The Precious Time added 2 new photos.
ပန်းလေး နှစ်ပွင့်
•~•~•~•~•~•~•~•
ဒီနေ့ စတုတ္ထတန်းကျောင်းသူ ၂ဦးနဲ့ သူတို့အမေ T.C လာ ထုတ်ပါတယ်။ ကျောင်းဆက်မထားနိုင်တော့ဘူး။ ရွာပြန်နေကြမယ်တဲ့လေ။ အကျိုးအ ကြောင်း မေးရပြန်ပါတယ်။
အိမ်လခ ၃၀၀၀၀ိ/-
မပေးနိုင်လို့ အိမ်ရှင်က ဆက်မထားတော့ကြောင်း၊ မုဆိုးမဘဝနဲ့ပဲ သမီးလေး
၂ယောက်ကို သံတိုသံစ ဝယ်/ရောင်းအလုပ်နဲ့ လုပ်ကိုင် ကျွေးမွေးကြောင်း၊
မကြာသေးမီက စက်ဘီးတိုက်မှု တစ်ခုကြောင့် အရင်းပြုတ်သွားကြောင်း၊ ခု မနက်စာ
ကို စားစရာမရှိတော့ကြောင်းတွေ သိလိုက်ရပါတယ်။ အချိန်ကြည့်လိုက်တော့ နံနက်
၁၀း၃၀နာရီ။
အကြီးမလေးက သမီးကျောင်းနေချင်တယ်ဆိုပြီး ငိုတယ်။ အမေကလည်း ၃ရက်ရှိပြီ မအိပ်နိုင် မစားနိုင်နဲ့လို့ ပြောပြီး ငိုပါလေရော။ အငယ်မလေးကတော့ သတ္တိခဲ။ အံကြိတ်ထားတယ်။
သူတို့မှာ ဆွေမျိုးလည်း မရှိ။ နေစရာလည်း မရှိ။ ရင်းနှီးစရာလဲ မရှိ။ အရေးပေါ်ပြသနာက ဆာလောင်နေကြပြီလေ။
ကျမ ခဏလောက် ထိုင်စဉ်းစားလိုက်တယ်။ အဲဒီအမျိုးသမီးကိုလဲ မေးမြန်းအကဲခတ်ကြည့်တယ်။ သူက အရင်း ၁၅၀၀၀ိ/- လောက်ရှိရင် တစ်နေ့ ၆၀၀၀ိ/- လောက် ကျန်တယ်တဲ့။
လောလောဆယ် ကျောင်းမှာ အိပ်ခန်းပိုလေး တစ်ခန်းရှိတယ်။ ဥယျာဉ်မှူးရာထူးလဲ လစ်လပ်နေ တယ်။ ယာယီဥယျာဉ်မှူး လုပ်မလား။ ညနေပိုင်းလေး ရေလောင်းပေးရုံပဲ။ နေစရာနဲ့ ရေ၊မီး အခမဲ့ စီစဉ်ပေးမယ်။ လစာတော့ အခု မပေးနိုင်သေး။ ရိုးသားပါ၊ ကြိုးစားပြပါ။ နောက်လတွေ သင့်တော်တဲ့ငွေကြေး ထောက်ပံ့ပေးမယ် ဆိုတော့ ဝမ်းသာလို့ ထိုင်ကန်တော့ကြတယ်။
ကျွန်မလည်း အခုစားဖို့ရော၊ ရင်းနှီးဖို့ရော ပိုက်ဆံ ၂၀၀၀၀ိ/- ပေးလိုက်တယ်။ ကျွန်မတို့အတွက် ဘာမှ မဟုတ်သော်လည်း သူတို့အတွက် အရင်းအနှီးတဲ့။
ညနေမှာ အခြေအနေစောင့်ကြည့်တော့ ၃ယောက်စလုံး သနပ်ခါး အဖွေးသားနဲ့ အမေကရေလောင်း၊ ကလေးတွေက ပြေးလွှား ဆော့ကစားလို့။
အရွယ်ရောက်တော့မယ့် သမီးကလေး ၂ယောက် တစ်နေရာရာရောက်သွား၊ တစ်ခုခုဖြစ်သွားမှာ ပူမိ ပါတယ်။
အခု ကျွန်မအပင်တွေလည်း ရေဝ တော့မယ်။ သူတို့လေးတွေလည်း .......
Credit to - Thida Theint

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။