Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, November 20, 2015

အများမျှော်လင့်နေသော သမ္မတ ရွေးချယ်ထားပြီ


အများမျှော်လင့်နေသော သမ္မတ ရွေးချယ်ထားပြီ


အင်န်အယ်လ်ဒီရုံးချုပ်ရှိ သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေသည့် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ်။ အောင်ဌေးလှိုင်/မြန်မာတိုင်း(မ်)အင်န်အယ်လ်ဒီရုံးချုပ်ရှိ သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေသည့် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ်။ အောင်ဌေးလှိုင်/မြန်မာတိုင်း(မ်)

မြန်မာနိုင်ငံတွင် အဓိက နိုင်ငံရေးပါတီကြီး နှစ်ခု က သူတို့ ရွေးချယ်ပေးကြမည့် သမ္မတလောင်း
အမည်ကို ထုတ်ဖော်ပြောဆိုခြင်း မရှိကြသည့်အတွက် အများက ဟိုလူဖြစ်နိုင်သည် သည်လူ
ဖြစ်နိုင်သည် စသည်ဖြင့် မှန်းဆနေကြသည်။

သို့သော် သူရဦးရွှေမန်းကို ပါတီ၏ ယာယီ ဥက္ကဋ္ဌတာဝန်က ဖယ်ရှားလိုက်သည့် သန်ခေါင်ယံ
အာဏာလွှဲပြောင်းမှုအပြီး နောက်ပိုင်း ပြည်ခိုင်ဖြိုးပါတီ၏ အဓိကကျသော ခေါင်းဆောင်အချို့က
ပါတီဥက္ကဋ္ဌသည်သာ သမ္မတလောင်းဖြစ်သည်ဟူသည့် ပြောဆိုမှုများ ပေါ်ထွက်လာသည့်အခါ
လက်ရှိ သမ္မတ ဦးသိန်းစိန်သည်ပင် ပြည်ခိုင်ဖြိုးပါတီ၏ သမ္မတလောင်းဖြစ်လာနိုင်ခြေများသည်
ဟူသည့် ယူဆချက်များ ရှိလာခဲ့သည်။

သို့သော် သူက ရွေးကောက်ပွဲတွင် မည်သည့် မဲဆန္ဒနယ်ကမှ ၀င်ရောက်ယှဉ်ပြိုင်ခြင်း
မရှိခဲ့သည့်တိုင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်ပွဲပြီးသွားလျှင် သမ္မတအရွေးခံနိုင်ခွင့်
ရှိနေသည်။

ယခုအချိန်အထိ ရရှိထားသော ဆန္ဒမဲများအရ ပြည်ခိုင်ဖြိုးပါတီသည် သမ္မတရွေးချယ်နိုင်ခွင့်
နည်းပါးလာနေသည့်အတွက် သူ့ကို တပ်မတော်သား ကိုယ်စားလှယ် အစုအဖွဲ့က ရွေးချယ်ခဲ့လျှင်
သမ္မတဖြစ်နိုင်ခြေ ရှိနေသေးသည်ဟု ယူဆနိုင်တော့မည် ဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကမူ ရွေးချယ်ထားသော သမ္မတလောင်းအမည်ကို ယနေ့တိုင်
တိတိလင်းလင်း ထုတ်ဖော် ပြောဆိုခြင်း မရှိသေးပေ။

ထိုသို့သော မပီဝိုးတ၀ါး အခြေအနေကြောင့်ပင် သမ္မတလောင်း ရွေးချယ်မှုနှင့် ပတ်သက်သော
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဗဟိုအောင်နိုင်ရေး အဖွဲ့ အရေးပေါ်ကြေညာချက်ဟူသည့်
ကြေညာချက်အတုတစ်ခု မကြာမီက ပေါ်ထွက်လာခဲ့သည်။

ထိုကြေညာချက်တွင် နိုဝင်ဘာ ၅ ရက်ဟု ရက်စွဲတပ်ထားပြီး စာအမှတ်များကိုပင်
ဖော်ပြထားသည်။

ထိုကြေညာချက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရွေးချယ်သော သမ္မတလောင်းသည်
အရပ်သားဖြစ်ရမည် ဟူသည့် ဥက္ကဋ္ဌဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်၏ မူဝါဒနှင့်အညီ
ယာယီလျာထားသော သမ္မတလောင်းများမှာ ဒေါက်တာတင်မျိုးဝင်း နှင့် ဦးကိုနီတို့ဖြစ်သည်ဟု
ဆိုထားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ထိုကြေညာချက်မှာ အတုဖြစ်ကြောင်း ငြင်းပယ်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကမူ သူ့နေအိမ်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌
သတင်းထောက်များ၏ မေးမြန်းချက်ကို ဖြေကြားရာတွင် အဖွဲ့ချုပ်၏ မူဝါဒနှင့် ကိုက်ညီသူကို
သမ္မလောင်းအဖြစ် ရွေးချယ်ထားပြီး ဖြစ်သော်လည်း မပြောချင်သေးသောကြောင့်
မပြောခြင်းဖြစ်သည်ဟု ဆိုခဲ့သည်။

NLD ၏ မူဝါဒများမှာ ပါတီဝင်ဖြစ်ခြင်း ပါတီအပေါ် သစ္စာရှိရှိ တာဝန်ထမ်းဆောင်ခဲ့ခြင်း စသည်တို့
ပါဝင်သည်။

အစောပိုင်းကာလက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ သမ္မတလောင်းဖြစ်မည့်သူများအဖြစ်
နာယကကြီး ဦးတင်ဦးနှင့် ဦးဝင်းထိန် တို့ကို ထင်ကြေးပေးခဲ့ကြသော်လည်း သူတို့ နှစ်ဦးစလုံးက
ငြင်းဆိုခဲ့ကြသည်။

ဒေါက်တာ တင်မျိုးဝင်းသည် အထူးကု ဆရာဝန်ကြီး တစ်ဦးဖြစ်သည့်အပြင် ဆရာဝန်များ
ဖြစ်ကြသည့် သူတို့ ဇနီးမောင်နှံ နှစ်ဦးစလုံးသည် ဒေါ်အောင်ဆန်းစုကြည်၏ မိသားစုဆရာဝန်
များလည်း ဖြစ်ကြသည်။

ဆရာဝန်ကြီးသည် ၈၈ အရေးတော်ပုံတွင် သပိတ်ကြီးကြပ်မှု ကော်မတီကို ဦးဆောင်ခဲ့သူ
ဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင် ဖွဲ့စည်းသည့်အခါ ဒေါ်အောင်ဆန်းစုကြည်၏ ဖိတ်ခေါ်မှုဖြင့်
ထိုစဉ်က အင်အန်အယ်လ်ဒီ၏ အဓိက အင်အားဖြစ်သော တတ်သိပညာရှင် အစုတွင် ပါဝင်ခဲ့သူ
ဖြစ်သည်။

လူရည်ချွန် တစ်ဦးဖြစ်ခဲ့သူ ဒေါက်တာတင်မျိုးဝင်းသည် နိုင်ငံရေး အကျဉ်းသားဟောင်းတစ်ဦးလည်း
ဖြစ်ပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် ဗဟိုအောင် နိုင်ရေးအဖွဲ့ဝင် တစ်ဦးအဖြစ် ဆောင်ရွက်ခဲ့သည်ဟု
ဧရာဝတီ သတင်းကဖော်ပြထားသည်။

အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ ယုံကြည်မှုကိုခံရသူ တစ်ဦးဖြစ်ပြီး ပါတီ၏ မူဝါဒများနှင့်
ကိုက်ညီသည့်အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် အစဉ်အဆက် မကင်းမကွာ နေလာသူ
တစ်ဦးဖြစ်သည့်အတွက် သမ္မတလောင်း ဖြစ်လာရန် နီးစပ်သူဖြစ်သော်လည်း NLD က
အတည်ပြု ပြောဆိုခြင်း မရှိသေးပေ။

သူကိုယ်တိုင်က ခွဲစိတ်ဆရာဝန်ကြီးတစ်ဦးဖြစ်သည့်အတွက် ခွဲစိတ်ရသည့် အလုပ်ကိုသာ
ဝါသနာပါသော်လည်း "တိုင်းပြည်ကောင်းဖို့အတွက် လုပ်ကို လုပ်ရမည်ဆို ရင်လည်း ငြင်းလို့မရတဲ့
အပိုင်းပါပဲ"ဟု ဧရာဝတီသတင်းဌာန၏ မေးမြန်းချက်ကို ပြန်လည် ဖြေကြားခဲ့သည်။

လက်ရှိအခြေအနေအရ ထွက်ပေါ်နေသော မဲရလဒ်များအရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည်
လွှတ်တော်နှစ်ရပ်စလုံးတွင် အနိုင်ရရှိနေပြီဖြစ်ရာ ဒုတိယသမ္မလောင်း နှစ်ဦးအပြင်
လွှတ်တော်ဥက္ကဋ္ဌ နှစ်ဦးကိုပါ ရွေးချယ်ရတော့မည် အခြေအနေ ဖြစ်နေသည်။

ဒေါ်အောင်ဆန်းစုကြည်သည် အခြေအနေကို ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်သွားမည့်ပုံ ရှိနေပြီး
လွန်ခဲ့ပြီးသော ကာလများက အတွေ့အကြုံများကို သင်ခန်းစာယူ ဆောင်ရွက်သွားလိမ့်မည်ဟု
ယူဆရသည်။

သူက တရားဝင်ရွေးကောက်ပွဲရလဒ်များနှင့် အညီ ပြောသင့်သည်များကို ပြောသွားမည်ဟု
ဆိုထားသည်။

ပါတီ၏ ထိပ်တန်းခေါင်းဆောင် တစ်ဦးဖြစ်သည့် ဦးဝင်းထိန်က သမ္မတလောင်း ရွေးချယ်ရေးနှင့်
ပတ်သက်ပြီး အရှေ့တိုင်း သတင်းဂျာနယ်သို့ ပြောကြးရာတွင် "သမ္မတလောင်းက ကိုယ်နဲ့
သိတဲ့လူပါ။ ရွေးချယ်တဲ့ သူက သူ့ရဲ့ အရည်အချင်းကိုကြည့်ရင် မဆိုးပါဘူးလို့ အများပြည်သူက
ယူဆမယ့်သူပေါ့။ အရိပ်အမြွက်အနေနဲ့ ပြည်သူတွေ မသိနိုင်သေးတဲ့လူပါ။ ပါတီထဲကလား
နိုင်ငံရေးကျင်လည်တဲ့ သူတွေထဲကလားဆိုတာ ပြောဖို့ခက်ပါတယ်"ဟု ဆိုထားသည်။

သူ၏ ပြောဆိုချက်မှာ ပါတီဝင်ဖြစ်ရမည်ဟူသော အချက်နှင့်တော့ ကွဲလွဲနေသော်လည်း အများက
ဂရုစိုက် စောင့်စားနေသူတစ်ဦး ဖြစ်နေမည်မဟုတ်ဟု ယူဆရမည်ဖြစ်သည်။

သို့သော် ထိုသူသည် တပ်မတော်ခေါင်းဆောင်များနှင့်သော် လည်းကောင်း၊ ပြည်ခိုင်ဖြိုးပါတီ
ခေါင်းဆောင်များနှင့်သော် လည်းကောင်း ထိတွေ့ ဆက်ဆံနိုင်သည့်သူ လေးစားရလောက်သည့်
အရည်အချင်းရှိသူဖြစ်ရန် လိုအပ်နေသည်။

ဦးဝင်းထိန် စကားအရ "မဆိုးပါဘူးလို့ အများပြည်သူက ယူဆမယ့်သူပေါ့"ဆိုသည်မှာ
လူကြိုက်များ ရေပန်းစားနေသည့် သူထက် အများက ထင်မှတ်ထားသည့် နိုင်ငံရေးအတွေ့အကြုံ
အတန်အသင့်ရှိသူ ပညာတတ်တစ်ဦး ဖြစ်မည်ဟု ခန့်မှန်းနိုင်သည်။

ဒေါက်တာတင်မျိုးဝင်းသည် သမ္မတလောင်း မဟုတ်ဟုဆိုသော်လည်း ဖြစ်နိုင်ခြေ ရှိသည့်အထဲတွင်
ထည့်စဉ်းစားသင့်သည်။

သို့မဟုတ်ပါက ပါတီနှင့် အလွန်အမင်း နီးစပ်သော ဆွေနီးမျိုးစပ်တော်သူ ပညာတတ်တစ်ဦး
ဖြစ်နိုင်ကြောင်းအပြင် တချို့ သတင်းများက ဆိုကြလို အမျိုးသမီးတစ်ဦးများ ဖြစ်လာမည်လားဟုပါ
ထည့်စဉ်းစားရတော့မည်။

ဒေါ်အောင်ဆန်းစုကြည်က သမ္မတလောင်း ဖြစ်မည့်သူသည် အာဏာလုံးဝမရှိကြောင်းနှင့် ပါတီ၏
ဆုံးဖြတ်ချက်အတိုင်းသာ ဆောင်ရွက်ရမည်ကို သေသေချာချာ သဘောပေါက်ရမည်ဖြစ်ကြောင်း
ပြောဆိုလာသဖြင့် လာမည့် အစိုးရသစ်၏ သမ္မတ မည်သူဖြစ်လာမည်မှာ အရေးမကြီးတော့ဘဲ
သမ္မတဖြစ်သူထက် ပါတီ၏ ဦးဆောင်မှုကသာ အရေးကြီးလာလိမ့်မည် ဖြစ်သည်။

သို့သော် လာမည့် ဇန်န၀ါရီလကုန်မှ မတ်လအတွင်းတွင် လွှတ်တော်အသစ် ခေါ်ယူမည်ဖြစ်ရာ
ယင်းလွှတ်တော်တွင် အခြေခံဥပဒေပါ ၅၉(စ)ကို ပြင်ဆင်နိုင်ခွင့်ရခဲ့ပြီးလျှင် ဒေါ်အောင်ဆန်းစုကြည်
သမ္မတ ဖြစ်လာနိုင်သည်ဟု ခန့်မှန်းချက် ထုတ်သူများလည်းရှိနေလေသည်။

မည်သို့ပင်ဖြစ်စေ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဖွဲ့စည်းလိုက်သော အစိုးရအဖွဲ့ကို
ဒေါ်အောင်ဆန်းစုကြည်က စီမံအုပ်ချုပ်သွားမည် ဖြစ်သည့်အတွက် သမ္မတလောင်းသည်
သူစိတ်ချယုံကြည်ရသူ ပြောစကား နားထောင်မည့်သူတစ်ဦးသာ ဖြစ်ရပေလိမ့်မည်။

ထို့ကြောင့် ထင်ကြေးအမျိုးမျိုး ပေးနေကြသည့်တိုင် သမ္မတ မည်သူမည်ဝါဆိုသည်ကတော့
ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ရွေးချယ်ထားပြီဆိုသည်မှာ အသေအချာပင် ဖြစ်တော့သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...Print

စည်သူငြိမ်း | Wednesday, 18 November 2015

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။