Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, November 23, 2015

လက်ဖက်ရောင်းပြီး အနာဂတ်တည်ဆောက်နေသူ



”အမေ့ကို အပယ်တံခါးပိတ်သွားအောင် ကျွန်တော်တို့ ညီအစ်ကိုတွေ သင်္ကန်းစည်းချင်သေးတယ်”ဟု ဆိုလာသူကတော့ အသက် (၁၈) နှစ်အရွယ်ပဲ ရှိသေးတဲ့ လက်ဖက်ရောင်းသူလေး မောင်ရဲရင့်ပဲ ဖြစ်ပါသည်။ မောင်ရဲရင့်ဟာဆိုရင် အသက် (၉ နှစ်)အရွယ်ကတည်းက ကျောင်းတက်ရင်း ဘီယာဆိုင်တွေရှိရာဆီမှာ လက်ဖက်၊ ပြောင်းဖူး၊ မြေပဲ၊ ငါးနီတူစတဲ့ စားစရာများ ရောင်းချလာခဲ့ခြင်းဖြစ်ပြီး အခု (၁၈ နှစ်)ဆိုတော့ ဘ၀ရဲ့ တ၀က်တိတိ ဒီအလုပ်ပေါ်မှာ မှီတည်ရှင်သန်ခဲ့ရသူ ဖြစ်ပါသည်။


”ကျွန်တော် လက်ဖက်စရောင်းတုန်းက လခစားပါ။ အခုလို ကိုယ်ပိုင်ရောင်းတာ သုံးနှစ်လောက်ပဲ ရှိပါသေး တယ်” ဟု သမာအာဇီဝဖြင့် အသက်မွေးဝမ်းကျောင်းခွင့်ရခြင်းအား ဂုဏ်ယူစွာဖြင့် ပြောဆိုတတ်၏။ သူသည် စာသင်ရင်းဖြင့် လက်ဖက်ရောင်းခြင်း အလုပ်အကိုင် တပြိုင်နက်တည်းလုပ်လာခဲ့ရာမှ လွန်ခဲ့သည့် နှစ်နှစ်ခန့် ကိုးတန်းအရောက်တွင် ကျောင်းပညာရေးအား စွန့်လွှတ်ခဲ့ရသူ ဖြစ်သည်။

မောင်ရဲရင့်သည် မွေးချင်းမောင်နှမကိုးယောက်အနက် နို့ညှာဖြစ်ပြီး သူ၏အောက်တွင် ညီမငယ်တဦးသာရှိ၏။ မောင်ရဲရင့် အသက် နှစ်နှစ်ကျော်ခန့်တွင် မိခင်ဆုံးပါးသွားခဲ့ပြီး တမိသားစုလုံး အခက်အခဲများစွာဖြင့် ရုန်းကန် ခဲ့ရသည်ဟု ဆိုသည်။ ဇာတိ ပခုက္ကူမှနေ၍ မိသားစုလိုက် ရန်ကုန်သို့ ပြောင်းရွှေ့အလုပ်လုပ်ကိုင်ကြသူ များဖြစ်ပြီး အိမ်ငှားဖြင့် နေထိုင်ခဲ့ရသူ ဖြစ်၏။ ကျွန်တော် ကျောင်းတက်ရင်း ဈေးရောင်းတော့ လွယ်တော့ မလွယ်ဘူး။ ဖော့ကန်ကနေ ဆူးလေ-ပန်းဆိုးတန်းကိုလာရတာ ဘာပဲဖြစ်ဖြစ် အဲဒီတုန်းကတည်းက ကျွန်တော့် မိသားစုကို ကိုယ်ပိုင်အိမ်လေးနဲ့ထားချင်ခဲ့တာ”ဟု သူ၏ ကလေးဘ၀စိတ်ကူးအား ပြောပြခဲ့သည်။ စတင်ဈေး ရောင်းစဉ်က လခစား တလကျပ်တသောင်းခွဲဖြင့် စတင်ရောင်းချခဲ့ပြီး ပန်းဆိုးတန်း-ဆိပ်ကမ်းသာလမ်းစသည့် နေရာအနီးမှ ဘီယာဆိုင်များ တဆိုင်ဝင် တဆိုင်ထွက် ရောင်းချခဲ့ရသည်။

သူဖြတ်သန်းရသော ပတ်ဝန်းကျင်သည် သာမန်ဈေးသည်များ၏ ပတ်ဝန်းကျင်ကဲ့သို့မဟုတ်ဘဲ သောက်စား ထားသူများဖြစ်သောကြောင့် အခန့်မသင့်လျှင် အနိုင်ကျင့်ခြင်း၊ ရန်ရှာခြင်းများလည်း ကြုံတွေ့နိုင်သည်။

”အိမ်က အဆင်မပြေတော့ အားတင်းပြီး ရောင်းရတာပေါ့။ သောက်စား ထားတဲ့သူတွေက ပြဿနာ မရှာရင် တောင် ဘီယာဆိုင်တွေက သူတို့ဆိုင် ရှေ့လာရောင်းတာ မကြိုက်တော့ ခဏခဏ မောင်းထုတ်တာ ခံရတယ်” ဟု ကြုံတွေ့ရင်ဆိုင်ရသည့် အခက်အခဲအား ပြောပြသည်။ အမှန်တကယ်ပင် မည်သည့်စားသောက်ဆိုင်၊ ဘီယာဆိုင်မှ ပြင်ပ အစားအစာ ယူဆောင်ခြင်းအား ခွင့်မပြု ကြောင်း တရားဝင် စာကပ်ကြေညာထားသည်ပင်မဟုတ်လော။ မည်သို့ပင်ဆိုစေ အိမ်၏ စီးပွားရေး မပြေ လည်မှု၊ အိမ်ပိုင်ဆိုင်လိုသည့် လူငယ်လေးတဦးက အခက်အခဲများအား အန်တုရင်း လက်ရှိသက်တမ်း တ၀က်အား ဈေးရောင်းရင်းဖြင့် ကျော်ဖြတ်ခဲ့သည်ဟု ဆိုပါသည်။ ဈေးရောင်းသူများထဲတွင် သူ၏အိမ်မှ ရဲရင့်အပါအ၀င် ကျန်အစ်ကို နှစ်ဦးပါ ရောင်းချသည်ဟု ဆိုသည်။ ”ကျွန်တော့် အစ်ကိုနှစ်ယောက်နဲ့ ကျွန်တော့်ရောင်းအားဆိုရင် ကျွန်တော်က ပိုပြီးရောင်းအားကောင်းတယ်’‘ ဟု အလုပ်အပေါ် ကြိုးစားမှုရလဒ်အား ပြောပြပါသည်။

အိမ်ငှားနေထိုင်ရာမှ နေအိမ်ပိုင်ဆိုင်လိုသည့်အတွက် ကြိုးစားရောင်းချရာမှ လွန်ခဲ့သည့် နှစ်အနည်းငယ်တွင် မြေတကွက် ၀ယ်ယူနိုင်ခဲ့ပြီး ကိုယ်ပိုင်အိမ်ဖြင့်နေနိုင်သည်အထိ ကြိုးစားမှုအသီးအပွင့်အား စတင် ခံစားလာခဲ့ ရသည်ဟု ဆိုသည်။ သို့သော်လည်း နေအိမ်တလုံးပိုင်ဆိုင်ခြင်းသည် သူ၏ အိပ်မက်အစစ်အမှန်မဟုတ်သေးဘဲ ဈေးရောင်းချသည့် ညီအစ်ကို သုံးဦးစလုံး ကိုယ်ပိုင်အိမ်တလုံးစီ ပိုင်ဆိုင်လိုသည်ဟု ဆိုသည်။ ”တရက်အမြတ်ငွေကို အမှန်အတိုင်းပြောရရင် ရောင်းအားလေးသောင်းကျော်၊ လေးသောင်းဝန်းကျင်ရရင် ကျွန်တော် ထက်ဝက်ကျော် မြတ်ပါတယ်”ဟု သူ၏၀င်ငွေအား ပြောပြသည်။ ယင်းကဲ့သို့ အမြတ်ငွေ ရရန် များစွာကြိုးစားခဲ့ရကြောင်း၊ ဘီယာဆိုင်မှ ၀န်ထမ်းများနှင့် အဆင်ပြေရန် များစွာအားထုတ်ခဲ့ပြီး မိမိဖောက်သည် များ၏ လိုအပ်ချက်များအား အစဉ်ဂရုပြု ဖြည့်ဆည်းပေးရသည်ဟုဆို၏။

”သူများတွေ ဖုန်းကိုယ်စီသုံးပြီး ဂိမ်းတွေ၊ ဘာတွေ ဆော့နေရင် ကျွန်တော်လည်း ဆော့ချင်တာပေါ့။ ဒါပေမဲ့ အဲလိုဆော့နေရင် ကိုယ့်ဖောက် သည်တွေ လိုအပ်ချက်တွေ လစ်ဟာသွားမှာစိုးလို့ ဈေးရောင်းတဲ့ဆီကို ဖုန်းမယူလာဘူး”ဟု အလုပ်အပေါ် အလေးအနက်ထားပုံကိုလည်း ပြောပြသည်။ မိမိရည်မှန်းချက် မပြည့်ဝသေး၍ ဈေးရောင်းခြင်းအား မည်သည့် ရက်မှ အနားမယူဘဲ နေ့စဉ် ကြိုးစားရောင်းချသည်ဟု ဆိုသည်။အင်းစိန်အောင်ဆန်းမှ မြို့ထဲသို့ ညနေသုံးနာရီထိုးရောက်အောင်လာပြီး ည ၁၀ နာရီဝန်းကျင်ရောက်မှ ပြန် ရလေ့ရှိသည်ဟုဆိုသည်။ ”ညဘက် လိုင်းကားမရှိလည်း အဆင်ပြေအောင် ပြန်တတ်ပါတယ်။ သိပ်ပြီး နောက်ကျလည်း မပူဘူး။ ပါလာတဲ့ ရောင်းကုန်အကုန်လုံးကုန်အောင်ရောင်းပြီးမှ ပြန်တယ်”ဟု ပြောသည်။

တခါတလေ သူတို့အပြန် ခရီးအတွက် လမ်းစရိတ်မကုန်အောင် ဘတ်စ်ကားသမားများအား ကူညီရန် စပယ်ယာ အလုပ်ဝင်လုပ်ပေးတတ်သည်ကို အကြိမ်ကြိမ်မြင်တွေ့ခဲ့ဖူးသည်။သူ၏အိပ်မက် အကောင်အထည်ဖော်ရာတွင် လတ်တလောအခြေအနေ၌ ကျပ်သိန်း ၈၀ တန် မြေတကွက်အား ၀ယ်ယူထားပြီး ကျပ်သိန်း ၆၀ ငွေချေထားသည်ဟု ပြောပြခဲ့သည်။ ”လောလောဆယ် စိတ်ပူနေတာက ကျန်တဲ့ သိန်း ၂၀ ငွေချေဖို့ပဲ။ စုကြေးကလည်း စုထားသေးတယ်။ ဒါကြောင့် အလုပ်ကို ပိုပြီးဂရုစိုက်ရောင်းနေတယ်”ဟု ပြောပါသည်။ လက်ရှိတွင် သူတို့ညီအစ်ကိုသုံးယောက်သာ တမိသားစုလုံးအား ရှာဖွေကျွေးမွေးနေပြီး သူ၏ ဖခင် နောက်အိမ်ထောင်ပြုထားသူကိုပင် အိမ်မှာ အတူတကွ နေစေသည်ဟု ဆိုသည်။

အနာဂတ်ရည်မှန်းချက်ရှိသည့် လူငယ်တဦး ဈေးရောင်းနေသည်ကို ကြည့်ရသည်မှာလည်း စိတ်ဝင်စား အားကျဖွယ်ဖြစ်သည်။ သူသည် အတန်းပညာအများကြီးမတတ်၊ လူမှုပေါင်းသင်းဆက်ဆံရေးကောင်းရန် မိတ္တဗလဋီကာမဖတ် မည်သည့်နာမည်ကြီးတက်ကျမ်းမှ မဖတ်ဖူးသော်လည်း ရှင်သန်ကျင်လည်ရာ ပတ်ဝန်း ကျင်နှင့် အဆင်ပြေလိုက်လျောညီထွေဖြစ်အောင် နေနိုင်စွမ်းရှိသည်။ သူ၏ဘ၀က သင်ကြားပေးလိုက်သော ပညာနှင့် ကိုယ်ပိုင်အရည်အသွေးပေါင်းစပ်ကာ အောင်မြင်အောင်ဆောင်ရွက်နေသည်။ သူ၏ရည်ရွယ်ချက် များအနက် ညီမငယ်ကို ဘွဲ့ရပညာတတ် တယောက်ဖြစ်ရန် ပံ့ပိုးပေးသွားမည်ဖြစ်ပြီး နွေဦးပေါက် တရက်တွင် သူ့မိခင် အပယ်တံခါးပိတ်ရန် သူတို့ညီအစ်ကိုမောင်နှမအားလုံး ပါဝင်သည့် ရှင်ပြုပွဲတခုအား ဇာတိပခုက္ကူတွင် ကျင်းပသွားမည်ဟု ဆိုလေသည်။
ကျွန်တော် ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်လိုက်မိပါသတည်း။

ကိုခက်

News Watch

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။