Lwin Pyin added 5 new photos.
-------
တရုတ်ပြည် Guizhou ပြည်နယ်မှာ ဖြစ်ပါတယ်။ အသက် အလယ်လတ်ပိုင်းရှိတဲ့ အလုပ်သမား အမျိုးသား တစ်ဦးဟာ ဆောက်လုပ် လျက်စ တိုက်ရဲ့ နှစ်ထပ်ကနေ ပြုတ်ကျ ပါတယ်။ အောက်ကျပြီးတော့ ကျောရိုးကို ထိသွားပြီး ခါးအောက်ပိုင်း သေခဲ့ပါတယ်။၂၀၁၃ ခုနှစ်က ဖြစ်ခဲ့တဲ့ ဖြစ်ရပ် ဖြစ်ပါတယ်။ ဆေးရုံကို တက်ခဲ့ရပြီး ယနေ့တိုင်လည်း ဘေးမှာ ပြုစုသူရှိမှ အသက်ရှင်ရမယ့်သူ ဖြစ်ပါတယ်။
အမျိုးသမီး ဖြစ်သူကတော့ သုံးနှစ် အရွယ် သမီးငယ်ကို လက်ဆွဲခေါ်လို့ အဝေး ထွက်သွားပြီ ဖြစ်ပါတယ်။ ဒီတော့ ဖခင်ကို ပြုစုပေးဖို့ အတွက် ၇ နှစ်အရွယ် သားငယ် တစ်ဦးသာ ကျန်ခဲ့ ပါတယ်။
၇ နှစ်အရွယ် သားငယ် အနေနဲ့ ဖခင်ကို ပြုစု စောင့်ရှောင့်ပေးလျက် ရှိပြီး
တစ်နှစ်မက ရှိပြီ ဖြစ်ပါတယ်။ မနက် ၆ နာရီထပြီးတော့ ထမင်းဟင်း
ချက်ပြုတ်ပေးပြီး လုပ်ဆောင်ပေးစရာ ဝတ်များကို ပြုလုပ်ပေးပါတယ်။ ပြီးတော့မှ
ကျောင်းသွားပြီး ကျောင်းပြန်ရောက်တဲ့ အချိန် ပြုစုပေးပါတယ်။ ဖခင်ကို
ပြုစုပြီးမှ ကျောင်းက ပေးတဲ့ အိမ်စာတွေကို လုပ်ပါတယ်။
အခြား ကလေးငယ်တွေ ဆော့ကစားနေတဲ့ အချိန် သူ့မှာတော့ ဖခင် ဘေးမှာပဲ နေလို့ ပြုစုပေး ပါတယ်။ တစ်ယောက်တည်းလည်း ကလေးငယ်ဟာ တင်းတိမ် ရောင့်ရဲလို့ နေတတ်ရှာပါတယ်။ ကလေးငယ် အပေါ် တာဝန်များ ရှိနေတာကြောင့် ဖခင်ဖြစ်သူဟာ မခံစားနိုင်တော့ပဲ မိမိကိုယ်ကို သေကြောင်းကြံရန် ကြိုးစားတဲ့အထိ ဖြစ်ခဲ့ ပါတယ်။ ဒါပေမယ့် ကလေးငယ်လေးဟာ ဖခင်ကို အမြဲ လိုအပ်ကြောင့် အဖေ မရှိရင် မနေနိုင်ကြောင်း ပြေဆိုတာကြောင့် သူ့သားလေး မျက်နှာငယ် ကျန်ခဲ့ရမယ့် အဖြစ်ကို ငဲ့ကွက်လို့ ဆက်အသက်ရှင်ခဲ့ ပါတယ်။
ကလေးငယ်လေး အရွယ်နဲ့ မလိုက်အောင် ဖခင်ကို ပြုစုပေးရရှာပြီး၊ ဆီးအိုးသွန်တာက စလို့ ကျောကုန်းကို ဆေးလိမ်းတဲ့ အထိ ဝတ်ကြီးဝတ်ငယ် အကုန် လုပ်ပေးပါတယ်။ သူ့ရဲ့ လုပ်ဆောင်ချက်ကို အိမ်နီးနားချင်းများက မြင်ပြီး လေးစား ချီးကျူးကြရာ မီဒီယာများမှ ဖော်ပြတဲ့အထိ ဖြစ်လာ ပါတယ်။ ယခု ယင်း ကလေးငယ် အတွက် ပညာသင် စရိတ်ကိုရော ဖခင်အတွက် ဆေးဖိုးပါ ဝိုင်းဝန်း လှူဒါန်း နေကြပြီ ဖြစ်ပါတယ်။
အောင်ခမ်း (ရိုးရာလေး)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။