" ကြီးမြတ်သူတို့ပျော်စံရာ ကမ္ဘာငယ် "
အီတလီနိုင်ငံ ရောမမြို့တွင်းမှာ တည်ရှိပြီး လူဦးရေ ၈၀၀ ကျော်သာရှိတဲ့ ဗာတီကန်နိုင်ငံဟာ ၁၉၂၉ ခုနှစ်မှာ သီးခြားလွတ်လပ်သောနိုင်ငံတစ်ခုအဖြစ် ရပ်တည်ခဲ့တဲ့ ကမ္ဘာ့အသေးငယ်ဆုံးနိုင်ငံ ဖြစ်ပါတယ်။ အသေးငယ်ဆုံးသောနိုင်ငံမှာ ရိုမန်ကက်သလစ်ဘာသာရဲ့ အရေးပါတဲ့ ဂိုဏ်းချုပ်အထွဋ်အထိပ် ပုပ်ရဟန်းမင်းကြီးတွေ အစဉ်အဆက် ရုံးစိုက်ရာ နန်းမြို့တော်ဖြစ်တဲ့တွက် ကြီးမြတ်သူတို့ပျော်စံရာ ကမ္ဘာငယ်တစ်ခုတစ်ခုလို့ တင်စားခေါ်ဝေါ်ရခြင်းပဲဖြစ်ပါတယ်။
ဗာတီကန်မြိုတော် မှာ လေ့လာစရာ၊ တန်ဖိုးထားစရာ ရှေးဟောင်းလက်ရာတွေနဲ့ ပြည့်နှက်နေလို့ တစ်နိုင်ငံလုံးကို ရှေးဟောင်း အမွေအနှစ်အဖြစ် UNESCO က သတ်မှတ်ထားတဲ့ နိုင်ငံပဲဖြစ်ပါတယ်။
မြန်မာ့ပုဂံဟာ သမိုင်းဝင် အမွေအနှစ်ဖြစ်သလို ဗာတီကန်စီးတီးကလည်း သူ့နေရာနှင့်သူ တန်းဖိုးမဖြတ်နိုင်အောင် ကြီးကျယ်ခမ်းနား လှပါတယ်။ ခရစ်ယန်ဘာသာကို အကြမ်းဖျင်းသာနားလည်ပြီး ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်သူ ကျွန်မတို့လိုလူတွေတောင်မှ ဗာတီကန်စီးတီးရဲ့ အစဉ်အလာကြီးမားလှတဲ့ ဘာသာရေး ထုံးတမ်းစဉ်လာတွေကို လေ့လာခွင့်ရတဲ့အတွက် ကျေနပ်မိတာတော့ အမှန်ပါပဲ။ ထာဝရဘုရားသခင်ရဲ့ ကမ္ဘာကြီးကို ဖန်ဆင်းခဲ့တဲ့ နေ့အလိုက် ဖြစ်ပေါ်မှုတွေကို အနုပညာလက်ရာမြောက်စွာ နံရံဆေးရေး ပန်းချီတွေနဲ့ ချယ်မှုန်းထားမှုကလည်း သဘာဝကျပြီး အနုစိတ်လှပါတယ်။
ဗာတီကန်းစီးတီးရဲ့ နောက်ထပ်ထူးခြားချက်ကတော့ ပုပ်ရဟန်းမင်းကြီး အသစ်တင်မြှောက်ဖို့ ရွေးချယ်တဲ့ပွဲဖြစ်ပါတယ်။ နိုင်ငံတကာမှ ခရစ်ယာန်ဂိုဏ်းခေါင်းဆောင်တွေ စုစည်းပြီး ပုပ်ရဟန်းမင်းအသစ် ရွေးချယ်နေစဉ်ကာလမှာ တော်ဝင်တံခါး (သို့) မြင့်မြတ်တံခါးကို လုံးဝပိတ်ထားပြီး ပြင်ပကမ္ဘာနဲ့ အဆက်အသွယ် ဖြတ်ထားပါတယ်။ ပုပ်ရဟန်းမင်းကြီးအသစ် ရွေးချယ်မပြီးမချင်း အဲဒီတံခါးကို ဖွင့်ခွင့်မရှိပါပဲ၊ မီးခိုးခေါင်တိုင်ကနေ မီးခိုးထုတ်လွှင့်ပြီး အချက်ပြတာကို ပြင်ပမှ စောင့်ကြည့်ရှုရပါတယ်။ မီးခိုးခေါင်းတိုင်မှ မီးခိုးထုတ်လွှတ်လိုက်ပြီဆိုရင်တော့ ပုပ်ရဟန်းမင်းကြီးအသစ် ရွေးချယ်တင်မြှောက်ပြီးစီးပြီ ဖြစ်တယ်လို့သိရပါတယ်။
ဗာတီကန်စီးတီးအရှေ့ရှိ စိန့်ပီတာရင်ပြင်တွင် စိုက်ထူထားသော အီဂျစ်က “မော်ကွန်းကျောက်တိုင်” စိုက်ထူထားရာ နေရာဟာလည်း သူတော်စင် စိန့်ပီတာကို ကားစင်တင်ခဲ့တဲ့နေရာလို့လည်း ယူဆကြပြန်ပါတယ်။ အဲဒီလို စိတ်ဝင်စားစရာတွေနဲ့ ပြည့်နှက်နေတဲ့ ဗာတီကန်စီးတီးကို နိုင်ငံတကာကနေ လာရောက်လည်ပတ်သူဟာ နေ့စဉ် ၂၅၀၀၀ ခန့်ရှိပါတယ်။
လာရောက်လေ့လာ လည်ပတ်တဲ့သူတွေထဲမှာ တိုးဒီတို့လို ဘာသာခြားတွေလည်း ပါဝင်ပါတယ်၊ ဘယ်လိုပဲ ဘာသာတွေကွဲပြားနေပါစေ ဘုရားကျောင်းကန်အရိပ်အောက်မှာ ခံစားရတဲ့ စိတ်အေးချမ်းမှုကတော့ အတူတူပါပဲ။ မတူညီကွဲပြားတဲ့ ဘာသာအယူဝါဒတွေ ထုံးတမ်းစဉ်လာတွေနဲ့ လူသားတွေအတူ ယှဉ်တွဲနေထိုင်ကြတဲ့ ဒီကမ္ဘာကြီးကို တိုးဒီနဲ့ အတူတူ လေ့လာချင်တယ်ဆိုရင် တိုးဒီရဲ့ ဒီဇင်ဘာ ဥရောပ ခရီးစဉ်မှ ဖိတ်ခေါ်ပါရစေရှင်။
ဥရောပ (၃) နိုင်ငံ ခရီးစဉ် (အီတလီ၊ ဆွစ်ဇာလန်၊ ပြင်သစ်)
ဒီဇင်ဘာ (၉ညအိပ်/၁၀ရက် ) ► တစ်ဦးလျှင် USD 3850
ဥရောပ(၆) နိုင်ငံ ခရီးစဉ်
(အီတလီ၊ ဆွစ်ဇာလန်၊ ဂျာမနီ၊ ဟော်လန်၊ ဘယ်လ်ဂျီယံ၊ ပြင်သစ်)
ဒီဇင်ဘာ (၁၂ညအိပ်/၁၄ရက် ) ► တစ်ဦးလျှင် USD 4500
Day 01 - ရန်ကုန် - ဒိုဟာ - ရောမမြို့
Day 02 - ရောမမြို့ ( ဗာတီကန်စီးတီး၊ ကိုလိုစီယမ်)
Day 03 - ရောမ - ပီစာမျှော်စင်
Day 04 - ပီစာ - ဗင်းနစ်ရေပေါ်မြို့
Day 05 - ဗင်းနစ် - မီလန်
Day 06 - ဆွစ်ဇာလန် ရေခဲတောင်
Day 07 - ဆစ်ဇာလန် - ပဲရစ်
Day 08 - ပဲရစ် -
Day 09 - ပဲရစ် - ဒိုဟာ - ရန်ကုန်
Day 10 - ရန်ကုန်မြို့သို့ နံနက်စောစောတွင် ပြန်လည်ရောက်ရှိမည်ဖြစ်ပါသည်။
တိုးဒီနဲ့ GO ပြီ……
အမှတ်(၁၀၉)၊ ပထမထပ်၊ စဥ့်အိုးတန်းလမ်း၊ လသာမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း - 378503, 378127, 250734,

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။