အမေရိကန်သည် 'လွတ်လပ်မြေ'ဟု ကင်ပွန်းတပ် ခံနေရသော်လည်း လန်ဒန် အခြေစိုက် Legatum Institute ၏ စာရင်းအရမူ အမေရိကန်ထက် ပိုလွတ်လပ်သော နိုင်ငံတွေ ပေါ်လာပြီ။
Legatum Institute သည် ကမ္ဘာ့နိုင်ငံပေါင်း (၁၄၂) နိုင်ငံမှ ပြည်သူများ၏ လွတ်လပ်မှု အဆင့်အတန်းကို အဆင့် သတ်မှတ် ထုတ်ပြန်လိုက်သည်။ ထိုစာရင်းအရ ကနေဒါသည် ကမ္ဘာပေါ်တွင် နိုင်ငံသားများ လွတ်လပ်မှုအရသာ အခံစားရဆုံး နိုင်ငံဟု သိရသည်။
ကနေဒါ နိုင်ငံသားများသည် လွတ်လပ်မှု အရသာကို အပြည့်ဝဆုံး ခံစားခွင့်ရသူများ ဖြစ်သလို၊ ကနေဒါ နိုင်ငံသား (၉၂) ရာခိုင်နှုန်း ထိသည်လည်း ပြည်ပမှ ခိုလှုံသူများကို လိုလိုလားလား လက်ခံလိုသည့် ပွင့်လင်းသော စိတ်ရှိကြကြောင်း Legatum Institute စစ်တမ်းက ဖော်ပြသည်။
ကနေဒါနိုင်ငံသား (၉၄) ရာခိုင်နှုန်း ထိသည်လည်း ကိုယ့်ဘ၀လမ်းကြောင်း ကိုယ့်စိတ်ကြိုက် ရွေးချယ် လျှောက်လှမ်းခွင့်ရှိသော အနေအထားမျိုး ပိုင်ဆိုင်ထားသည်ဟု ယုံကြည်ကြသည်။
အမေရိကန်သည်ကား အဆင့် (၁၅) သာရရှိသည်။ ကော်စတာရီကာ၊ နယ်သာလန် တို့ထက်ပင် နောက်ရောက်နေချေသေးသည်။
နိုင်ငံသားများ ချမ်းသာကြွယ်ဝဆုံး နိုင်ငံအဖြစ်ကား နော်ဝေက Legatum Institute စာရင်းတွင် ခုနစ်နှစ်ဆက်တိုက် ထိပ်ဆုံး ရပ်တည်ကြောင်းလည်း တွေ့ရသည်။
နိုင်ငံသားများ လွတ်လပ်မှု အရသာ အခံစားရဆုံး ထိပ်ဆုံး(၁၀)နိုင်ငံ
၁။ ကနေဒါ
၂။ နယူးဇီလန်
၃။ နော်ဝေ
၎။ လူဇင်ဘတ်
၅။ အိုက်စလန်
၆။ အိုင်ယာလန်
၇။ ဆွီဒင်
၈။ ဒိန်းမတ်
၉။ ၾသစေၾတးလ်
၁၀။ ဥရုဂွေး
ဖိုးသူတော် (www.phothutaw.com)
Credit:ThitHtooLwin
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။