ကလေးလေးအတွက် ဖေဖေပြောမဲ့ ကမ္ဘာမြေအကြောင်း
…………………………
မမွေးဖြစ်သေးတဲ့ ကလေး လေး ဆီ
ဖေဖေ..စာရေးလိုက်တယ်….။
ကလေး လေး ရှင်သန်ခွင့်မရသေးတဲ့
ဟော့ဒီကမ္ဘာမြေနဲ့ လူတွေအကြောင်းပေါ့…။
ကလေးလေး ရှင်သန်ခွင့်မရသေးတဲ့ ဒီကမ္ဘာမှာလေ
ကိုယ့်မျက်လုံး ကိုယ်ဖောက်ထုတ်ပြီး စနိုက်ဖာမှန်ပြောင်းတတ်ထားသူတွေ ရှိတယ် ။
ကိုယ့်ဦးနှောက် ကိုယ်ဖောက်ထုတ်ပြီး မောင်းချဓါးထည့်ထားသူတွေ ရှိတယ်..။
ကိုယ့်နှလုံးသား ကိုယ်ဖောက်ထုတ်ပြီး လက်ပစ်ဗုံးအစားထိုးထားသူတွေ ရှိတယ်..။
သိပ်..ကြောက်ဖို့ကောင်းတဲ့လူတွေပေါ့…..။
ကလေးလေး ရှင်သန်ခွင့်မရသေးတဲ့ ဒီကမ္ဘာမှာလေ
သစ်ပင်တွေ ခုတ်ပစ်လိုက်ကြပြီး အဲယားကွန်းစက်ရုံတွေ ထောင်ကြတယ်..။
မြစ်တွေကို မြေဖို့လိုက်ကြပြီး ဆည်တွေကို တည်ဆောက်ကြတယ်..။
လေထုထဲ အဆိပ်တွေထုတ်လွှတ်ပြီး အောက်ဆီဂျင်ကို ငွေပေးရှုကြသတဲ့…။
သိပ်..ရယ်ဖို့ကောင်းတဲ့လူတွေပေါ့…။
ကလေးလေး ရှင်သန်ခွင့်မရသေးတဲ့ ဒီကမ္ဘာမှာလေ
ပန်းစိုက်သူတွေဆင်းရဲပြီး ကျည်ဆံထုတ်သူတွေချမ်းသာကြတယ်..။
လယ်ထွန်သူတွေငတ်ပြတ်ပြီး လယ်သိမ်းသူတွေ ၀မ်းစိုကြတယ်..။
ငြိမ်းချမ်းရေးသမားတွေအဆဲခံရပြီး စစ်သွေးကြွတွေ လက်ခုပ်တီးခံရတယ်..။
သိပ်..သနားစရာကောင်းတဲ့လူတွေပေါ့….။
ကလေးလေး ရှင်သန်ခွင့်မရသေးတဲ့ ဒီကမ္ဘာမှာလေ
မေတ္တာတရားရဲ့တန်ဖိုးဟာနည်းပါးပြီး ပိုက်ဆံရဲ့ တန်ဖိုးဟာ ပိုမိုမြင့်တက်
ကလေးတွေရဲ့ ရယ်သံတွေ ရှားပါးပြီး သန္ဒေတားဆေးတွေ ပိုမိုဝယ်လိုအားမြင့်
မိသားစုတန်ဖိုးဟာ ပျောက်ရှပြီး တစ်ကိုယ်ကောင်းစိတ်တွေ ပိုမိုကြီးထွား
မိဘမဲ့ကျောင်းနဲ့ ဘိုးဘွားရိပ်သာတွေကလည်း တစ်နေ့တစ်ခြားများပြားလာလေရဲ့…။
ကလေးလေးရေ…
သစ်ပင်တွေ မစိမ်းစိုတော့သလို လူတွေက ခြောက်သွေ့
တောင်တန်းတွေ မသန်မာတော့သလို လူတွေက ချည့်နဲ့
ပင်လယ်တွေ မစင်ကြယ်တော့သလို လူတွေက ညစ်ညမ်း..
ကလေးလေး ရှင်သန်ခွင့်မရသေးတဲ့ ဒီကမ္ဘာမှာလေ…။
ထစ်ခနဲရှိ အသားအရောင်ခွဲ
ထစ်ခနဲရှိ လူတန်းစားခွဲ
ထစ်ခနဲရှိ လူမျိုးရေးခွဲ
ထစ်ခနဲရှိ ဘာသာရေးခွဲ
ခွဲစရာမရှိ ကိုယ့်စိတ်ရင်း နဲ့ ကိုယ့်ယုံကြည်ချက်ကိုတောင်ခွဲပစ်ကြရင်း
ထစ်ခနဲရှိ စစ်တွေ ခဏခဏထဖြစ်ပြီး
ကိုယ်နေတဲ့ ကမ္ဘာ ကိုတောင်မှ ထက်ခြမ်းခွဲပစ်ချင်ကြသေးတဲ့ လူတွေရှိတယ်..။
ကလေးလေးရယ်…
မင်းဟာ သားလေး ဖြစ်ဖြစ် သမီးလေးဖြစ်ဖြစ်
ဒီကမ္ဘာမှာ လူဖြစ်ခွင့်ရခြင်း မရခြင်းဟာ
ဘုရားသခင် အလိုတော်ပေါ့…။
ဖေဖေတို့တောင်
ဟော့ဒီကမ္ဘာကပ်ဆိုးကြီးထဲက လွတ်မြောက်ဖို့ရာ ထွက်ပေါက်ရှာဆဲမို့
ငါ့ကလေးလေး..
ကံကောင်း ကံဆိုး
ဖေဖေ ဘာမှ ကဗ္မည်းမထိုးလိုတော့ဘူး..။
တစ်ကယ်လိုများ….
ချစ်ခြင်းမေတ္တာနဲ့ ငြိမ်းချမ်းနေတဲ့ နောက်ကမ္ဘာတစ်ခုရှိခဲ့မယ်ဆို
သစ္စာတရားနဲ့ စိမ်းလန်းနေတဲ့ နောက်ကမ္ဘာတစ်ခုရှိခဲ့မယ်ဆို
မိသားစုစိတ်ဓာတ်တွေနဲ့လုံးဝန်းနေတဲ့ နောက်ကမ္ဘာတစ်ခုရှိခဲ့မယ်ဆို
မိခင်စိတ် ဖခင်စိတ်တွေ တဖိတ်ဖိတ်တောက်လျှံကျနေတဲ့ ကမ္ဘာတစ်ခုရှိခဲ့မယ်ဆို..
အဲ့ဒီအချိန်မှာ
ဖေဖေတို့ သားအဖ အတူတကွ
လူဖြစ်ခွင့်ရဖို့
ဖေဖေ ဆုတောင်းပါတယ်…။
ခက်ဇော်
…………………………
မမွေးဖြစ်သေးတဲ့ ကလေး လေး ဆီ
ဖေဖေ..စာရေးလိုက်တယ်….။
ကလေး လေး ရှင်သန်ခွင့်မရသေးတဲ့
ဟော့ဒီကမ္ဘာမြေနဲ့ လူတွေအကြောင်းပေါ့…။
ကလေးလေး ရှင်သန်ခွင့်မရသေးတဲ့ ဒီကမ္ဘာမှာလေ
ကိုယ့်မျက်လုံး ကိုယ်ဖောက်ထုတ်ပြီး စနိုက်ဖာမှန်ပြောင်းတတ်ထားသ
ကိုယ့်ဦးနှောက် ကိုယ်ဖောက်ထုတ်ပြီး မောင်းချဓါးထည့်ထားသူတွေ ရှိတယ်..။
ကိုယ့်နှလုံးသား ကိုယ်ဖောက်ထုတ်ပြီး လက်ပစ်ဗုံးအစားထိုးထားသူတွေ
သိပ်..ကြောက်ဖို့ကောင်းတဲ့လ
ကလေးလေး ရှင်သန်ခွင့်မရသေးတဲ့ ဒီကမ္ဘာမှာလေ
သစ်ပင်တွေ ခုတ်ပစ်လိုက်ကြပြီး အဲယားကွန်းစက်ရုံတွေ ထောင်ကြတယ်..။
မြစ်တွေကို မြေဖို့လိုက်ကြပြီး ဆည်တွေကို တည်ဆောက်ကြတယ်..။
လေထုထဲ အဆိပ်တွေထုတ်လွှတ်ပြီး အောက်ဆီဂျင်ကို ငွေပေးရှုကြသတဲ့…။
သိပ်..ရယ်ဖို့ကောင်းတဲ့လူတေ
ကလေးလေး ရှင်သန်ခွင့်မရသေးတဲ့ ဒီကမ္ဘာမှာလေ
ပန်းစိုက်သူတွေဆင်းရဲပြီး ကျည်ဆံထုတ်သူတွေချမ်းသာကြတယ
လယ်ထွန်သူတွေငတ်ပြတ်ပြီး လယ်သိမ်းသူတွေ ၀မ်းစိုကြတယ်..။
ငြိမ်းချမ်းရေးသမားတွေအဆဲခံ
သိပ်..သနားစရာကောင်းတဲ့လူတေ
ကလေးလေး ရှင်သန်ခွင့်မရသေးတဲ့ ဒီကမ္ဘာမှာလေ
မေတ္တာတရားရဲ့တန်ဖိုးဟာနည်းပ
ကလေးတွေရဲ့ ရယ်သံတွေ ရှားပါးပြီး သန္ဒေတားဆေးတွေ ပိုမိုဝယ်လိုအားမြင့်
မိသားစုတန်ဖိုးဟာ ပျောက်ရှပြီး တစ်ကိုယ်ကောင်းစိတ်တွေ ပိုမိုကြီးထွား
မိဘမဲ့ကျောင်းနဲ့ ဘိုးဘွားရိပ်သာတွေကလည်း တစ်နေ့တစ်ခြားများပြားလာလေရ
ကလေးလေးရေ…
သစ်ပင်တွေ မစိမ်းစိုတော့သလို လူတွေက ခြောက်သွေ့
တောင်တန်းတွေ မသန်မာတော့သလို လူတွေက ချည့်နဲ့
ပင်လယ်တွေ မစင်ကြယ်တော့သလို လူတွေက ညစ်ညမ်း..
ကလေးလေး ရှင်သန်ခွင့်မရသေးတဲ့ ဒီကမ္ဘာမှာလေ…။
ထစ်ခနဲရှိ အသားအရောင်ခွဲ
ထစ်ခနဲရှိ လူတန်းစားခွဲ
ထစ်ခနဲရှိ လူမျိုးရေးခွဲ
ထစ်ခနဲရှိ ဘာသာရေးခွဲ
ခွဲစရာမရှိ ကိုယ့်စိတ်ရင်း နဲ့ ကိုယ့်ယုံကြည်ချက်ကိုတောင်ခ
ထစ်ခနဲရှိ စစ်တွေ ခဏခဏထဖြစ်ပြီး
ကိုယ်နေတဲ့ ကမ္ဘာ ကိုတောင်မှ ထက်ခြမ်းခွဲပစ်ချင်ကြသေးတဲ့
ကလေးလေးရယ်…
မင်းဟာ သားလေး ဖြစ်ဖြစ် သမီးလေးဖြစ်ဖြစ်
ဒီကမ္ဘာမှာ လူဖြစ်ခွင့်ရခြင်း မရခြင်းဟာ
ဘုရားသခင် အလိုတော်ပေါ့…။
ဖေဖေတို့တောင်
ဟော့ဒီကမ္ဘာကပ်ဆိုးကြီးထဲက လွတ်မြောက်ဖို့ရာ ထွက်ပေါက်ရှာဆဲမို့
ငါ့ကလေးလေး..
ကံကောင်း ကံဆိုး
ဖေဖေ ဘာမှ ကဗ္မည်းမထိုးလိုတော့ဘူး..။
တစ်ကယ်လိုများ….
ချစ်ခြင်းမေတ္တာနဲ့ ငြိမ်းချမ်းနေတဲ့ နောက်ကမ္ဘာတစ်ခုရှိခဲ့မယ်ဆို
သစ္စာတရားနဲ့ စိမ်းလန်းနေတဲ့ နောက်ကမ္ဘာတစ်ခုရှိခဲ့မယ်ဆို
မိသားစုစိတ်ဓာတ်တွေနဲ့လုံးဝ
မိခင်စိတ် ဖခင်စိတ်တွေ တဖိတ်ဖိတ်တောက်လျှံကျနေတဲ့ ကမ္ဘာတစ်ခုရှိခဲ့မယ်ဆို..
အဲ့ဒီအချိန်မှာ
ဖေဖေတို့ သားအဖ အတူတကွ
လူဖြစ်ခွင့်ရဖို့
ဖေဖေ ဆုတောင်းပါတယ်…။
ခက်ဇော်
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။