု ပြုလုပ်သည့် နိုင်ငံများတွင် တောင်သူလယ်သမားများအတွက်လွယ်ကူသက်သာစွာ သုံးဆွဲနိုင်ခြင်းကြောင့် အင်မတန် အကျိုးရှိလှသော နည်းလမ်းပင် ဖြစ်ပါသည်။

(၃) Biological pest control - သဘာဝနည်းလမ်းဖြင့် အသီးအနှံများ ပိုးမွားကျရောက်ခြင်းမှ ကာကွယ်သည့် နည်းလမ်းဖြစ်ပြီး ယခုအခါတွင် Bio-Bee ကုမ္ပဏီသည် ဂျပန်မှစ၍ ချီလီ အစရှိသည့် နိုင်ငံပေါင်း(၃၂)နိုင်ငံထိ လူသားအကျိုးပြုပိုးမွားများ၊ ပျားပုတုန်းများကို ဖြန့်ဝေပြီးဖြစ်ပါသည်။
ထင်ရှားသည့် သာဓကမှာ ကယ်လီဖိုးနီးယားမှ စတော်ဘယ်ရီသီးများ၏ ပိုးမွားကျရောက်ခြင်းကို တန်ပြန်လူသား အကျိုးပြုပိုးမွားများဖြင့် သစ်ပင်သီးနှံများကို ဆိုးကျိုးဖြစ်စေသည့် ပိုးမွားများ၏ ရန်ကိုကာကွယ်ပေးခြင်း ဖြစ်ပါသည်။ ထိုနည်းလမ်းကြောင့် အစ္စရေးနိုင်ငံတွင်း ငရုပ်ချိုစိုက်ပျိုးသည့် သူများ၏ ပိုးမွားရန်မှ ကာကွယ်ရန် ဓာတုဗေဒပစ္စည်းများ ထုတ်လုပ်ထားသည့် ပိုးသတ်ဆေးများ အသုံးပြူခြင်း ၇၅%ခန့် လျော့ချနိုင်ခဲ့ပါသည်။

(၄) Dairy farming - မွေးမြူရေးလုပ်ငန်းနှင့် နိုထွက်ပစ္စည်းအထွက်နှုန်းကောင်းအောင် လုပ်ဆောင်ခြင်း နည်းလမ်းဖြစ်ပြီး ယခုအခါတွင် SAE Afikim ကုမ္ပဏီသည် ကမ္ဘာပေါ်၌ အကြီးဆုံးလို့ ခေါ်ဆိုနိုင်သည့် နွားကောင်ရေပေါင်း သုံးသောင်းကို ခေတ်မှီကွန်ပြူတာနှင့် မွေးမြူရေးနည်းလမ်းများသုံးပြီး မွေးမြူနိုင်ဖို့အတွက် ဗီယက်နမ်မှာ လုပ်ဆောင်နေပြီ ဖြစ်ပါသည်။ ထိုလုပ်ဆောင်မှုသည် ဗီယက်နမ်နိုင်ငံတွင်းရှိသည့် မွေးမြှူရေးလုပ်ငန်းကို အထောက်အကူဖြစ်စေပြီး နို့ထွက်ပစ္စည်းအထွက်နှုန်းလည်း မြင့်တက်လာစေရန်အတွက် ဖြစ်ပါသည်။ တရုပ်နိုင်ငံမှလည်း မွေးမြှူရေးဆိုင်ရာလုပ်ငန်း အထွက်တိုးအောင် အစ္စရေးသို့ ပညာတော်သင်များစွာကို စေလွှတ်ပြီးဖြစ်ပါသည်။

(၅) Fishing in the desert - သဲကန္တာရတွင် ငါးမွေးမြူခြင်း နည်းလမ်းဖြစ်ပါသည်။ ငါးမွေးမြူရာတွင် ပြင်ပ၌မွေးမြူလျင် ရောဂါကျရောက်ခြင်း၊ ရာသီဥတုဖောက်ပြန်မှုကြောင့် သဘာဝဘေးကြုံရခြင်း အစရှိသည်တို့ ကြုံတွေ့နိုင်ပြီး တီထွင်ဆန်းသစ်သော နည်းလမ်းဖြင့် ယခုအခါတွင် တိုက်များအတွင်းထဲ၌ မွေးမြူခြင်းသာမက မည်သည့်နေရာမဆို ငါးမွေးမြူနိုင်သည့် GFA (Grow Fish Anywhere) Advanced Systems ကို အသုံးပြုပြီး မွေးမြှုမှူနည်းလမ်းပင် ဖြစ်ပါသည်။

(၆) Squeezing every drop of water from the air - လေထုထဲမှ ရေညစ်ထုတ်ကာ အပင်စိုက်ခြင်းနည်းလမ်း ဖြစ်ပါသည်။ ရှေးခေတ်ကာလများတွင် ရေကို ကျောက်တုန်းများက ရယူအသုံးပြုသည့် နည်းလမ်းကို အစ္စရေးလူမျိုးတို့ အသုံးပြုခဲ့သော်လည်း ယခုအခါတွင် သာ၍ တိုးတက်သော နည်းလမ်းသစ်များဖြင့် မိုးခေါင်ရေရှားပါး ဒေသများတွင် လေထုထဲမှ ရေကို ရအောင်ထုတ်ယူသည့် နည်းလမ်းကို အသုံးပြုခြင်း ဖြစ်ပါသည်။ Tal-Ya tray ဟု အမည်တွင်ပြီး စိုက်ပျိုးရေးအတွက် ပြန်လည် သုံးစွဲနိုင်သည့် ပလတ်စတစ် ရေခံခွက်လေးများ ဖြစ်ပါသည်။

(၇) Growing potatoes with saltwater - ဆားငန်ရေဖြင့် အာလူးစိုက်ပျိုးခြင်း နည်းလမ်းဖြစ်ပါသည်။ အရှေ့အလယ်ပိုင်းကဲ့သို့ ပူပြင်းသောဒေသများတွင် စိုက်ပျိုးရန် မဖြစ်ထွန်းနိုင်သည့် အာလူးစိုက်ခြင်းကို နှစ်ပေါင်(၃ဝ)တိတိ လေ့လာပြီး ယခုအခါတွင် ရေရှားပါးရာဒေသတွင်ပင် ဆားငန်ရေဖြင့် အာလူးစိုက်ပျိုးခြင်းလုပ်ငန်းကို လုပ်ဆောင်နိုင်ရန် တီထွင်သော နည်းလမ်းဖြစ်ပါသည်။ ယခုအခါ ရေရှားပါးသည့်ဒေသများ၊ ခြောက်သွေ့သော အပူပိုင်းဒေသများတွင်ပါ အာလူးကို စီးပွားဖြစ် စိုက်ပျိုးနိုင်ကြပြီ ဖြစ်ပါသည်။

မှတ်ချက်။….အစ္စရေးနိုင်ငံသည် စိုက်ပျိုးနည်းပညာ မြင့်မားသော နိုင်ငံဖြစ်ပြီး စိုက်ပျိုးမွေးမြူရေးဆိုင်ရာ နည်းလမ်းများကို ထိုနိုင်ငံမှ စနစ်တကျ သင်ယူနိုင်ပါက မြန်မာနိုင်ငံအတွက် အင်မတန် အကျိုးရှိနိုင်မည်ဖြစ်ပြီး အစာရေစာခေါင်းပါးမှုကို ဖြေရှင်းနိုင်ပါစေရန်အတွက် ရည်ရွယ်ပြီး ဝေမျခြင်းဖြစ်ပါသည်။)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။