"မြန်မာပြည်၊ကျနော်တို့ နဲ့ ဂလိုဘယ်လိုက်ဇေးရှင်း ကမ္ဘာ"(၁)
(၁) နိဒါန်း
အခု မြန်မာနိုင်ငံမှာအပြောင်းအလဲတွေ၊တိုးတက်မှုသတင်း တွေကြား ရတော့ စိတ်ချမ်းသာရပါတယ်။ နှစ်ပေါင်း လေးငါးဆယ်ကျော် မျက်စိပိတ်နားပိတ်နဲ့နိုင်ငံတကာနဲ့ ကင်းကွာခဲ့၊ လူမှုရေး စီးပွားရေး အားလုံးကျဆင်း နေခဲ့တဲ့ အခြေအနေကနေအခုလို နိုင်ငံတကာနဲ့ဆက်ဆံရေးလမ်းကြောင်းပေါ် ပြန်ရောက်ပြီး စီးပွားရေး၊ပညာရေး၊ လူမှုရေးတွေ ပြောင်း လဲ၊တိုးတက်လာတာဟာ ကောင်းတဲ့ အလားအလာပါ။အစပိုင်း မှာ အဖုအထစ်၊အခက်အခဲတွေရှိမှာဖြစ်ပေမဲ့ရေရှည်မှာတော့
အနည်းဆုံး အရှေ့  တောင်အာရှနိုင်ငံတွေကို ရင်ဘောင်တန်း
နိုင်လိမ့်မယ်..လို့ မျှော်လင့်ချက်ထားလာရတဲ့ အချိန်ခါလဲဖြစ်ပါတယ်။
ဒါပေမဲ့ ကျနော်တို့ အများကြီး လုပ်ကြဖို့လိုသေးတယ်ဆိုတာအားလုံး
အသိပါ။လွန်ခဲ့တဲ့နှစ် ပေါင်း ၂၀-၃၀ အတွင်းမှာ ကမ္ဘာကြီး(အထူးသဖြင့် အာရှ)
ဟာအကြီးအကျယ်ပြောင်းလဲ သွား ခဲ့ ပြီ်။ အကြောင်းအမျိုးမျိုးကြောင့် အာရှ နိုင်ငံတော်တော်များများစီးပွားရေးကောင်းလာကြတယ်။အရင်တုံးကတော့ အမေရိကန်ြပီးရင် ဂျပန်ဟာ ကမ္ဘာ့စီးပွားရေး အကြီးဆုံးဖြစ်ပေမဲ့တရုတ်ပြည်က မနှစ်ကပဲ ဂျပန်ကိုကျော်တက်ြပီးတော့ ဒုတိယစီးပွားရေးအကြီးဆုံး ဖြစ်သွားတယ်။(ပြသနာပေါင်းသောင်းခြောက်ထောင်ရှိနေပေမဲ့) ဘာပဲပြောပြော ကမ္ဘာ့ စီးပွားရေးအင်အားကြီးနှစ်နိုင်ငံဟာအာရှကဖြစ်နေတာဟာ ဂုဏ်ယူစရာပါ။
နောက်ြပီးတော့ ကိုရီးယား။တိုးတက်မှုကအံမခန်းပါပဲ။ ထိုင်ဝမ်၊ဟောင်ကောင်၊အလုပ်လုပ်တဲ့နေရာမှာ အလွန် စမတ်ကျပါတယ်။ ဒါကြောင့်လဲ အရှေ့အာရှ ဟာ တစ် ကမ္ဘာလုံးကအာရုံစိုက်ရတဲ့ဒေသ တစ်ခုဖြစ်လာခဲ့တယ်။ ကျနော်တို့ အနောက်ဖက် ကအိန္ဒိယ။အိုင်တီနည်းပညာအလွန်ထွန်းကားတဲ့နိုင်ငံ၊ English စကားကောင်းကောင်း ပြောတတ်တဲ့ ပညာရှင်သန်းနဲ့ ချီရှိတယ်၊ကမ္ဘာ့ကုမ္ဗဏီတွေရဲ့ထိပ်ပိုင်း ခေါင်းဆောင်နေရာ တော်တော်များများ မှာ သူတို့ ရှိတယ်။
အရှေ့တောင်အာရှကို ကြည့်ပြန်တော့လည်း စင်္ကာပူဟာအရှေ့ တောင်အာရှရဲ့  ဖွံ့ ဖြိုးပြီး နိုင်ငံ၊ အလွန်လိမ်မာပါးနပ်တဲ့အစိုးရ နဲ့ ကောင်းမွန်တဲ့စနစ်တွေရှိတယ်။
လူတော်တော်များများဟာ နိုင်ငံတကာနဲ့  ဆက်ဆံရာမှာ ကျွမ်းကျင်ကြတယ်။ပြီး
ထိုင်း၊မလေးရှား။ အပြိုင်အဆိုင် တိုးတက်အောင် လုပ်နေကြပြီ။နောက်
မကြာသေးခင်ကမှဒီမိုကရေစီလမ်းကြောင်းပေါ်ကိုရောက်လာကြတဲ့ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်တွေ ဟာလည်း နိုင်ငံဖွံဖြိုးတိုးတက်အောင
်အစွမ်းကုန်လုပ်လာကြတယ်။ နောက်ဆုံး ဗီယက်နန်နိုင်ငံ ကြည့်၊လွန်ခဲ့တဲ့
၎-၅နှစ်ကမှ နိုင်ငံတကာကိုဖွင့်တာတောင် အာရှရဲ့ ဖွံ့ ဖြိုးမှု
အမြန်ဆုံးနိုင်ငံတစ်ခုအဖြစ်နဲ့ရှိနေ ပြီ။
ဒီလိုနိုင်ငံတွေကို ကျနော်တို့ အမှီလိုက်ဖို့၊ဖြစ်နိုင်ရင်ကျော်တက် ချင်တဲ့ စိတ်တွေ ကျနော်တို့ အားလုံး ပြင်းပြနေကြတယ်လို့ ကျနော်ယုံတယ်။ကျနော်..နိုင်ငံတကာက
လူတွေ၊အဖွဲ့ အစည်းတွေနဲ့  အလုပ်လုပ်တဲ့အခါ သူတို့ နိုင်ငံ၊သူတို့အဖွဲ
့အစည်းတွေကို တိုးတက်အောင် ဘယ်လိုလုပ်နေကြတယ်ဆိုတာ
အမြဲတမ်းကြားနေ၊သိနေကြရပါတယ်။ဒါအတွေ့ အကြုံကိုမျှဝေချင်လို့ ဒီစာကို ရေးဖြစ်တာပါ။
သူတို့ ကို ယှဉ် ပြိုင်ဖို့ ကျနော်တို့မှာကောင်းတာတွေတော်တော်ရှိတယ်ဗျ။ပထမ ကျနော်တို့ မှာ “အောင်စိတ်” ရှိတာပဲ။ အကြောင်းအမျိုးကြောင့် မြန်မာဟာနောက်ရောက်ခဲ့ပေမဲ့အရင် တုန်းက ‘အာရှမှာ မြန်မာဟာ ထိပ်ဆုံးကကွ”…ဆိုတဲ့ အောင်စိတ်ပေါ့ ။ ဒီစိတ်ဟာ သိပ်အရေးကြီးတာပေါ့။ဂျပန်တွေပြာပုံအောက် က ထိုးထွက်အောင်လုပ်ခဲ့တဲ့ စိတ်ဓါတ်မျိုးပေါ့။
ဒါပေမယ့်ကျနော်တို့ ရှေ့ ဆက်မဲ့ခရီးအတွက်realistic လက်ရှိအခြေအနေ၊လက်ရှိ ကမ္ဘာအခင်းအကျင်းကို မှန်မှန်ကန်ကန် မြင်ဖို့ ၊နားလည်ဖို့တော့လိုမယ်။ အဲဒီအိမ်နီးချင်းနိုင်ငံတွေဟာ အရင်ကလို အခြေအနေတော့မဟုတ်တော့ဘူး။ကျနော်တို့ ခေတ်ကောင်းခဲ့တဲ့ ၁၉၅၀ ပတ်ဝန်းကျင်တုန်း က ဆိုရင် တရုတ်ပြည်က ကွန်မြူနစ်စနစ်အောက်မှာဆင်းရဲတုန်း။ ကိုရီးယားစစ်အာဏာရှင်အောက်မှာဒုက္ခတွေနဲ့ ။ ဂျပန်တောင် ပြာပုံထဲကရုန်းထွက်ကာစ။စင်္ကာပူဆို နိုင်ငံတောင်မရှိသေးဘူး။ အခုတော့ အားလုံးသိကြတဲ့အတိုင်းပဲ။ထိုင်းတို့၊ မလေးရှားတို့  တောင်တော်တော် ခရီးရောက်နေပြီ။ပြိုင်ဖက်တွေဟာ အဲဒီခေတ်ကလို ခတ်ညံ့ညံ့တော့ မဟုတ်တော့ဘူး။
ဒါပေမယ့် ကျနော်တို့ လူမျိုးဟာ သင်လွယ်၊တတ်လွယ်တယ်။ဥာဏ်ရည်မြင့်တဲ့လူမျိုး။ ဒါကလဲ..နိုင်ငံတကာနဲ့  ယှဉ်ပြိုင်ရာမှာသိပ်အရေးကြီးတယ်။ ထိပ်ကို မြန်မြန်ရောက်သွားနိုင်တယ်။
နိုင်ငံရဲ့ တည်ရှိပုံကလဲကောင်းတယ်ဗျ။ ကျနော်ရှေ့ မှာပြောခဲ့ တဲ့
အရှေ့ အာရှ၊အရှေ့ တောင်အာရှနဲ့ အနောက် အာရှနိုင်ငံတွေရဲ
အလယ်လောက်မှာရှိတယ်။ ဒီနိုင်ငံတွေအကြား ကူးသန်းဆက်သွယ်ဖို့
အချက်အချာနေရာပေါ့ဗျာ။
ဒီလိုအခြေ အနေ၊ဒီလို အောင်စိတ်၊ဒီလိုလူတွေနဲ့ သာ..အခုလို ဂလိုဘယ်လိုက်ဇေးရှင်း အာားကောင်းမောင်းသန်ဖြစ်ထွန်းနေ တဲ့ ကမ္ဘာမှာ အားလုံး ပူးပုးပေါင်းပေါင်း၊ တက်ညီလက်ညီ၊ စနစ်တကျလုပ်နိုင်ကြရင်မြန်မာဟာ မကြာတော့မဲ့ နှစ်များအတွင်းမှာ ကမ္ဘာ့ရဲ့ စီးပွားရေး အံ့ဖွယ်တစ်ခု ဖြစ်လာသေချာတယ်။
(အပိုင်း-၂ ဆက်"မြန်မာပြည်၊ကျနော်တို့ နဲ့ ဂလိုဘယ်လိုက်ဇေးရှင်း ကမ္ဘာ"(၁)ရန်)
အားလုံးအောင်မြင်ပျော်ရွှင်ကြပါစေ
ဒေါက်တာအောင်မျိုး(၃-၃-၂၀၁၃)
(၁) နိဒါန်း
အခု မြန်မာနိုင်ငံမှာအပြောင်းအလ
ဒါပေမဲ့ ကျနော်တို့ အများကြီး လုပ်ကြဖို့လိုသေးတယ်ဆိုတာအ
နောက်ြပီးတော့ ကိုရီးယား။တိုးတက်မှုကအံမခ
အရှေ့တောင်အာရှကို ကြည့်ပြန်တော့လည်း စင်္ကာပူဟာအရှေ့ တောင်အာရှရဲ့  ဖွံ့ ဖြိုးပြီး နိုင်ငံ၊ အလွန်လိမ်မာပါးနပ်တဲ့အစိုး
ဒီလိုနိုင်ငံတွေကို ကျနော်တို့ အမှီလိုက်ဖို့၊ဖြစ်နိုင်ရင
သူတို့ ကို ယှဉ် ပြိုင်ဖို့ ကျနော်တို့မှာကောင်းတာတွေ
ဒါပေမယ့်ကျနော်တို့ ရှေ့ ဆက်မဲ့ခရီးအတွက်realistic လက်ရှိအခြေအနေ၊လက်ရှိ ကမ္ဘာအခင်းအကျင်းကို မှန်မှန်ကန်ကန် မြင်ဖို့ ၊နားလည်ဖို့တော့လိုမယ်။
ဒါပေမယ့် ကျနော်တို့ လူမျိုးဟာ သင်လွယ်၊တတ်လွယ်တယ်။ဥာဏ်ရည်
ဒီလိုအခြေ အနေ၊ဒီလို အောင်စိတ်၊ဒီလိုလူတွေနဲ့ သာ..အခုလို ဂလိုဘယ်လိုက်ဇေးရှင်း အာားကောင်းမောင်းသန်ဖြစ်ထွန
(အပိုင်း-၂ ဆက်"မြန်မာပြည်၊ကျနော်တို့ နဲ့ ဂလိုဘယ်လိုက်ဇေးရှင်း ကမ္ဘာ"(၁)ရန်)
အားလုံးအောင်မြင်ပျော်ရွှင်
ဒေါက်တာအောင်မျိုး(၃-၃-၂၀၁၃
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။