စွန့်လွှတ်ချင်ပါပြီ။
သူ့ ချစ်သူဘဝ
လက်တွဲခြင်းမဟုတ်တဲ့ ကိုယ်ကချိတ်ထားရတဲ့ လက်တစ်ဖက်ကို
ဆွဲကိုင်ထားရတာ မောလှပြီ ။
လွှင့်ပစ်လိုက်ချင်ပြီ ။
သူလွယ်လွယ်ပေးတဲ့ ကတိတွေအပေါ်
ထားရှိခဲ့တဲ့ ယုံကြည်ခြင်းတွေကို
ဖမ်းဆုပ်ထားရတာ မွန်းကြပ်လှပြီ ။
လက်လွှတ်ချင်နေပြီ ။
လူတိုင်းကို မျှဝေချင်ရှာတဲ့
သူ့ ချစ်ခြင်းသယံဇာတတွေကို
မျှော်လင့်ရတာ ရင်ပူလှပြီ ။
ထွက်ပြေးချင်နေပါပြီ ။
သူ့ အပေါ်အမြဲနားလည်ပေးမိပြီး
ခွင့်လွှတ်ဖို့ အသင့်ဖြစ်နေတဲ့ဘ၀နဲ့ ဝေးရာကို
ငိုကြွေးရတာ ပန်းလှပြီ ။
ဆုံးရှုံးခံလိုက်ပါပြီ ။
ချန်ထားရက်ခဲ့သူ မေ့သွားရက်ခဲ့သူ သူ့ ကို
ဖက်တွယ်ထားရတာ နာကျင်လှပြီ ။
ကျမသူ့ကို စွန့် လွှတ်ခဲ့ပါပြီ
ကျမသူ့ ကို လက်လွှတ်လိုက်ပါပြီ
ကျမသူ့ ကို ချစ် ပေး ခဲ့ ပါ သည် ။
Credit;ယုန်မဒီ
သူ့ ချစ်သူဘဝ
လက်တွဲခြင်းမဟုတ်တဲ့ ကိုယ်ကချိတ်ထားရတဲ့ လက်တစ်ဖက်ကို
ဆွဲကိုင်ထားရတာ မောလှပြီ ။
လွှင့်ပစ်လိုက်ချင်ပြီ ။
သူလွယ်လွယ်ပေးတဲ့ ကတိတွေအပေါ်
ထားရှိခဲ့တဲ့ ယုံကြည်ခြင်းတွေကို
ဖမ်းဆုပ်ထားရတာ မွန်းကြပ်လှပြီ ။
လက်လွှတ်ချင်နေပြီ ။
လူတိုင်းကို မျှဝေချင်ရှာတဲ့
သူ့ ချစ်ခြင်းသယံဇာတတွေကို
မျှော်လင့်ရတာ ရင်ပူလှပြီ ။
ထွက်ပြေးချင်နေပါပြီ ။
သူ့ အပေါ်အမြဲနားလည်ပေးမိပြီး
ခွင့်လွှတ်ဖို့ အသင့်ဖြစ်နေတဲ့ဘ၀နဲ့ ဝေးရာကို
ငိုကြွေးရတာ ပန်းလှပြီ ။
ဆုံးရှုံးခံလိုက်ပါပြီ ။
ချန်ထားရက်ခဲ့သူ မေ့သွားရက်ခဲ့သူ သူ့ ကို
ဖက်တွယ်ထားရတာ နာကျင်လှပြီ ။
ကျမသူ့ကို စွန့် လွှတ်ခဲ့ပါပြီ
ကျမသူ့ ကို လက်လွှတ်လိုက်ပါပြီ
ကျမသူ့ ကို ချစ် ပေး ခဲ့ ပါ သည် ။
Credit;ယုန်မဒီ

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။