နားမလည်နိုင်စရာဖြစ်နေတဲ့.စ င်္ကာပူစီးပွားရေး။
အခု.စင်္ကာပူရဲ့စီးပွားရေးဟာ. ဦးမော့တက်နေသလား။.ထိုးဆင်း ကျနေသလား။
စင်္ကာပူနိုင်ငံရဲ့ပြည်တွင်းအ သားတင်ကုန်ထုတ်လုပ်မှု(GDP)နူန်းဟာ.ပြီးခဲ့တဲ့မနှစ်က.အေ တ်ာလေးကောင်းခဲ့ပါတယ်။.ဒီနှ စ်.ပထမသုံးလပတ်မှာ.GDPဟာ.၃ဒ သမ၃ရာခိုင်နူန်းကနေ.ဒုတိယသုံးလပတ်မှာ.၂ဒသမ၅ရာခိုင်နူန်းထိကျဆင်းသွားခဲ့တယ်။
ပြီးခဲ့တဲ့.စက်တင်ဘာ(၃၀)ရက် အထိဖြစ်တဲ့.တတိယသုံးလပတ်ကျေ တာ့.GDP.ဟာ.သုံညဒသမ၁ရာခိုင် နူန်း(0.1%)အထိ.ထိုးကျသွားခဲ့ပြန်တယ်။.တကယ်လို့.GDP.ဟာ .၃လပတ်၂ကြိမ်ဆက်တိုက်.အနူတ် ရာခိုင်နူန်းတွေပြလာရင်.စင်္ကာပူရဲ့စီးပွားရေးကျဆင်းနေပြီလို့.သတ်မှတ်ရမှာပါ။
လောလောဆယ်မှာ.သိတ်မစိုးရိမ် စရာမရှိသေးပါဘူး။.ဘာကြောင့် လဲဆိုတော့.စောစောကပြောတဲ့တတိယသုံးလပတ်ရဲ့GDP-0.1%ဆိုတာ က.ခန့်မှန်းခြေတွက်ထားတဲ့စာ ရင်းပါ။.နောက်၂ပတ်အကြာမှာ.G DPစာရင်းအတိအကျကို.ထုတ်ပြန် မှာပါ။.အဲဒီအခါကျမှ.GDPဟာ.အ နူတ်ဖြစ်ချင်လဲ.ဖြစ်သွားနို င်တယ်။
ဘာပဲဖြစ်ဖြစ်.အခုလိုစင်္ကာပူစီးပွားရေးကျဆင်းခဲ့တဲ့အဓိကက ဏ္ဍက.ကုန်ပစ္စည်းထုတ်လုပ်ပြီး. နိုင်ငံခြားကိုတင်ပို့တဲ့လု ပ်ငန်းတွေကျဆင်းလာတာကြောင့် ပါ။.အရင်က.အဲဒီလုပ်ငန်းတွေက .GDPစုစုပေါင်းရဲ့တဝက်နီးပါး.ဝင်ငွေရှာပေးခဲ့တာပါ။
ဒါကြောင့်.အဲဒီထုတ်ကုန်တင်ပို့မှု.ကျဆင်းရတာ.တင်ပို့တဲ့ နိုင်ငံတွေရဲ့စီးပွားရေးကျဆ င်းနေလို့လို့.အကြမ်းအားဖြင့်.သုံးသပ်ကြပါတယ်။.ဒါပေမဲ့ .သေသေချာချာလေ့လာလိုက်တော့. အဲဒီထုတ်ကုန်တင်ပို့မှုဟာ.မကျဆင်းသွားပါဘူး။.တိုးလဲမတိုး.လျော့လဲမလျော့သွားပဲ.တန့် နေတာပါ။.ဒါဆိုရင်.ဘာလို့GDP .ကျသွားရတာလဲ။.လေ့လာကြည့်ကြ ရအောင်။
(၂၀၁၃)ခုနှစ်တုံးက.စင်္ကာပူအစိုးရက.အိမ်ဝယ်တာနဲ့ကားဝယ်ရာ မှာ.ဘဏ်တွေက.ထုတ်ချေးပေးတဲ့ ချေးငွေတွေကို.ကန့်သတ်ခဲ့တယ်။.ဈေးအရမ်းမြင့်တက်နေတဲ့အိမ်ဈေး.ကားဈေးတွေကို.ထိန်းချုပ်ချင်လို့ပါ။.အရင်က.ကားတစီးဝယ်မယ်ဆိုရင်.ကားတန်ဖိုးရဲ့(၁၀၀)ရာခိုင်နူန်းကို. ဘဏ်ကချေးငှားလို့ရသလို.ချေး ငွေကိုလဲ.(၁၀)နှစ်နဲ့ကျေအော င်ဆပ်လို့ရပါတယ်။.အခုတော့.လူတွေဟာ.ဘဏ်တွေက.ကားတန်ဖိုးရဲ့၅၀-၆၀ရာခိုင်နူန်းပဲ.ချေး ယူခွင့်ရပြီး.(၅)နှစ်အတွင်း ပြန်ဆပ်ကြရပါမယ်။
ထိုနည်းတူပဲ.အိမ်ခန်းဝယ်ယူရာမှာ.ဘဏ်က.ချေးယူနိုင်တဲ့ပမာဏဟာ.(၃၅)ရာခိုင်နူန်းကနေ.( ၃၀)ရာခိုင်နူန်းအထိလျော့ကျသွားသလို.ချေးငွေအပြီးဆပ်ရမဲ့ ကာလဟာလဲ.အနှစ်(၃၀)ကနေ.(၂၅) နစ်အထိ.လျှေ.့ချလိုက်တယ်။
ဒီကန့်သတ်ချက်တွေကြောင့်.ကားဝယ်စီးသူနဲသွားပြီး.ပြည်သူ ပိုင်ဘတ်စ်ကားတွေ.MRTရထားနဲ့ ခရီးသွားသူတွေပိုများလာတယ် ။.လူတွေဟာ.ဈေးကြီးတဲ့.(၄)ခ န်းပါတဲ့တိုက်ခန်းတွေအစား.( ၃)ခန်းပဲပါပြီး.ဈေးသက်သာတဲ့ တိုက်ခန်းတွေပဲ.ဝယ်ကြတော့တ ယ်။
ဒါပေမဲ့.ကားလဲဝယ်စီးမယ်။.(၄ )ခန်းပါတဲ့တိုက်ခန်းပဲ.ဝယ်မ ယ်လို့ဆုံးဖြတ်ထားသူတွေလဲရှိကြတယ်။.သူတို့ကတော့.လောလော ဆယ်မဝယ်နိုင်ပေးပေမဲ့.နောင် ဝယ်လို့ရအောင်.ပိုက်ဆံစုနြေ ကတယ်။.ပိုက်ဆံစုတယ်ဆိုတော့. သုံးစွဲတဲ့အသုံးစရိတ်တွေလျှော့ချပြီပေါ့။.သူစားနေကျအစားအသောက်တွေ.ပစ္စည်းဝယ်တာတွေေ လျှာ့ချလိုက်တဲ့အကျိုးဆက်ဟာ .အဲဒီစားသောက်ဆိုင်တွေ.စတိုးဆိုင်တွေမှာလဲ.ဝင်ငွေထိခို က်လာလို့.သူတို့လဲအသုံးစရိတ်တွေလျှော့ချရပြန်တယ်။.အဲဒီ လို.အသုံးစရိတ်တွေလျှော့ချြ ကတဲ့လုပ်ငန်းတွေများလာတော့. နိုင်ငံရဲ့စီးပွားရေး.GDPကိုထိခိုက်တော့တာပါပဲ။
နောက်ထပ်.နိုင်ငံ့စီးပွားရေးကိုထိခိုက်စေတဲ့အချက်တွေကလဲ.မကြာမီကအင်ဒိုနီးရှားတောမီးလောင်ရာက.လေတိုက်ခတ်ရောက် လာတဲ့မီးခိုးတွေဟာ.စင်္ကာပူမှာဆိုးဆိုးရွားရွားဖြစ်နေလို့ .တိုးရစ်ခရီးသည်တွေအလာနဲသွားတာရယ်၊.စင်္ကာပူကပို့ကုန်တွေကို.အမြဲတမ်းနဲ့အများကြီးဝ ယ်ယူတင်သွင်းနေတဲ့တရုတ်နိုင်ငံဟာ.စီးပွားရေးကျဆင်းလာနေ လို့.စင်္ကာပူက.ပစ္စည်းမှာယူတင်သွင်းမှုနဲသွားတာကြောင့်လဲပါပါတယ်။
စီးပွားရေးကျလာတော့.ပြဿနာကို.ကြိုမြင်တတ်ပြီး.ပြဿနာမဖြ စ်မီအရေးယူဆောင်ရွက်တတ်တဲ့စ င်္ကာပူအစိုးရဟာ.အခု.နိုင်ငြံ ခားကရောက်လာပြီး.အလုပ်လုပ်မဲ့သူသစ်တွေရဲ့အလုပ်လုပ်ခွင့် ပါမစ်လျှောက်တာတွေကို.အကန့် အသတ်နဲ့သာ.ချပေးတော့ခြင်း၊ .တချို့အလုပ်လုပ်နေဆဲနိုင်ငံခြားသားတွေရဲ့အလုပ်ဆက်လုပ် ခွင့်ပါမစ်သက်တမ်းထပ်တိုးရင်.ဆက်မတိုးပေးတော့ခြင်းစတဲ့ သတင်းတွေကြားနေရပါပြီ။
ယနေ့ထုတ်The Sunday Times.သတင်းစာမှာပါတဲ့.Dr. Larry Haverkampရဲ့ဆောင်ပါးလေးကို .မှီငြမ်းရေးလိုက်တာပါ
ဗန်းမော်သိန်းဖေ
၂၀၁၅၊နိုဝင်ဘာ(၈)ရက်
အခု.စင်္ကာပူရဲ့စီးပွားရေးဟာ.
စင်္ကာပူနိုင်ငံရဲ့ပြည်တွင်းအ
ပြီးခဲ့တဲ့.စက်တင်ဘာ(၃၀)ရက်
လောလောဆယ်မှာ.သိတ်မစိုးရိမ်
ဘာပဲဖြစ်ဖြစ်.အခုလိုစင်္ကာပူစ
ဒါကြောင့်.အဲဒီထုတ်ကုန်တင်ပ
(၂၀၁၃)ခုနှစ်တုံးက.စင်္ကာပူအစ
ထိုနည်းတူပဲ.အိမ်ခန်းဝယ်ယူရ
ဒီကန့်သတ်ချက်တွေကြောင့်.ကာ
ဒါပေမဲ့.ကားလဲဝယ်စီးမယ်။.(၎
နောက်ထပ်.နိုင်ငံ့စီးပွားရေ
စီးပွားရေးကျလာတော့.ပြဿနာကိ
ယနေ့ထုတ်The Sunday Times.သတင်းစာမှာပါတဲ့.Dr. Larry Haverkampရဲ့ဆောင်ပါးလေးကို
ဗန်းမော်သိန်းဖေ
၂၀၁၅၊နိုဝင်ဘာ(၈)ရက်

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။