အမျိုးသမီးတွေ ဖောက်ပြန်ကြတဲ့ အကြောင်းအရင်း (၄) ခု
-------------------------- -------------------------- -------------
သင့်မှာ ချောမျောလှပတဲ့ ချစ်သူတစ်ဦးရနေပြီး ခိုင်မာတဲ့ သမီးရည်းစားဆက်ဆံရေးတစ်ခုကိုလည်း ထူထောင်ထားပြီဖြစ်လို့ သင့်အပေါ် သူမ ဘယ်တော့မှ မဖောက်ပြန်တော့ဘူးလို့ ထင်နေပါသလား။ ဒါ မှားပါတယ်။
အမျိုးသမီးတစ်ဦးရဲ့ ပြောင်းလဲတတ်တဲ့ စိတ်ဆန္ဒကို သင်ဘယ်တော့မှ လျော့မတွက်ပါနဲ့။ ဘာကြောင့်လဲဆိုရင် သမီးရည်းစားဆက်ဆံရေး ကိစ္စမျိုးတွေမှာ အမျိုးသားများနည်းတူ အမျိုးသမီးတွေဟာလည်း သစ္စာဖောက်တတ်ကြပါတယ်။ အထူးသဖြင့် ဂရုစိုက်မှု သိပ်မပေးတဲ့အခါမျိုးတွေမှာေ ပါ့။ အမျိုးသမီးတွေ ဘာကြောင့် လိမ်လည်ဖောက်ပြန်ကြသလဲဆိုတဲ့  အကြောင်းအရင်းတွေကတော့…
(၁) အနီးကပ်နေမပေးနိုင်ခြင်း
ချစ်သူစုံတွဲဆက်ဆံရေးတစ်ခုမှာ
အမျိုးသမီးတွေ အလိုချင်ဆုံးအရာတစ်ခုက အနီးကပ်ယုယမှုပဲဖြစ်ပါတယ်။
သမီးရည်းစား ဆက်ဆံရေးမှာ အမျိုးသမီးတွေကို ဆက်ဆံရေး အမြဲပြေလည်သလို
ခံစားစေတာက လိင်ဆက်ဆံခြင်းတစ်ခုတည်း မဟုတ်ပါဘူး။ တစ်ဦးနဲ့တစ်ဦး
ထိတွေ့မှုရှိခြင်း၊ အနမ်းခြွေခြင်း နဲ့ မကြာမကြာ ဆက်သွယ်စကားပြောဆိုခြင်းစတဲ့  အရာတွေပဲဖြစ်ပါတယ်။
(၂) လျစ်လျူရှုခံထားရခြင်း၊ မသိကျိုးကျွံပြုခံထားရခြင်း
အမျိုးသမီးတွေက မိမိအား သပ်မက်လိုချင်တဲ့ ခံစားချက်ကို နှစ်ခြိုက်ကြတယ်။ သို့ပေမယ့် ကိုယ့်ချစ်သူရည်းစားအစား ခိုင်းစားမယ့်သူတစ်ဦးလို ပိုခံစားလာခဲ့ပြီဆိုရင် အမျိုးသမီးတွေက သွေဖယ်တတ်ကြတယ်။ နောက်ပြီး အချိန်တွေကို လုပ်ငန်းခွင်တွေမှာသာ ကုန်ဆုံးစေတာ သို့မဟုတ် ရတဲ့အချိန်မှာ ရောင်းရင်းမိတ်ဆွေတွေနဲ့သာ အပြင်လိုက်ထွက်နေမယ်ဆိုရင် သူမကို တခြားတစ်နေရာရာသို့ စွန့်ခွာထွက်သွားဖို့ တွန့်ပို့ပေးသလို ဖြစ်သွားပါပြီ။ အမျိုးသမီးဆိုတာ ခံစားချက်နဲ့ အသက်ရှင်သူတွေဖြစ်ပြီး သူတို့ယောက်ျားတွေကို အမြဲအနားရှိနေစေချင်သလို သူတို့ကို စိတ်ခွန်အား ပေးစေလိုကြတယ်။ သင့်ရဲ့ ချစ်သူစုံဘဝကို စတင် လျစ်လျူရှုလိုက်တာနဲ့ ဖေါက်ပြန်ခြင်းက မလွဲမသွေ ရောက်လာမှာဖြစ်တယ်။
(၃) သင့်ရဲ့လိမ်လည်လှည့်ဖြားမှုကို လက်စားချေခြင်း
အမျိုးသမီးတစ်ဦးက ပြန်လည်သရော်ပြပြီဟေ့ဆို၇င် ငရဲက သူလောက်တောင် ကြောက်စရာမကောင်းတော့သလိုပါ ပဲ။
သင်သူမကို လှည့်စားလိုက်တာကြောင့် သူ့ယုံကြည်မှုကို သင်
ရိုက်ချိုးပစ်ခဲ့တယ် ( ဖြစ်နိုင်ချေက သူ့နှလုံးသားကိုပေါ့)။ သင်သူမကို
နာကျင်မှုပေးခဲ့သလို သူလည်းသင့်ကို ပြန်လည်ခံစားစေချင်တယ်။ သင့်ရဲ့
အမှုမဲ့အမှတ်မဲ့နိုင်မှုတွေကို
ပြန်ပြင်လို့မရပေမယ့် သူမဆီက ခွင့်လွတ်မှု တောင်းယူနိုင်တယ်၊ နောက်တစ်ခါ
ဒီလိုအဖြစ်မျိုး မရှိစေတော့မယ့်အကြောင်း သစ္စာဆိုနိုင်ပြီး နှစ်ဦးလုံးအတွက်
အကူအညီဖြစ်စေဖို့ သမီးရည်းစားဆက်ဆံရေးအကြံအဥာ ဏ်ကို ရယူနိုင်တယ်။ သူမရဲ့ ယုံကြည်မှုပြန်ရယူဖို့အတွက် Sorry ပြောလိုက်ရုံနဲ့ မလုံလောက်ပါ။ အလုပ်နဲ့ သင်လက်တွေ့နဲ့ ပြသရလိမ့်မယ်။
(၄) ချစ်သူစုံတွဲဘဝ အဆုံးသတ်ရောက်နေတယ်လို့ ခံစားရခြင်း
အမျိုးသမီးတွေဆိုတာ စိတ်ခံစားချက်နဲ့ အသက်ရှင်နေသူတွေဖြစ်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာပံ့ပိုးကူ ညီမှု လိုအပ်သလို စိတ်ပိုင်းဆိုင်ရာ အားပေးနှစ်သိမ့်မှုလည်း လိုအပ်ပါတယ်။ သူမကြောင့်သော်လည်းကောင်း၊ တစ်ဖက်လူကြောင့်သော်လည်းကော င်း
အမျိုးသမီးတစ်ဦးက ချစ်သူစုံတွဲဘဝကို ပြီးဆုံးသွားသလို မလွယ်ကူလှတဲ့
ခံစားချက်ရှိနေပြီဆိုရင် အပြင်က သူမကြုံနေရတဲ့ ပုံစံအမျိုးမျိုးနဲ့
ဝင်ရောက်နှောက်ယှက်မှုဒဏ်ကနေ သက်သာရာရအောင် အဲဒီဟာကွက် လိုက်ဖြည့်ဖို့ အမြဲလိုက်ရှာနေတော့မှာဖြစ်တ ယ်။ ဒါ့ကြောင့် အဲဒီအချက်ကို ရှောင်နိုင်ဖို့ ချစ်သူစုံတွဘဝကို အမြဲ ရှင်သန်စေပါ။ အဲဒါ ခံစားချက်တွေ အပြန်အလှန်မျှဝေပေးရာရောက်ပါတယ်။
Source:Thetrentonline
Victor.PaaTung
--------------------------
သင့်မှာ ချောမျောလှပတဲ့ ချစ်သူတစ်ဦးရနေပြီး ခိုင်မာတဲ့ သမီးရည်းစားဆက်ဆံရေးတစ်ခုကိ
အမျိုးသမီးတစ်ဦးရဲ့ ပြောင်းလဲတတ်တဲ့ စိတ်ဆန္ဒကို သင်ဘယ်တော့မှ လျော့မတွက်ပါနဲ့။ ဘာကြောင့်လဲဆိုရင် သမီးရည်းစားဆက်ဆံရေး ကိစ္စမျိုးတွေမှာ အမျိုးသားများနည်းတူ အမျိုးသမီးတွေဟာလည်း သစ္စာဖောက်တတ်ကြပါတယ်။ အထူးသဖြင့် ဂရုစိုက်မှု သိပ်မပေးတဲ့အခါမျိုးတွေမှာေ
(၁) အနီးကပ်နေမပေးနိုင်ခြင်း
ချစ်သူစုံတွဲဆက်ဆံရေးတစ်ခုမ
(၂) လျစ်လျူရှုခံထားရခြင်း၊ မသိကျိုးကျွံပြုခံထားရခြင်း
အမျိုးသမီးတွေက မိမိအား သပ်မက်လိုချင်တဲ့ ခံစားချက်ကို နှစ်ခြိုက်ကြတယ်။ သို့ပေမယ့် ကိုယ့်ချစ်သူရည်းစားအစား ခိုင်းစားမယ့်သူတစ်ဦးလို ပိုခံစားလာခဲ့ပြီဆိုရင် အမျိုးသမီးတွေက သွေဖယ်တတ်ကြတယ်။ နောက်ပြီး အချိန်တွေကို လုပ်ငန်းခွင်တွေမှာသာ ကုန်ဆုံးစေတာ သို့မဟုတ် ရတဲ့အချိန်မှာ ရောင်းရင်းမိတ်ဆွေတွေနဲ့သာ အပြင်လိုက်ထွက်နေမယ်ဆိုရင် သူမကို တခြားတစ်နေရာရာသို့ စွန့်ခွာထွက်သွားဖို့ တွန့်ပို့ပေးသလို ဖြစ်သွားပါပြီ။ အမျိုးသမီးဆိုတာ ခံစားချက်နဲ့ အသက်ရှင်သူတွေဖြစ်ပြီး သူတို့ယောက်ျားတွေကို အမြဲအနားရှိနေစေချင်သလို သူတို့ကို စိတ်ခွန်အား ပေးစေလိုကြတယ်။ သင့်ရဲ့ ချစ်သူစုံဘဝကို စတင် လျစ်လျူရှုလိုက်တာနဲ့ ဖေါက်ပြန်ခြင်းက မလွဲမသွေ ရောက်လာမှာဖြစ်တယ်။
(၃) သင့်ရဲ့လိမ်လည်လှည့်ဖြားမှုက
အမျိုးသမီးတစ်ဦးက ပြန်လည်သရော်ပြပြီဟေ့ဆို၇င်
(၄) ချစ်သူစုံတွဲဘဝ အဆုံးသတ်ရောက်နေတယ်လို့ ခံစားရခြင်း
အမျိုးသမီးတွေဆိုတာ စိတ်ခံစားချက်နဲ့ အသက်ရှင်နေသူတွေဖြစ်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာပံ့ပိုးကူ
Source:Thetrentonline
Victor.PaaTung

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။