သွေးသားဖြေဖျောက်ရုံဖြင့် မပြေပျောက်နိုင်သော
`ရှင်နဲ့ ကျွန်မ
ဘာအကန့်မှ မရှိဘူး´
(နှင်းဆီဆူးဟာ နှင်းဆီပင်ကို
အသက်ဝင်စေရဲ့)
တည်းခိုခန်း အထွက်မှာ
ကျွန်တော့်ကို ငေါက်ငမ်း မောင်းထုတ်တယ်။
`ဘ၀ရဲ့နောက်ကွယ် ရှင် မမြင်ပါဘူး´
`ဘာလုပ်ရမှာလဲ ရုပ်ရှင်´
`ရှင့်မှာ အခန်းရှိလား´
`ကျွန်မ မရောက်ဖူးတဲ့အမှောင် မရှိဘူး´
`ကျွန်မမှာ ခန္ဓာပဲရှိတော့ ခန္ဓာပဲ ရင်းရတယ်´။
ကျွန်တော်ဟာ ခေတ်မစားသေးတဲ့
စိတ်ကူးယဉ် ပြုပြင်ရေးသမား။
တစ်နေ့ခင်းလုံး ငါ မင်းကိုရှာတယ်
ဘတ်စ်ကားဂိတ်မှာ
ရုပ်ရှင်ရုံအောက်မှာ
ငါ မင်းကိုရှာရင်း
ငါ မင်းကို မတွေ့ပါစေနဲ့ ဆုတောင်းတယ်။
စတွေ့တုန်းက ယဉ်ဝင်းခိုင်
နောက်တစ်ခါတွေ့တော့ မီးငယ်
၂၀၀၃ မှာ
မင်းနာမည် ဘယ်လောက်
မင်းငရဲခန်း ဘယ်လောက်။ ။
စိုင်းဝင်းမြင့်
`ရှင်နဲ့ ကျွန်မ
ဘာအကန့်မှ မရှိဘူး´
(နှင်းဆီဆူးဟာ နှင်းဆီပင်ကို
အသက်ဝင်စေရဲ့)
တည်းခိုခန်း အထွက်မှာ
ကျွန်တော့်ကို ငေါက်ငမ်း မောင်းထုတ်တယ်။
`ဘ၀ရဲ့နောက်ကွယ် ရှင် မမြင်ပါဘူး´
`ဘာလုပ်ရမှာလဲ ရုပ်ရှင်´
`ရှင့်မှာ အခန်းရှိလား´
`ကျွန်မ မရောက်ဖူးတဲ့အမှောင် မရှိဘူး´
`ကျွန်မမှာ ခန္ဓာပဲရှိတော့ ခန္ဓာပဲ ရင်းရတယ်´။
ကျွန်တော်ဟာ ခေတ်မစားသေးတဲ့
စိတ်ကူးယဉ် ပြုပြင်ရေးသမား။
တစ်နေ့ခင်းလုံး ငါ မင်းကိုရှာတယ်
ဘတ်စ်ကားဂိတ်မှာ
ရုပ်ရှင်ရုံအောက်မှာ
ငါ မင်းကိုရှာရင်း
ငါ မင်းကို မတွေ့ပါစေနဲ့ ဆုတောင်းတယ်။
စတွေ့တုန်းက ယဉ်ဝင်းခိုင်
နောက်တစ်ခါတွေ့တော့ မီးငယ်
၂၀၀၃ မှာ
မင်းနာမည် ဘယ်လောက်
မင်းငရဲခန်း ဘယ်လောက်။ ။
စိုင်းဝင်းမြင့်
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။