BrainWave ဉာဏ်လှိုင်း added 3 new photos.
အချိန်ကား ၂၀၁၂ ဂျွန်လ ၂၁ ရက်
ခရမ်းရောင် လက်ရှည် မြန်မာ အမျိုးသမီးရိုးရာ ၀တ်စူံ နှင့် အဖြူရောင် ပါဝါလေးကို သေသေသပ်သပ် ခြုံကာ ၀တ်ဆင်ထားသော ပါးပါးလျလျ မြန်မာ သမျိုး သမီးတဦးက တလှမ်းချင်း တလှမ်းချင်း အိနြေ္ဒရရ နှင့် ၀သ်မင်စတာ ပါလီမာန် အဆောက်အအ ခမ်းမထဲရှိ ဗြိတိသျှ ပါလီမာန်ရဲ့ အထက်လွှတ်တော် နှင့် အောက်လွှတ်တော် ၂ ရပ်ပေါင်း အမတ်များရဲ့ စုဝေးရာ ပူးတွဲ အစည်းအဝေး တွင် မိန့်ခွန်းပြောကြားရန် ရောက်ရှိလာခဲ့သူက မြန်မာပြည်ရဲ့ ဒေါ်အောင်ဆန်းစုကြည် ဖြစ်ပါတယ်။
ထိုကဲ့သို့ ပူးတွဲ
ပါလီမာန် တွင် မိန့်ခွန်းပြောကြားဘို့ အထူး အခွင့်အရေးကို ရရှိခဲ့သူများမှာ
လက်ချိုးရေပါက လက် ၅ ချောင်း ပင် ပြည့်မည်မဟုတ်ပေ၊ သူတို့ကာ
အသားအရောင်ခွဲခြားရေးအတွက် နှစ်ပေါင်းများစွာ တိုက်ပွဲဝင်လာခဲ့သူ နဲလ်ဆန်
မင်ဒဲလား၊ ပုပ်ရဟန်းမင်းကြီး Benedict XVI နှင့် ဘာရက် အိုဘားမား တို့ပဲ
ရရှိခဲ့ဘူးပါတယ်၊
ဒေါ်အောင်ဆန်းစုကြည်က ဘာမှ ရှေရှေဝေးဝေး ပြောမသွားခဲ့၊ အနာဂါတ် မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်ကို ပြန်လည် တည်ဆောက် ရေး နှင့် စီးပွားရေးတို့တွင် လာရောက် ရင်းနှီးမြှုပ်နှံပေးကြပါရန် မေတ္တာရပ်ခံ တောင်းဆိုသွားခဲ့ပါတယ်။
ဤသည်ကို ကြည့်က “ဆာ” ဘွဲ့ရ နယ်စားပါယ်စား မြို့စားကြီးများသာ ပါဝင်သည့် ဗြိတိသျှ အထက်လွှတ်တော် နှင့် အောက်လွှတ်တော် ၂ ရပ်ပေါင်း နိုင်ငံရေးသမားကြီးများက မည်မျှအထိ သူမရဲ့ ဂုဏ်သိက္ခာ နဲ့ တိုင်းပြည်အတွက် ကိုယ်ကျိုးမဖက် စွန့်လွှတ်နိုင်မှုတို့အား မည်မျှ အလေးထားခဲ့ကြသနည်းကို တကမ္ဘာလုံးက လေးစားခဲ့ရသည့် နဲလ်ဆန် မင်ဒဲလား နှင့် တန်းတူထား ဂုဏ်ပြုခဲ့ကြသည်။
ထိုသို့သော တိုင်းပြည် ခေါငိးဆောင်ကြီးတယောက်ကို မိမိတို့တိုင်းပြည် လူထုက အရှုံးထဲက အမြတ်ဟု ကံကောင်းထောက်မစွာ ပိုင်ဆိုင်ထားခဲ့ပေသည်။
အရှေ့တောင်အာရှရဲ့ တရုတ်တန်း ဟု အခေါ်ခံခဲ့ရသော ဆင်းရဲသော ကျွန်.းစုကလေးအား ကမ္ဘာ့ထိပ်တန်း အချမ်းသာဆုံး နိုင်ငံ စာရင်းဝင်အောင် ဆွဲတင်ပေးနိုင်ခဲ့သော လီကွမ်းယု၊ စစ်အေးတိုက်ပွဲ ကာလတလျောက်လုံး “Our man from East Eden” ဟု ခေါ်ဝေါ် သမုတ်ချင်း ခံရသည့်အထိ အားကိုးရလောက်အောင် အမေရိကန် နှင့် အင်္ဂလိပ်တို့အတွက် ကွန်မြူနစ် အန္တရာယ်ကို မားမားမတ်မတိ ကာကွယ်ပေးခဲ့သည့် လီကွမ်းယု အား ဇြိတိသျှ တို့က ကျောသပ်ရင်သပ် သာ လုပ်ခဲ့ကြပေမယ့် နိုင်ငံအတွက် ကိုယ်ကျိုးမဖက် အနစ်နာခံခဲ့သည့် ဟူသော စံနှုန်းတွင် ဒေါ်အောင်ဆန်းစုကြည်အား လားလားမျှပင် မမှီဟု သူတို့ မျက်စိထဲတွင် ပုံဖေါ်၍ကား မရခဲ့သဖြင့် မြန်မာ စစ် ဗိုလ်ချုပ်များအား ကုန်စုံဆိုင်တခုတောင် ဖြစ်မြောက်အောင် လုပ်နိုင်စွမ်း မရှိဟု မှန်ကန်စွာ ထောက်ပြ ရှုတ်ချနိုင်ခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရှိန်အ၀ါကို မမှီခဲ့ရရှာပေ၊
ထို အခွင့်အရေးမျိုး ရရန် နည်းမျိုးစုံ ဖြင့် ကြိုးပမ်းခဲ့ပေမယ့် သေသာ သွားခဲ့ရသည်။ ရမသွားခဲ့ရရှာပေ၊
ထိုကဲ့သို့သော ဂုဏ်သိက္ခာကြီးမြင့် လှသည့် ကမ္ဘာတ၀ှမ်းက စံပြုရရှာသည့် ခေါင်းဆောင်ကြီးအား ရွေးချယ်ခွင့် ရထားပါလျက် ထို အခွင့်အရေးကို မသုံးနိုင်ခဲ့ပါက အသိပညာ အရာတွင်ကျွန်တော်တို့ လူမျိုးများအတွက် ကြီးလေးသော ဖျေက်ဖျက်မရသော အမဲကွက်ကြီး စွန်းထင် ကျန်ခဲ့ကြပေလိမ့်မည်ကို အထူးတလည် စိုးရိမ်၍ အခက်အခဲများအကြားမှ ဤ စာစု ကို ကျွန်တော် အမှီရေး၍ တင်ပြ လိုက်ပါသည်။
HSW

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။