Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, November 23, 2015

Exposure ဆိုတာဘာလဲ…?


Exposure ဆိုတာဘာလဲ…?
BY BLACK DREAM
– AUGUST 3, 2012POSTED IN: BASIC PHOTOGRAPHY, EXPOSURE

အရင်နေ့တွေက နဲနဲစိတ်ဝင်စားဖို့ကောင်းမယ့်… ပျော်ဖို့ကောင်းမယ့်… လွယ်ကူတဲ့ ရိုက်နည်းလေးတွေ ကျွန်တော် ရေးပေးခဲ့တယ်..။ ဒီနေ့တော့ နဲနဲ Photography ကို Serious လေး ထားပြီးလေ့လာကြည့်ရအောင်…။ လွယ်လွယ်ပြောရရင် ဒီနေ့ Theory အကြောင်း ဆွေးနွေးကြတာပေါ့ဗျာ…။

တကယ်ဆိုရင် Camera က ကျွန်တော်တို့ မျက်စိက မြင်သလို အဖြူဆို အဖြူ…။ အမဲဆို အမဲ ဆိုပြီး မမြင်ပဲ… 18% Grey ကိုသာ မြင်တယ် (မြင်နိုင်တယ်) ဆိုတာ မိတ်ဆွေတို့ သိကြရဲ့လား….?

နားရှုပ်သွားလားဗျ..။ မရှုပ်ပါနဲ့…။ ဒီလိုပါ…။ ကျွန်တော်တို့ သုံးနေတဲ့ ကွန်ပျူတာတွေက ကျွန်တော်တို့ အခုရေးနေတဲ့ စကားလုံးတွေ..။ ပုံတွေ ကို တကယ်မသိပဲ…။ 0 နဲ့ 1 ကိုပဲ မြင်တဲ့ သဘောပေါ့ဗျာ…။ Camera တွေကလည်း အများကြီး ..။ ထုတ်တဲ့ သူတွေကလည်း အများကြီး .. နောက်ပြီး အဖြူရောင် ဆိုတာကို အဖြူလို့ပြောပေမယ့် Standard ဖြစ်တဲ့ (#FFFFFF) အဖြူ ဆိုတာက မလွယ်ဘူးလေဗျာ..။

ဥပမာ အိပ်ယာခင်းစ တစ်ခုကိုလည်း အဖြူလို့ ပြောမယ်ဆိုပါတော့..။ အသစ်စက်စက် အိပ်ယာခင်းကလည်း အဖြူ ဖြစ်သလို..။ နဲနဲ နွမ်းနေတဲ့ အိပ်ယာခင်းကလည်း အဖြူပဲလေ…။ စာရွက်တစ်ရွက်ကလည်း အဖြူပဲ…။ ဒီတော့ အဖြူတွေ Standard မညီတော့ဘူးဗျာ..။ အမဲ ဆိုလည်း ဒီလိုပါပဲ..။ မတူနိုင်ဘူးဗျ..။ ဒီတော့ အားလုံး တပြေးညီ ဖြစ်သွားအောင် ကင်မရာကို 18% Grey ကိုပဲ Exposure အမှန်ယူဆိုပြီး သတ်မှတ် ပေးလိုက်တာပါ…။ (မှတ်ချက်။ ။ 18% Grey အကြောင်း Customize White Balance ချိန်တဲ့အခါကြရင်လည်း ထပ်ပြောပေးပါ့မယ်..။ )

နဲနဲစားသွားပြီလား…? မစားပါနဲ့ဗျာ…။ သေသေချာချာလေ့လာပါ…။ အများကြီးအကျိုးရှိပါတယ်…။ ကျွန်တော်လည်း အရင်က ဒါတွေ မသိပါဘူး..။ ဆရာကြီး ဦးဖေမြင့်ဦး ဆီမှာ လေ့လာပြီးမှ ကျွန်တော်လည်း ဒါတွေ သိလာခဲ့တာပါ..။ သင်ပြမှု အရမ်းကောင်းပြီး ဓာတ်ပုံ (ခေတ်မှီ) ပညာသာမက ကျွန်တော်တို့ ဘဝအတွက် လိုအပ်မယ့် အခြား သင်ခန်းစာတွေ အများကြီးကိုပါ သူက သင်ပေးခဲ့ပါတယ်…။ ဆက်လိုက်ရအောင်…။

ဒီလိုဗျာ…။ ဖြူဖွေးနေတဲ့ စာရွက်တစ်ရွက်ကို ခင်ဗျား Camera နဲ့ Exposure 0 မှာ ထားပြီးရိုက်ကြည့်လိုက်ပါ…။ ပြီးရင် မဲနက်နေတဲ့ စာရွက်တစ်ခုကိုလည်း Exposure 0 မှာ ထားပြီးရိုက်ကြည့်လိုက်ပါ..။ ပြီးရင် Camera ထဲမှာ ပြန်ကြည့်လိုက်ပါ…။ မယုံနိုင်စရာ ဓာတ်ပုံ နှစ်ခုစလုံးဟာ အရောင်တူနေတာကို တွေ့ရပါလိ့မ်မယ်…။ ဘယ်ဟာက စာရွက်အဖြူလည်း ဘယ်ဟာကအမဲလဲဆိုတာ..။ ကိုယ်တိုင်ရိုက်ထားတာမို့ အရှေ့ ပုံကတော့ အဖြူ… အနောက်ပုံက အမဲဆိုတာ သိနိုင်ပေမယ့်…။ မသိတဲ့ဘေးက လူတစ်ယောက်ကို မေးကြည့်လိုက်ပါ..။ သိဖို့ မလွယ် (မဖြစ်နိုင်) ပါဘူး..။ သေချာတာတစ်ခုကတော့ ပုံနှစ်ပုံစလုံးဟာ မိတ်ဆွေထင်ထားသလို အဖြူတွေ အမဲတွေ မဟုတ်ပဲ…။ 18% ပမာဏရှိတဲ့ မီးခိုးရောင် 18% Grey ကိုပဲ မြင်ရမှာ ဖြစ်ပါတယ်…။

ဒါကြောင့် ကျွန်တော်အစက ပြောခဲ့သလို Camera က အရောင်တွေကို မသိပါဘူး..။ Camera တကယ်သိတာ 18% Grey ပဲရှိပါတယ်လို့ ပြောခဲ့ခြင်းဖြစ်ပါတယ်…။ ဒါဆိုကျွန်တော်တို့ စပြီး လေ့လာစဉ်းစားကြည့်ရအောင်…။ ပုံတွေအားလုံးကို အပြင်မှာရှိတဲ့ အရောင်အတိုင်း အလင်းမှောင် (Exposure) အတိုင်းမှန်အောင် ဘယ်လိုရိုက်မလဲ…? အလင်းရရှိမှုပေါ်မူတည်ပြီး ကွဲပြားမှုရှိနိုင်ပေမယ့်…။ အခြေခံ Theory သဘောအရဆိုရှင်တော့ တင်ရိုက်..။ လျှော့ရိုက်ရပါလိ့မ်မယ်…။

ဥပမာ… စောစောက စာရွက်ကိုပဲ ပြန်ရိုက်ကြည့်ပါ…။ Exposure 0 မှာထားရိုက်ရင် 18% Grey ထွက်တယ်..။ ဒီတော့ လုံးဝအဖြူ ရအောင် ဘယ်လိုရိုက်မလဲ..။ Exposure တင်ရိုက်ရမှာပေါ့ဗျာ..။ 1/3 stop တင်ကြည့်..။ အပြင်က စာရွက်ကိုကြည့်..။ တူပြီလား ..။ မတူရင်ထပ်တင်…။ 2/3 stop.. တူပြီလား.. ။ မတူရင် 1 stop တင် တူပြီလား..။ အိုကေ တူပြီဆိုရင် ခင်ဗျား အသေသာ မှတ်ထားလိုက် ခင်ဗျား Camera ရဲ့ အဖြူပေါ်မှာ Exposure အမှန်ဟာ 1 stop အတိရှိတယ်..။

Camera အပေါ်မူတည်ပြီး ကွဲပြားနိုင်တယ်..။ တစ်ချို့ Camera မှာ 2/3 လောက်နဲ့ ပြီးသွားနိုင်သလို…။ တစ်ချို့ Camera မှာ 1 1/3 stop အထိ တင်ကောင်း တင်ရနိုင်တယ်..။ အမဲဆိုဘယ်လိုရိုက်ကြည့်မလဲ…။ Down ပြီးရိုက်ဗျာ…။ -1/3, -2/3, -1 Down ပြီးရိုက်ကြည့် အမှန်ထွက်လာလိ့မ်မယ်..။ ဒါဆို အဖြူနဲ့ အမဲအတွက်က အိုကေသွားပြီ Color အတွက် ဘယ်လိုရိုက်မလဲ…?

ဟဲ ဟဲ..။ Color အတွက်ကတော့ ဒီလိုကြီးပုံသေ ပြောလို့မရတော့ဘူးလေဗျာ…။ သန်းနဲ့ ချီတဲ့ အရောင်တွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်သွားပြီ..။ ဘယ်လိုရိုက်ရမလဲဆိုရင် Auto Exposure Bracketing ဆွဲပြီးတော့သာ ရိုက်ကြည့်ပါ..။ တစ်ခါရိုက် ၃ ပုံနဲ့ AEB ရိုက်ရတာ အလုပ်ရှုပ်တယ်..။ Memory စားတယ်ထင်ရင်..။ တစ်ပုံရိုက်ကြည့်..။ လိုအပ်ရင် တင်ရိုက်..။ ပိုနေတယ်ထင်ရင် ပြန်လျှော့ရိုက်..။ ဒီနည်းပဲရှိတယ်ဗျာ..။ လောလောဆယ်တော့ ဒီ့ထက်ကောင်းတဲ့ နည်းမပေါ်သေးဘူး…။

အခုနောက်ဆုံးထွက်တဲ့ Canon EOS 5D Mark III မှာတော့ HDR (High Dynamic Range) Function ပါတဲ့အတွက် Exposure သုံးခု (+,0,-) ကို Blending လုပ်ပေးပြီး တစ်ခါထဲ Exposure အမှန်ထွက်အောင် လုပ်ပေးတာမျိုးတော့ရှိတယ်..။ အဲ့ဒီ့အကြောင်းကို HDR အကြောင်းပြောမှပဲ အကျုယ် ကျွန်တော်ပြောပြပါ့မယ်…။

Exposure Bracketing ပေးတဲ့ နေရာမှာ +1, -1 ပေးလို့ရသလို .. +2,-2 ဒါမှမဟုတ် +3,-3 စသဖြင့် ကိုယ့်စိတ်တိုင်းကျပေးလို့ပါတယ်..။ DSLR တိုင်းမှာ အဲ့ဒီ့ Function ပါပါတယ်..။ ပုံမှန်အားဖြင့် DSLR တော်တော်များများမှာ Bracketing ကို ၃ ပုံ ပေးတာများပါတယ်..။ High End တွေမှာ ၅ ပုံအထိပေးပါတယ်…။

ဒီနေရာမှာ စရိုက်တဲ့သူတော်တော်များများ Exposure Bracketing ဆိုတာ ဘယ်လိုသုံးရမယ်ဆိုတာ သိတဲ့သူနဲကြပါတယ်..။ ကျွန်တော့် တုန်းကဆို ဒီ Function ကိုဘယ်လိုသုံးရမှန်းမသိပါဘူး…။ အခုနောက်ပိုင်း Camera ဝယ်ဖြစ်တဲ့သူတွေ ရိုက်နေတဲ့သူတွေက ကျွန်တော့် လို ငတုံးမဟုတ်တော့ တော်တော်များများက သိကြတာများပါတယ်…။ ကျွန်တော့်လို နဲနဲဝေးတဲ့သူတွေအတွက် အနဲငယ် ရှင်းပြချင်ပါတယ်…။
Auto Exposure Bracketing ကို ဥာဏ်ရှိသလိုသုံးလို့ရပါတယ်..။ စောစောက ကျွန်တော်ပြောသလို Exposure အမှန်ကို သိချင်လို့ သုံးမျိုးတစ်ခါထဲ ရိုက်ကြည့်ချင်တာမျိုး ပဲ ဖြစ်ဖြစ်…။ HDR ပုံ အတွက် ရည်ရွယ်ပြီးတော့ ဖြစ်ဖြစ် ရိုက်နိုင်ပါတယ်..။ ဒါမေယ့် AEB ရိုက်တော့မယ်ဆိုရင် မဖြစ်မနေလိုတာကတော့ Tripod ပါ..။ Camera က ငြိမ်နေဖို့လိုပါတယ်..။ တစ်နေရာထဲ ကိုချိန်ထားတာချင်းတူပေမယ့် Focus Point ကျတဲ့အပေါ်မှာ မူတည်ပြီး Exposure က မတူနိုင်ပါဘူး..။ အဲ့လို တစ်ပုံနဲ့ တစ်ပုံ Exposure မတူတော့ရင် Bracket ဖမ်းတာ အပိုဖြစ်သွားပါလိ့မ်မယ်..။ Exposure အမှန်မရတော့ပါဘူး..။ HDR အတွက်လည်း ထိုနည်းတူပါပဲ…။ HDR မှာ ပုံတွေကို ထပ်တဲ့အခါကြရင် ပုံတွေက တူကို တူရပါ မယ်..။ မတူရင် Computer (Software) က နားမလည်တော့ပဲ..။ မထပ်ပေးတော့ပါဘူး..။ Alignment မတူတော့ သူက ဘယ်လိုထပ် ပေးရမှန်း မသိတော့တာပါ…။ ဒီလောက်ဆို Exposure Bracketing ကို ဘယ်လိုသုံးရမယ်ဆိုတာ သဘောပေါက်လောက် ပြီထင်ပါတယ်…။

အခုလောက်ဆို ကျွန်တော်တို့ ပုံတစ်ပုံကို Exposure အမှန် (Exposure 0 ) ထားပေမယ့် ဘာလို့ အပြင်မှာ တကယ်ရှိနေတဲ့ အရောင်၊ အလင်း အတိုင်းမပေါ်တာလဲဆိုတာ နဲနဲတော့ သဘောပေါက်စ ပြုလာပြီထင်ပါတယ်..။ ဒီ့ထက် နဲနဲ ပို အသေးစိတ်ကြတဲ့ အပိုင်းလေး ဆက်လိုက်ရအောင်ပါ…။

ဥပမာ ဆိုပါတော့ဗျာ…။ သစ်ရွက်လေးတစ်ရွက် စိမ်းစိမ်းလေး..။ ဒါမှမဟုတ် အဝါရောင်လေး..။ အနောက်မှာ က ကောင်းကင် ပြာပြာလေး…။ ရေရေလည်လည် Romantic ဆန်တယ်ဗျာ…။ နိပ်ဟဆိုပြီး သစ်ရွက်လေးကို Focus ပေးပြီး ဗျင်းထည့်လိုက်တာ…။ ပုံလဲ ထွက်လာရော..။ ဟောဗျာ….။ သစ်ရွက်ကတော့ ဟုတ်ပါရဲ့…။ ကောင်းကကြီးက ဖျြူဖွေးပြီး ပက်ပက်စက်စက် Burn လို့…။ ဘယ်လိုဖြစ်တာလဲ…? Camera မကောင်းတာလား…? မဟုတ်ပါဘူး…။

ကျွန်တော်တို့ ဒီနေ့ခေတ်သုံးနေတဲ့ DSLR တွေဟာ မျက်လုံးကို အခြေခံပြီးဖွဲ့စည်း တည်ဆောက်ထားတာပါ…။ ဒါပေမယ့် သှူ့မှာ သဘာဝ တရားကြီးက ဖန်တီးပေးထားတဲ့ မျက်လုံးလောက် ဘယ်လိုမှ Intelligence မကောင်းနိုင်ပါဘူး..။ ဘယ်လောက်ပဲ AI (Artificial Intelligence) တွေ ထည့်ပေးထား ထည့်ပေးထား .. မျက်လုံးနဲ့ ဦးနောက်ရဲ့ Sensor ကို မမှီသေးတာတော့ အမှန်ပါပဲ..။ တကယ်တော့ Camera မှာပါတဲ့ Sensor နဲ့ Metering ဆိုတာ Camera ရဲ့ AI တစ်ခုပါပဲ..။ မျက်လုံးက High Dynamic Range (HDR) ဖြစ်ပါတယ်..။ အဆင့်အရမ်းမြင့်ပါတယ်..။ ဒါကြောင့် Camera ဟာ မျက်လုံးက လိုက်မြင် သလို မမြင်နိုင်ပါဘူး..။ ဒါဆို စောစောကလို ရေရေလည်လည် Romantic ဆန်တဲ့ သစ်ရွက်ကလေးကို ဘယ်လိုရိုက်မလဲ…။ နည်းလမ်း တော့ရှိပါတယ်..။ တိတိကျကျ ပြောရရင် (၂) နည်းပဲရှိပါတယ်..။

တစ်နည်းက HDR ရိုက်ပါ…။ နှစ်ပုံရိုက်ပါ..။ ပြီးရင် Blend ပြန်လုပ်ပါ..။ ဆိုလိုတာက သစ်ရွက်ကိုအရင်ရိုက်..။ ကောင်းကင် Burn လိ့မ်မယ်..(ဖြူဖွေးနေလိမ့်မယ်)။ ပြီးရင်ကောင်းကင်ကို Focus ပေးပြီးရိုက်..။ သစ်ရွက်က Under ဖြစ်သွားလိမ့်မယ်..( မဲသွားလိ့မ်မယ်) ..။ ပြီးတော့မှ Photoshop ထဲမှာ Blend ပြန်လုပ်ပါ..။ ဒါဆိုရင် ခင်ဗျားလိုချင်တဲ့ Romantic ဆန်တဲ့ပုံလေးရပါလိ့မ်မယ်..။ ဒါပေမယ့် Blend လုပ်ထားတဲ့ ပုံဖြစ်တဲ့အတွက် HDR ပြိုင်ပွဲကလွဲရင် တစ်ခြားပြိုင်ပွဲမှာ ပြိုင်လို့မရပါဘူး..။ အပယ်ခံရပါလိ့မ်မယ်..။ ပြိုင်ပွဲတွေမှာ EXIF Information တင်ပြရတဲ့အတွက်….။ Blend လုပ်လိုက်တာနဲ့ ပုံရဲ့ EXIF Information ပျက်သွားပါလိ့မ်မယ်…။ (မှတ်ချက်။ ။ RAW နဲ့ လုပ်ရင်တော့ မပျက်ပါဘူး.. ဒါပေမယ့် မကြားဖူး မမြင်ဖူးတဲ့ Aperture တွေထွက်လာပါလိ့မ်မယ်..။ ဥပမာ f/4.3 တို့ f/7.3 တို့ f/22.33 တို့…) ပေါက်ကရတွေပေါ့ဗျာ..။
သူက နှစ်ပုံပေါင်းပေးလိုက်တော့ ဂွတီးဂွကျတွေ ထွက်လာတာပေါ့…။ နှစ်ပုံရဲ့ Aperture ကိုပေါင်းပြီး ၂ နဲ့ စားပေးလိုက်တဲ့ သဘောပေါ့..။ ဟာသကြီး ဖြစ်သွားတာပေါ့ဗျာ…။
ဒါပေမယ့် ခင်ဗျားရဲ့ ပုံဟာ ပြိုင်ပွဲအတွက်မဟုတ်ပဲ အလှ အိမ်မှာ ချိတ်ထားဖို့..။ ဒါမှမဟုတ် Calendar Shot လို့ ခေါ်တဲ့ Calendar တွေ ကြော်ငြာတွေမှာ သုံးဖို့ဆိုရင်တော့ အဆင်ပြေပါ လိ့မ်မယ်…။ နောက်တစ်နည်းကတော့ မိတ်ဆွေရိုက်တဲ့ Angle ပြောင်းဖို့ပါ..။ Photography သဘောအရ နေ ရှိနေတဲ့ဘက်ကို Background ထားရိုက်ရင် စောစောကလို Burn ( ဖြူဖွေး) သွားပါတယ်..။ အဲ့ဒီ့တော့ နေကို ကျောပေးပြီးရိုက်ပါ… ဒီလိုလေးပေါ့…။

ကင်မရာ ==> သစ်ရွက် ==> နေ ( ရလဒ် Background Burn ပါမယ်…) အဲ့လို Position ကနေ…
နေ ==> ကင်မရာ ==> သစ်ရွက် ( ဒါဆိုအိုကေသွားပါပြီ…)

ကျွန်တော်ဖြစ်နိုင်ရင် ပုံလေးနဲ့ ပြချင်ပေမယ့်…။ ကျွန်တော်လည်း အဲ့လောက် အချိန်မရလို့ပါ…။ ဒီလောက်ဆို ကျွန်တော်ဆိုလိုတဲ့ သဘောကို မြင်မယ်ထင်ပါတယ်..။ အဲ့လိုလေး Position (Direction) ပြောင်းရိုက်လိုက်ရင်တော့ မိတ်ဆွေလိုချင်တဲ့ Exposure မှန်တဲ့ ကောင်းကင်ပြာပြာနဲ့ သစ်ရွက် ဝါဝါလေး ရပါလိ့မ်မယ်..။ ဒီလိုမှ မဟုတ်ဖူး ကျွန်တော်ကတော့ ဟိုဘက် Angle က ပဲရိုက်ချင်တယ်ဆိုရင်တော့ ကျွန်တော်အပေါ်မှာ ပြောခဲ့သလို HDR ပဲရိုက်ပါ..။
ဒါပေမယ့်…။ ဒါပေမယ့်…။

အဲ့လိုနေကိုနောက်ခံထားပြီးရိုက်ချင်တယ်…။ ကောင်းကင်ကိုလည်း မ Burn ချင်ဘူးဆိုရင် နည်းတစ်နည်းရှိပါသေးတယ်..။ ဒီကောင့်ကို ဘာလို့ နောက်ဆုံးမှ ပြောရသလဲဆိုတော့ ဒီကောင်က အမြဲတမ်းမမှန်ပါဘူး..။ နေရဲ့ အရှိန် ဘယ်လောက်ပြင်းနေသလဲ ဆိုတဲ့အပေါ်မှာ မူတည်ပြီး မိတ်ဆွေလိုချင်သလို ရရင်လည်း ရမယ်..။ ရချင်မှလည်းရမယ်..။ သိပ်မသေချာပါဘူး…။ ဒါကြောင့်နောက်ဆုံးမှ ပြောတာပါ..။ ဘယ်လိုရိုက်ရမလဲဆိုရင် Camera ရဲ့ Aperture ကို Down လိုက်ပါ (f/16, f/22) အထိပေါ့..။ ပြီးရင် ISO ကို တင်ရိုက်ပါ (640, 800) အဲ့လို ISO ကိုတင်လိုက်ခြင်းဖြင့် Shutter Speed က မြန်သွားပါလိ့မ်မယ်..။ အဲ့ဒီ့အခါမှာ Shutter မြန်လေ အလင်းဝင်တာ နဲလေ ဖြစ်တဲ့အတွက် ကောင်းကင်ဟာ စောစောက ဖွင့်ရိုက်ထားသလောက် Burn တော့မှာမဟုတ်ပါဘူး..။

နေသိပ်မပြင်းတဲ့အချိန်ဆို ဒီရိုက်နည်းက အောင်မြင်နိုင်ပါတယ်…။ ဒီလောက်ဆိုရင်တော့ Exposure သဘောကို တော်တော်လေး သဘောပေါက်မယ်ထင်ပါတယ်..။ ထပ်ရှင်းရင် ထပ်ရှုပ်မှာဆိုးပါတယ်..။ တစ်ထိုင်တည်းနဲ့ လည်း အကုန်ပြောလို့မကုန်ပါဘူး..။

ဥပမာ မိတ်တွေက တောင်ကြားထဲကနေရိုက်မယ်..။ အပေါ်ဘက်ကိုပေါ့..။ ဘေးက တောင်ကမ်းပါးတွေကိုလည်း ပေါ်ချင်တယ်..။ ဟိုးအေပ်ါက ကောင်းကင်ပြာပြာကြီးကိုလည်း ပေါ်ချင်တယ်..။ တောင်ကမ်းပါးကို Exposure ယူရင် ကောင်းကင်ကြီးက ဖြူဖွေးသွားတယ်..။ ကောင်းကင်ကြီးကို Exposure ယူရင် တောင်ကမ်းပါးကြီးက မဲသွားတယ်…။ ဒါမျိုးတွေ ရှိပါလိ့မ်မယ်..။ ဥာဏ်ရှိသလို သေသေချာချာ စဉ်းစားပြီးရိုက်ပါ…။ ဓာတ်ပုံမှာ သင်္ချာနဲ့ ဥာဏ်က တော်တော်အရေးပါပါတယ်…။

အဲ့လို အခြေအနေဆိုးတွေ မကြုံချင်ရင် ဖြေရှင်းနိုင်တဲ့နည်း တစ်နည်းပဲရှိပါတယ်…။ ဘာလဲဆိုတော့ အချိန်ပေးပါ…။ စောစောကလို တောင်ကမ်းပါးယံကြီးရော ကောင်းကင်ပြာပြာကြီးပါလိုချင်တယ်ဆိုရင် နေမွန်းတည့်နေတဲ့ ၁၂ နာရီ လို အချိန်မျိုးရိုက်လို့တော့ ဘယ်ရမလဲဗျာ..။ ရက်ရက်စက်စက် မကြံကောင်း မစီရာပါ..။ အဲ့လို လိုချင်ရင် နေမပြင်းတဲ့ မနက်စောစော… ဒါမှမဟုတ် ညနေ နေစောင်းတဲ့အချိန်မျိုးကို ရွေးပြီး (အချိန်ပေးစောင့်ပြီး) ရိုက်ပါ..။ ကိုယ်လိုချင်တဲ့ပုံကို တစ်ချက်ထဲနဲ့ ရပါလိ့မ်မယ်..။

နောက်ဆုံးမှတ်သားစရာ တစ်ခုအနေနဲ့ ကျွန်တော့်ဆရာ ဆရာဖေမြင့်ဦးပြောသလို..။ Exposure Difference 1 အတွင်း ရှိတဲ့ အချိန်ကို ရွေးရိုက်ပါ..။ ဒီလိုပါ တောင်ကမ်းပါးယံကို Exposure တိုင်းလိုက်တယ်ဗျာ…။ 0 … အိုကေ …ကောင်းကင်ကိုပြန်တိုင်းတယ်ဗျာ Exposure 1/3, 2/3, 1 စသည်ဖြင့် Exposure +1 ထက်ပိုမနေဘူးဆို ရဲရဲသာရိုက်ဗျာ… အဆင်ပြေတယ်..။ Digital ခေတ်ဖြစ်တဲ့ အတွက် ရိုက်ပြီးရင် အနဲနဲ့အများ Post Processing တော့ လုပ်ရတာပဲ..။ +1 က Post Processing လုပ်တဲ့အချိန်မှာ အသာအယာ ညှိယူလို့ရပါတယ်…။

ဒီပို့စ်အတွက်တော့ ဒီလောက်ပါပဲ..။ စရေးတုန်းက Exposure အကြောင်းရော Metering အကြောင်းပါရေးမလို့ပါပဲ..။ တကယ်ရေးတော့ Exposure တစ်ခုအကြောင်းတောင် တော်တော်ရှည်သွားတဲ့အတွက် Metering အကြောင်းကတော့ နောက်တစ်ခါပေါ့…။ ထုံးစံအတိုင်းပေါ့ဗျာ..။ အားမလျော့ပါနဲ့…။ အားမငယ်ပါနဲ့…။ များများရိုက်ပါ..။ ရိုက်ရင်းလေ့လာပါ..။ လေ့လာရင်းရိုက်ပါ…။ အောင်မြင်ပါစေ…။
လေးစားစွာဖြင့်
Black Dream
http://www.aperture21.com/
P.S – Dedicated To Sayar Pe Myint Oo

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။