Yangon Media Group added 2 new photos.
@@@@@@@@@@@@@
လွင်ပြင်-ပေးပို့သည်။
သူက လှိုင်မြို့နယ် ရွှေင်္ဟသာလမ်းပေါ်က ရွှေဟင်္သာဈေးထဲမှာ ဆိုင်ဖွင့်ထားတဲ့သူပါ။ အသက် ၄၁နှစ်အရွယ်ရှိပါပြီ။ ၀ါသနာနဲ့ အခွင့်အရေးနဲ့ တိုက်ဆိုင်သွားလို့ အထူးရဲဖြစ်သွားတာလို့ သူက ပြောပါတယ်။
အခုလိုသမိုင်းဝင်တဲ့ ရွေးကောက်ပွဲနေ့မှာ တာဝန်ထမ်းဆောင်ဖို့အတွက်
သူတို့ကို ပေးအပ်ခဲ့တဲ့ သင်ခန်းစာတွေ၊ လေ့ကျင့်မှုတွေက ရက်တိုအတွင်းမှာ
တော်တော်ကြိုးကုတ်ခဲ့ရတယ်လို့ ဆိုပါတယ်။ မနက် ၇နာရီကနေ ညနေ ၆နာရီခွဲအထိ
မရပ်မနားပဲ။ မနက်ပိုင်းမှာ စစ်ရေးကျင့်ရတယ်။ ထမင်းစားပြီးချိန်မှာ
စာသင်ရတယ်။ ညနေ၄နာရီနောက်ပိုင်းမှာ ခန္ဒာကိုယ်ကြံ့ခိုင်ရေး လေ့ကျင့်ရတယ်လို့
သူက ဆိုပါတယ်။
သူတို့အထူးရဲတွေ အဓိကရှောင်ကျင်ရမှာက ဘယ်မဲဆန္ဒရှင်ပြည်သူကိုမှ သွားရောက်စကားပြောခွင့်မရှိပါဘူးတဲ့။ ဒါကြောင့် မဲပေးတဲ့ ပြည်သူတွေကို အဝေးကနေသာ စောင့်ရှောက်ပေးနေရတယ်လို့ ဆိုပါတယ်။
"မှတ်တိုင်တစ်ခုတော့ ဖြစ်သွားတာပေါ့။ ကျနော့ကလေးတွေကို ကျနော်ပြန်ပြောပြနိုင်မယ်။ ဒီအတွက်လည်း ဂုဏ်ယူပါတယ်"လို့ ၄င်းက ဆိုပါတယ်။
မင်းတို့ကြောင့် ပြည်သူတွေ အနှောက်အယှက်မဖြစ်စေနဲ့"ဆိုတဲ့ သင်တန်းထဲက စကားသံကို သူ့အနေနဲ့ အထူးသတိယနေမိတယ်လို့လည်း သူက ပြောပါတယ်။
ရပ်ကွက်က ယုံကြည်လို့၊ မြို့နယ်က ယုံကြည်လို့၊ အဆင့်ဆင့်ရွေးချယ်ပြီး အခုလိုအထူးရဲတာဝန်ကို ခံအပ်ခြင်းခံရတာပါ။ ကျနော် အတက်နိုင်ဆုံး စိတ်ရှည်သည်းခံပြီး ထမ်းဆောင်သွားမယ်လို့ ဆုံးဖြတ်ထားတဲ့ အကြောင်း ပြောပါတယ်။
(သူဟာ ယနေ့နိုဝင်ဘာ ၈ရက်မှာ ပြုလုပ်တဲ့ ရွေးကောက်ပွဲအတွက် လှိုင်မြို့နယ်မဲဆန္ဒနယ်၊ ၁၁ရပ်ကွက်ရဲ့ မဲရုံ ၂မှာ တာဝန်ကျနေသူပါ။ သူ့ရဲ့ တောင်းပန်မှုကြောင့် နာမည်ထုတ်မသုံးခြင်းဖြစ်ပါတယ်)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။