ဘူတန်နိုင်ငံသားများ အိပ်ရေးအဝဆုံး၊ အပျော်ရွှင်ဆုံး
========================== ==
ဘူတန်နိုင်ငံသား များသည် လွန်ခဲ့သော ငါးနှစ်ကနဲ့စာလျှင် အိပ်ရေးဝ၀ ပိုအိပ်စက်ကြ ရသလို၊ ပိုလည်း ပျော်ရွှင်လာ ကြကြောင်း ဟိမဝန္တာ တောင်တန်းများပေါ်မှ ဘူတန်နိုင်ငံ ဝန်ကြီးချုပ် လွန်ချိုယန် ရှာရင်း တော့ဂေးက ထုတ်ပြန် ပြောကြားသည်။ ဘူတန်သည် နိုင်ငံသားများ ပျော်ရွှင်နှုန်းအပြင် အိပ်ရေးဝခြင်း ရှိမရှိကို ပုံပုံမှန် စစ်တမ်းကောက် လျက်ရှိသည်။
ဘူတန်သည် တရုတ်နှင့် အိန္ဒိယကြားတွင် တည်ရှိပြီး ဗုဒ္ဒဘာသာဝင် အများစု နေထိုင်သည်။ နိုင်ငံသားများ ပျော်ရွှင်မှု ညွှန်းကိန်း (Gross National Happiness) ကိုဘူတန်သည် ၂၀၁၀ ခုနှစ်တွင် စတင် အသုံးပြုခဲ့သည်။ တစ်ကမ္ဘာလုံး သုံးနေသော GDP သည် စီးပွားကိုသာတွက်ပြီး ပြည်သူများ ဘဝသာယာမှုကို ထည့်မတွက်သဖြင့် မပြည့်စုံသောကြောင့် GNH ကိုဖန်တီးရခြင်း ဖြစ်သည်ဟု ဘူတန်က ကြေညာသည်။
GNH သည် ပြည်သူတစ်ဦးချင်း အပန်းဖြေချိန် ရရှိနှုန်းမှသည်
နိုင်ငံ၌ သစ်ပင်သစ်တော လျော့ခြင်း တိုးခြင်းကြောင့် ပြည်သူများ၏ စိတ်ခံစားမှုအပေါ် သက်ရောက်နှုန်းမျိုးကိုပါ တိုင်းတာစစ်တမ်း
ကောက်သည်။ ပြည်သူများတွင် ဖြစ်သည့် ဒေါသစိတ်၊ မနာလိုစိတ် များကိုလည်း အကဲဖြတ် စစ်တမ်း ကောက်သည်။
ဘူတန်သည် ၂၀၁၀ ခုနှစ်တုန်းက တစ်နိုင်ငံလုံး GNH ညွှန်း
ကိန်း (ဝ ဒသမ ၇၄၃) ရှိခဲ့ရာမှ ၂၀၁၅ ခုနှစ်တွင် (ဝ ဒသမ ၇၅၆) ရှိလာသည်။ လက်ရှိတွင် နှစ်နှစ်ကာကာ ပျော်ရွှင်ကျေနပ်သည်ဟု
ဆိုသော ဘူတန်နိုင်ငံသား (၄၃ ဒသမ ၄) ရာခိုင်နှုန်းထိ ရှိနေပြီးဘူ
တန် အုပ်ချုပ်သူတို့သည် နိုင်ငံသား (၁၀ဝ) ရာခိုင်နှုန်းလုံး နှစ်နှစ်
ကာကာ ပျော်ရွှင်လာအောင် ကြိုးပမ်းမည် ဟုဆိုထားသည်။ ၂၀၁၀ တုန်းကထက် ယခု ၂၀၁၅ တွင် အိပ်ရေးဝ၀ အိပ်ရသည့် ဘူတန်နိုင်
ငံသား ကလည်းခုနှစ် ရာခိုင်နှုန်း တိုးလာသည်။
၁၉၆၀ ဝန်းကျင် နှစ်ပိုင်းများအထိ ဟိမဝန္တာ တောင်တန်းများ
ပေါ်တွင် ငွေကြေးစနစ်မရှိ၊ တယ်လီဖုန်းမရှိ၊ စာသင်ကျောင်းမရှိ၊
ဆေးရုံမရှိ၊ ပြည်သူ့ဝန်ဆောင်မှု စနစ်မရှိဘဲ အထီးတည်း နေထိုင်ခဲ့
သော ဘူတန်သည် ယခုထိတိုင် ကမ္ဘာ့ အပျော်ရွှင်ဆုံး နိုင်ငံအဖြစ် ရပ်တည်နေဆဲ ဖြစ်သည်။ ကမ္ဘာ့ဘဏ်၏ ၂၀ဝ၆-၂၀၁၄ စာရင်းများ အရလည်း ဘူတန်သည် တောင်အာရှတစ်ခွင်တွင် အပျော်ရွှင်ဆုံးနိုင်ငံ အဖြစ် သတ်မှတ်ခံ ရသည်။
Messenger News Journal
#သုတဇုန်
www.thutazone.com
==========================

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။