Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, November 4, 2015

ဂဠုန် ဦးစော ၏ နောက်ဆုံး သံဝေဂ စကား


ဂဠုန် ဦးစော ၏ နောက်ဆုံး သံဝေဂ စကား
@@@@@@@@"@@@@@@@@@@@@

“ကျုပ်ဟာ တစ်သက်လုံး ဗုဒ္ဓဘာသာ လို့ ပြောခဲ့ တာပဲ။ တကယ်တော့ မည်ကာ မတ္တ “ဗုဒ္ဓဘာသာ”မျှ သာ ဖြစ်ခဲ့ တာကို ခုလို တရား စာပေလေ့လာ မိမှ ပိုပြီး သတိရတယ်။

ကျုပ်ဟာလောကမှာ ရှိတဲ့ မကောင်းမှု မှန်မျှ မလုပ် ခဲ့ဖူးတာ လည်း မရှိဘူး။ ကျုပ်ဟာ လောက ရဲ့ ခံစားရ မယ့် အကောင်းဆုံးတွေ ကိုလည်း မခံစား ဖူးတာ မရှိဘူး။ ဒါပေမဲ့ ခုတွေ့ရ တဲ့ တရားတော်ရဲ့ အဆီ အနှစ်တွေ ကို ကျုပ် တစ်ခါမှ မတွေ့ခဲ့ဖူးဘူး”ဟု ဖွင့်ဟ ၀န်ခံလျက် -

“ကျုပ် မှာ အာဏာ ရှိတဲ့အချိန် တုန်းကလည်း ဘာသာရေးကို အလေးအနက် မပြုမိဘူး။ ဘာသာရေး ဟာ ကျုပ်အတွက် ဟန်ပြ အဆောင် အယောင် တစ်ခုလောက်သာ ရှိခဲ့တယ်။

ကျုပ်ဆန္ဒမှာ ရှိတာက ကျုပ် အာဏာတည်မြဲရေး၊ ကြီးပွားရေး နဲ့ တိုင်းပြည် ကို ကျုပ် ကြိုက်တဲ့ ပုံစံ သွင်းချင်တာပဲ ကျုပ်မှာ အဓိကဖြစ်ခဲ့တယ်။ အဲဒီ အချိန်ကသာ ခုတွေ့ရတဲ့ တရားတော်တွေ ကို တွေ့ရလျှင် ခုလိုလည်း ဖြစ်မယ်မထင် မိဘူးဟု ဖွင့်အံခဲ့သည်။

ဤမျှ သာ မက ဦးစောတွင် ကြီးမားသော အစွဲ အလမ်းကြီး တစ်ခုကြောင့် သူ့တွင် စိတ် အထိခိုက်ဆုံး ဖြစ်ခဲ့ ရသေးသည်။

“အဲဒီ တုန်းက ကျုပ်ဟာ နန်းရင်းဝန်ကြီး ဘ၀နဲ့ ရွှေဘိုနယ် ကို ရောက်ခဲ့တယ်။
အဲဒီ အချိန်က ရွှေဘိုနယ် မှာ အတော် ထင်ရှား ကျော်ကြားနေတဲ့ အလောင်းဘုရား ဦးအောင်ဇေယျ ကိုးကွယ်ခဲ့တဲ့ သင်္ကန်းနက် ဘုရား မတ်ရပ် ဆင်းတုတော် ဟာ အတော် တန်ခိုးကြီးတယ်၊
ဆုတောင်းပြည့်တယ်၊ လိုတရတယ်၊ ရန်ကိုအောင်နိုင်တယ် ဆိုတဲ့ သတင်းကြောင့် ဒီဘုရား ကို မရ အရ၊ ရတဲ့နည်း နဲ့ ကျုပ်ယူခဲ့ မိတယ်”
(မှတ်ချက်) မသမာသော နည်းဖြင့် ယူခဲ့ခြင်း ကို ဆိုလိုဟန် တူသည်။

ဒါပေမဲ့ ကိုးကွယ်လို လို့ ကြည်ညို သဒ္ဓါနဲ့ ပင့်ခဲ့တာ မဟုတ်ဘူး။ကျုပ် အကျိုး အတွက် ကြည့်ပြီး ယူခဲ့တာပဲ။
ဒီတော့ သာမန် မျှသာ ကိုးကွယ်မူ အဆင့်တွင် မဟုတ်ဘဲ ကျုပ်ရဲ့ အဆောင်သဘောမျိုး ပဲ ထားခဲ့ မိတယ်။
ဒါဟာ ကျုပ်ရဲ့ မဟာ အမှားကြီးပါပဲ။

နောက်မှ သိရတာက အဲဒီ ဆင်းတုတော်ကြီးဟာ တန်ခိုးကြီး သလောက် အလွန် ခိုက်တယ်
ဆိုတာ သိရတော့ နောက်ကျ သွားပြီ။

“ဒီတော့ ကျုပ်ဟာ အင်္ဂလိပ် အကျဉ်းသမားဖြစ်လိုက်၊ သေနတ်ချောင်းပစ် ခံရလိုက် နဲ့ နောက်ဆုံး ခုချိန်ထိ ဖြစ်ခဲ့ ရတာပဲ။ နောက်ကျုပ် ဒီရောက် မှ အဲဒီ ဆင်းတုတော်ကြီး ကို ရွှေတိဂုံစေတီတော်
စနေထောင့် မှာ ကျောင်းဆောင် တစ်ခုနဲ့ လှူဒါန်း လိုက်ရတယ်”ဟု ၀မ်းနည်းစွာပြောခဲ့သည်။
၎င်းဘုရား အား ဦးစော ကို သရဏဂုံ တင်စဉ်မှ ရေစက်ချ သွားခဲ့သည်။

(“ဘုရားက မခိုက်ပါ၊ မရိုက်ပါ”
••••••••••••••••••••••••
(မှတ်ချက်) ဤနေရာ ၌ ဗုဒ္ဓဘာသာ အများစု၏ မှားယွင်းနေသော
အယူအဆ တစ်ခုကို ဖြေရှင်းပေး လိုပေသည်။
ဗုဒ္ဓဘာသာ အများစုသည် ဘုရားရုပ်ပွား များ၊ စေတီများက ခိုက်သည် ဟု ယူဆ တတ်ကြသည်။
အမှန်က ခိုက်ဟူသည် မကောင်းကျိုး များ ကျရောက်ခြင်း ကို ဆိုလိုပေ၏။

ထိုမကောင်းကျိုး များကို သက်ရှိထင်ရှား ဘုရား ကလည်း မလုပ်သလို၊ သက်မဲ့ ရုပ်ပွားဆင်းတုတော် များကလည်း မလုပ်ပေ။
သို့ ဆိုလျှင် မည်သူ က လုပ်သနည်း -
ထို ဘုရားရှင်နှင့် ရုပ်ပွားတော်တို့ အပေါ် မရို မသေပြုလုပ်သော
“အကုသိုလ်ကံ စေတနာ”က ပြုလုပ်ပေးခြင်းဖြစ်သည်။

အရှင်ဒေ၀ဒတ် မြေမျိုအောင် သူ၏ စေတနာ ဆိုးခေါ် အကုသိုလ် က လုပ်ခြင်းဖြစ်သည်။
ယခုဖြစ်ရပ်တွင် လည်း ဦးစော ကို ဒုက္ခရောက်အောင် လုပ်သည်မှာ “သင်္ကန်းနက် ရုပ်ပွား”မဟုတ်။ ထိုရုပ်ပွားတော် ကို လောကီ၊အာဏာပါဝါ ကိစ္စတွင် အဆောင် အဖြစ် မရိုမသေ အသုံးချခဲ့သော
ေ စေတနာဆိုး အကုသိုလ်ကြောင့်သာ ဖြစ်သည်။ လောဘ၊ ဒေါသ ကင်းစင်ပြီးဖြစ်သော ဘုရားရှင်သည်
မည်သည့် သတ္တ၀ါ၏ ဆိုးကျိုးကို မျှော်လင့်လေ မည်နည်း -
တစ်ဆက်တည်း သိသင့်သည်မှာ -
••••••••••••••••••••••••••••••
“မကောင်းကျိုး ကို ဘုရားရှင်နှင့် ရုပ်ပွား များက ပေးသည် မဟုတ်သလို ၊ကောင်းကျိုး ကိုလည်း
ေ ပေးသည် မဟုတ်ပေ။ မိမိ ကိုကောင်းကျိုးပေး သည်မှာ ထိုဘုရား ရှင်နှင့် ရုပ်ပွားများ၊ သံဃာတော်များ အပေါ်တွင် ထားသော စေတနာ သာဖြစ်သည်။”

မဟာမြတ်မုနိ ကို ရှိခိုး ပူဇော်ခြင်းနှင့် မိမိအိမ် မှ သုံးလက်မ ရုပ်ပွားလေး ကို ရှိခိုး ပူဇော်ခြင်းနှစ်မျိုးတွင် မည်သည့် ပူဇော်မူက ကောင်းကျိုး ကိုပေးသနည်း ဟု မေးခဲ့ငြားအံ့။

အဖြေကား ရုပ်ပွား ကိုကြည့်ပြီး ဆုံးဖြတ် ၍မရ။ စေတနာ ကိုကြည့်ပြီး ဆုံးဖြတ်ရမည် ဟု ဖြစ်၏။
မည်ကဲ့သို့ ဆုံးဖြတ် မည်နည်း -

●ရှိခိုး ပူဇော်ချိန် တွင် စေတနာ တစ်ကျပ်သားခန့် သာပါလျှင် ကောင်းကျိုး တစ်ကျပ်သား ခန့် သာ ရသည်။
●စေတနာ တစ်ပိသာခန့် ပါလျှင် ကောင်းကျိုး တစ်ပိဿာခန့် ရသည်။ ဤ သုံးသပ်ချက် ကိုကြည့် ၍ မည့်သည့် ရုပ်ပွားစေတီ ကို ရှိခိုး ပူဇော်သည်ဖြစ်စေ သဒ္ဓါ၊ စေတနာ အပြည့်ဖြင့် ရှိခိုး ပူဇော်သင့်၏။

နာမည်ကြီး ရုပ်ပွားတော်တွေနောက် လိုက်ရင်း ၊ အလိမ် အညာ ခံရသူများကို တွေ့ရသောကြောင့် ယခုလို ရှင်းလင်းရေးသား ရခြင်းဖြစ်သည်။

●ထောင် ကိုကြောက်စရာ မလို၊ ဒုစရိုက်မူများ ကိုသာကြောက်ရမည်။

●အပါယ်လေးပါး ကို ကြောက်စရာ မလို၊ အကုသိုလ် ကံများ ကိုသာကြောက်ရမည်။

●ရုပ်ပွားစေတီများ ကို ကြောက်စရာ မလို၊ ထိုရုပ်ပွားစေတီများ ကို မရို မသေပြုလုပ်သော
ေ စေတနာဆိုး ကိုသာ ကြောက်ရမည်။

●ရုပ်ပွားစေတီ ကခိုက်ခြင်း မဟုတ်၊ စိတ်ဆိုး စေတနာဆိုး ကသာ ခိုက်ခြင်းဖြစ်သည်။)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။