Followers အားေပးသူမ်ား အထူး အထူးပဲ ေက်းဇူးတင္ပါသည္။

✩✩ ✩ ✩ ✩ ✩ ✩သီခ်င္းခ်စ္သူ ✪ မွ ✪ သီခ်င္းခ်စ္သူသို႔✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ္႔ခ်စ္ AhMoon&အမြန္း AhNaing&အႏိုင္ AhNge&အငဲ Akuk Alex&အဲလက္စ္ AnnHellar&အန္ဟဲလာ Ar-T AungHtet&ေအာင္ထက္ AungLa&ေအာင္လ AungNaing&ေအာင္ႏိုင္ AungThu&ေအာင္သူ AungYin&ေအာင္ရင္ AuraLi&အာ္ရာလီ AyeChanMay&ေအးခ်မ္းေမ AyeTinChoShwe&ေအသင္ခ်ိဳေဆြ AyeWuttYiThaung&ေအးဝတ္ရည္ေသာင္း BaDin&ဗဒင္ Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန္ BoPhyu&ဘိုျဖဴ Breaky&ဘရိတ္ကီ BunnyPhyoe&ဘန္နီၿဖိဳး ChanChan&ခ်မ္းခ်မ္း ChanChann&ခ်မ္ခ်မ္း ChawSuKhin&ေခ်ာစုခင္ ChinSong&ခ်င္းသီခ်င္း ChitKaung&ခ်စ္ေကာင္း ChitThuWai&ခ်စ္သုေဝ ChoLayLung&ခ်ိဳေလးလုန္ ChoPyone&ခ်ိဳၿပံဳး ChristmasSong&ခရစၥမတ္သီခ်င္း CityFm Dawn&ဒြန္း DiraMore&ဓီရာမိုရ္ DoeLone&ဒိုးလံုး Dway&ေဒြး EainEain&အိန္အိန္း G.Latt&ဂ်ီလတ္ GaeGae&ေဂေဂး GirlLay&ဂဲ(လ္)ေလး Graham&ဂေရဟမ္ Group&အဖြဲ႔လိုက္ GuRawng&ကူးေရာင္ GyoGyar&ႀကိဳးၾကာ HanTun&ဟန္ထြန္း HaymarNayWin&ေဟမာေနဝင္း He`Lay&ဟဲေလး HlonMoe&လႊမ္းမိုး HlwanPaing&လႊမ္းပိုင္ HtamHkay&ထ်န္ေခး HTDTunYin&ဟသာၤတထြန္းရင္ HtetAung&ထက္ေအာင္ HtetHtetMyintAung&ထက္ထက္ျမင္႔ေအာင္ HtetSaung&ထက္ေလွ်ာင္း HtooEainThin&ထူးအိမ္သင္ HtooHtooSet&ထူးထူးဆက္ HtooL.Lin&ထူးအယ္လင္း HtunHtun&ထြဏ္းထြဏ္း HtunYati&ထြန္းရတီ IreneZinMarMyint&အိုင္ရင္းဇင္မာျမင္႔ J.LingMawng&ေဂလိန္းေမာင္း J.MgMg&ေဂ်ေမာင္ေမာင္ JarSan&ဂ်ာဆန္ JetSanHtun&ဂ်က္ဆန္ထြန္း JMe&ေဂ်းမီ KabarPhone&ကမၻာဖုန္း KaiZar&ကိုင္ဇာ KapyaBoiHmu&ကဗ်ာဘြဲ႔မွဴး KaungKaung&ေကာင္းေကာင္း KhaingHtoo&ခိုင္ထူး KhinBone&ခင္ဘုဏ္း khinMgHtoo&ခင္ေမာင္ထူး KhinMgToe&ခင္ေမာင္တိုး KhinSuSuNaing&ခင္စုစုႏိုင္ KhupPi&ခုပ္ပီး KKT&ေကေကတီ KoKoGyi&ကိုကိုႀကီး KoNi&ေကာ္နီ KyingLianMoong L.KhunYe&L.ခြန္းရီ L.LwinWar&L.လြန္းဝါ L.SengZi&L.ဆိုင္းဇီ LaShioTheinAung&လားရႈိးသိန္းေအာင္ LaWi&လဝီ LayLayWar&ေလးေလး၀ါ LayPhyu&ေလးျဖဴ LDKyaw&L.ဒီေက်ာ္ LiLiMyint&လီလီျမင္႔ LinNit&လင္းနစ္ LynnLynn&လင္းလင္း Madi&မဒီ MaNaw&မေနာ Marritza&မာရဇၨ MayKhaLar&ေမခလာ MaySweet&ေမဆြိ MayThu&ေမသူ MgThitMin&ေမာင္သစ္မင္း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင္းေဖ MinAung&မင္းေအာင္ Misandi&မိဆႏၵီ MMGospelSong&ခရစ္ယာန္ဓမၼေတး MMLoveSong&ျမန္မာသီခ်င္း MoMo&မို႔မို႔ MoonAung&မြန္းေအာင္ Music&ဂီတ Myanmar-Kid-Songs MyayPeYo&ေျမပဲယို MyoGyi&မ်ိဳးႀကီး MyoMyo&မ်ိဳးမ်ိဳး NangKhinZayYar&နန္းခင္ေဇယ်ာ Naung&ေနာင္ NawLiZar&ေနာ္လီဇာ NawNaw&ေနာေနာ္ NgeNgeLay&ငဲ႔ငယ္ေလး NiNiKhinZaw&နီနီခင္ေဇာ္ NiNiWinShwe&နီနီဝင္းေရႊ NO&ႏိုး NweYinWin&ႏြဲ႔ယဥ္ဝင္ NyanLinAung&ဥာဏ္လင္းေအာင္ NyiMinKhine&ညီမင္းခိုင္ NyiZaw&ညီေဇာ္ PannEiPhyu&ပန္းအိျဖဴ PanYaungChel&ပန္းေရာင္ျခယ္ Pb.ThanNaing&သန္းႏိုင္ PhawKa&ေဖာ္ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ္ PhyoGyi&ၿဖိဳးႀကီး PhyoKyawHtake&ၿဖိဳးေက်ာ္ထိုက္ PhyuPhyuKyawThein&ျဖဴျဖဴေက်ာ္သိန္း PhyuThi&ျဖဴသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည္ RainMoe&ရိန္မိုး RebeccaWin&ေရဗကၠာ၀င္း Ringo&ရင္ဂို SaiHteeSaing&စိုင္းထီးဆိုင္ SaiLay&စိုင္းေလး SaiSaiKhanHlaing&စိုင္းစိုင္းခမ္းလႈိင္ SaiSaiMaw&စိုင္းဆိုင္ေမာ၀္ SaiSan&ဆိုင္စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင္းဂၽြန္သင္ဇမ္း SalaiSunCeu&ဆလိုင္းဆြန္က်ဲအို SalaiThuahAung&ဆလိုင္းသႊေအာင္ SalaiZamLain&ဆလိုင္းသွ်မ္းလ်န္ SandyMyintLwin&စႏၵီျမင့္လြင္ SangPi&စံပီး SaungOoHlaing&ေဆာင္းဦးလႈိင္ SawBweHmu&စာဘြဲ႔မွဴး SawKhuSe&ေစာခူဆဲ She&သွ်ီ ShinPhone&ရွင္ဖုန္း ShweHtoo&ေရႊထူး SinPauk&ဆင္ေပါက္ SiThuLwin&စည္သူလြင္ SithuWin&စည္သူဝင္း SiYan&စီယံ Snare SoeLwinLwin&စိုးလြင္လြင္ SoeNandarKyaw&စိုးနႏၵာေက်ာ္ SoePyaeThazin&စိုးျပည္႔သဇင္ SoeSandarTun&စိုးစႏၵာထြန္း SoTay&ဆိုေတး SungTinPar&ဆုန္သင္းပါရ္ SuNit&ဆူးနစ္ TekatawAyeMg&တကၠသိုလ္ေအးေမာင္ ThangPaa&ထန္းပါး TharDeeLu&သာဒီးလူ ThawZin&ေသာ္ဇင္ ThiriJ.MgMg&သီရိေဂ်ေမာင္ေမာင္ Thoon&သြန္း TinGyanSong&သႀကၤန္သီခ်င္း TintTintTun&တင္႔တင္႔ထြန္း TinZarMaw&တင္ဇာေမာ္ TunEaindraBo&ထြန္းအိျႏၵာဗို TunKham&ထြဏ္းခမ္ TunTun&ထြန္းထြန္း TuTu&တူးတူး V.NoTun&V.ႏိုထြန္း WaiLa&ေဝလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင္းစုခိုင္သိန္း WyneLay&ဝိုင္းေလး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင္ YadanaOo&ရတနာဦး YairYintAung&ရဲရင္႔ေအာင္ YanAung&ရန္ေအာင္ YarZarWinTint&ရာဇာဝင္းတင္႔ YeTwin&ရဲသြင္ YummyRookie YuZaNa&ယုဇန YY&၀ိုင္၀ိုင္း Z.DiLa&Z.ဒီးလာ ZamNu&ဇမ္ႏူး ZawOne&ေဇာ္ဝမ္း ZawPaing&ေဇာ္ပိုင္ ZawWinHtut&ေဇာ္ဝင္းထြဋ္ ZawWinShing&ေဇာ္ဝင္းရွိန္ ZayYe&ေဇရဲ ZwePyae&ဇြဲျပည္႔
သီခ်င္းနားေထာင္ရန္ အေပၚက အဆိုေတာ္ နာမည္ Click ပါေနာ္

Facebook မွာ ဖတ္ခ်င္ရင္ Like တစ္ခ်က္ေလာက္ နဲ႔ အားေပးႏိုင္ပါသည္

Saturday, October 3, 2015

"လွ်ိဳ႕ဝွက္ အႏၲရာယ္ေတြရွိေနတဲ့ Public WiFi မ်ား"


"လွ်ိဳ႕ဝွက္ အႏၲရာယ္ေတြရွိေနတဲ့ Public WiFi မ်ား"
=====
ေဆာင္းပါးရွင္ - ကိုသုတ

''Wi-Fi free'' ဆိုတဲ့ စာသားေလး ခ်ိတ္ဆြဲထားတဲ့ ဆိုင္တစ္ဆိုင္မွာ လက္ဖက္ရည္ တစ္ခြက္မွာေသာက္ၿပီး Facebook သံုးေနမိဖူးပါသလား။ Wi-Fi လိုင္းေကာင္းတဲ့ဆိုင္ပဲ သြားမယ္လို႔ေျပာဖူး ၾကပါသလား။ ဟုတ္ကဲ့။ ဒါဟာ ျဖစ္ေနက်ပါပဲ။ ကြ်န္ေတာ္လည္း တူတူပါပဲ။ ေကာင္းပါၿပီ။ ေနာက္ေမးခြန္းတစ္ခု ေမးပါ့မယ္။ ဆိုင္က Wi-Fi ကို ခ်ိတ္ၿပီးသြားရင္ စာဖတ္သူတို႔ ဘာေတြမ်ား ျပဳလုပ္ခဲ့ၾကပါသလဲ။ Facebook သံုးေနခဲ့သလား။ အေရးႀကီးတဲ့ အခ်က္အလက္ေတြကို Messenger ကေန ေပးပို႔ခဲ့သလား။ ဒါမွမဟုတ္ ကိုယ့္ရဲ႕ Online Bank Account ထဲဝင္ၿပီး ေငြလႊဲတာေတြ ျပဳလုပ္ခဲ့မိသလား။

ကြ်န္ေတာ္တို႔ႏိုင္ငံမွာ ၂၀၁၂ ခုႏွစ္ေလာက္ကစၿပီး Wi-Fi free ဆိုတဲ့ စာသားေလးဟာ လက္ဖက္ရည္ဆိုင္၊ စားေသာက္ဆိုင္ေတြမွာ အလွ်ိဳလွ်ိဳ ေပၚေပါက္လာပါတယ္။ လူအေတာ္မ်ားမ်ားကလည္း သယ္ေဆာင္ရ လြယ္ကူတဲ့ မိုဘိုင္းဖုန္းေတြ ပိုင္ဆိုင္လာၾကေတာ့ အဲ့ဒီဆိုင္ေတြမွာ စားရင္းေသာက္ရင္း Wi-Fi သံုးလာၾကပါတယ္။ ခ်ိတ္ဆက္ရတာလည္း လြယ္ကူ၊ ကြန္နက္ရွင္ကလည္း ေကာင္းေလေတာ့ လြတ္လြတ္လပ္လပ္ႀကီး သံုးၾကပါေတာ့တယ္။ အဲ့ဒီ အခ်ိန္တုန္းကေတာ့ Public Wi-Fi ေတြဟာ ဘာအႏၲရာယ္မွ မရွိေသးပါဘူး။ အေၾကာင္းကေတာ့ ကြ်န္ေတာ္တို႔ႏိုင္ငံမွာ အင္တာနက္ အသံုးျပဳမႈႏႈန္း နည္းပါးေနေသးတာရယ္၊ အြန္လိုင္းစီးပြားေရး လုပ္ငန္းေတြ ေခတ္မစားေသးတာ ရယ္ေၾကာင့္ပါဘဲ။ Facebook ကို အေပ်ာ္သံုးမယ္။ Gtalk နဲ႔ chat မယ္။ ဝက္ဘ္ဆိုက္ေတြ ေလွ်ာက္ၾကည့္မယ္။ ဒီေလာက္ပဲ အင္တာနက္ကို အသံုးျပဳၾကပါတယ္။

ဒီဘက္ႏွစ္ေတြမွာေတာ့ အင္တာနက္ဟာ အေပ်ာ္သက္သက္သာ မဟုတ္ေတာ့ဘဲ စီးပြားေရး၊ ပညာေရး၊ မီဒီယာ စတဲ့ က႑မ်ားအတြက္ အသံုးျပဳလာၾကပါတယ္။ အြန္လိုင္းေစ်းဆိုင္ေတြ ေထာင္လာၾကတယ္။ အြန္လိုင္းေငြေပးေခ်မႈေတြ ေငြလႊဲမႈေတြ ျပဳလုပ္လာၾကတယ္။ Facebook ကို ေတာင္မွ စီးပြားေရးသေဘာနဲ႔ အသံုးျပဳလာၾကပါတယ္။ ဒီအခ်ိန္မွာေတာ့ လံုၿခံဳေရးဟာ အေရးပါလာပါတယ္။ စာဖတ္သူတို႔ စဥ္းစားၾကည့္ပါ။ အကယ္၍ တစ္ေယာက္ေယာက္က ကိုယ္အေပ်ာ္သံုးတဲ့ Facebook Account ရဲ႕ password ကို ရသြားတယ္ဆိုပါစို႔။ ဒါဆို ဘာဆက္ျဖစ္မလဲ။ အားလံုးသိတဲ့ အတိုင္းပါပဲ။ သူဟာ ခင္ဗ်ားရဲ႕ အေကာင့္ကို ဝင္ေမႊမယ္။ message ေတြကို ဝင္ၾကည့္ၿပီး အဖိုးတန္တဲ့ အခ်က္အလက္ေတြ ယူမယ္။ message ေတြ ေရးခ်င္ရာ ေရးၿပီးပို႔မယ္။ ဒါမွ အားမရေသးရင္ ညစ္ညမ္းတဲ့ post ေတြ share မယ္။ အက်ိဳးဆက္ကေတာ့ သားေကာင္ျဖစ္တဲ့ စာဖတ္သူရဲ႕ ဂုဏ္သိကၡာ က်ဆင္းရတာပါပဲ။ ကံမေကာင္းရင္ account ေတာင္ ပ်က္သြားႏိုင္ပါတယ္။ ဒါဟာ စီးပြားေရးအေနနဲ႔ သံုးတာမဟုတ္ဘဲ အေပ်ာ္တမ္းသံုးတဲ့ account ပဲ ရွိပါေသးတယ္။

ထို႔ေၾကာင့္ လံုၿခံဳေရးဟာ တကယ့္ကို အေရးႀကီးလွပါတယ္။ လံုၿခံဳေရးကို အထူးဂ႐ုစိုက္ရမယ့္ အခ်ိန္မ်ားထဲမွာ Public Wi-Fi သံုးေနခ်ိန္က ထိပ္ဆံုးက ပါပါတယ္။ ကြ်န္ေတာ္တို႔အေနနဲ႔ Wi-Fi Free လို႔ ေတြ႕လိုက္ရင္ ဘာမွမစဥ္းစားေတာ့ဘဲ ခ်ိတ္ဆက္ၿပီး ေပ်ာ္ေပ်ာ္ႀကီး သံုးပါေတာ့တယ္။ အမွန္ေတာ့ Public Wi-Fi ေတြဟာ အႏၲရာယ္ႀကီးတဲ့ ေနရာေတြပါပဲ။ တစ္စံုတစ္ေယာက္ရဲ႕ အခ်က္အလက္ေတြကို ခိုးယူဖို႔ အေကာင္းဆံုး ေနရာလည္း ျဖစ္ပါတယ္။ Public Wi-Fi ေတြကို ေပါ့ေပါ့တန္တန္ သံုးမိရင္ေတာ့ online bank account ေတြ၊ ကိုယ္ေရးကိုယ္တာ အခ်က္အလက္ေတြ၊ စီးပြားေရး အခ်က္အလက္ေတြက ကိုယ့္ကိုတာ့တာ ျပသြားပါလိမ့္မယ္။ စာဖတ္သူတို႔ အေနနဲ႔ Public Wi-Fi ေတြရဲ႕ အႏၲရာယ္ကို သိရွိၿပီး ႀကိဳတင္ကာကြယ္ႏိုင္ဖို႔အတြက္ Digital Trends နဲ႔ CNET ဝက္ဘ္ဆိုက္ေတြမွာ ေရးသား ထားတာေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

Public Wi-Fi ကေန အခ်က္အလက္ေတြ ဘယ္လိုခိုးယူႏိုင္တာလဲ

Public Wi-Fi network တစ္ခုထဲမွာ ခ်ိတ္ဆက္အသံုးျပဳေနတဲ့ user တစ္ေယာက္ရဲ႕ အခ်က္အလက္ေတြကို ခိုးယူႏိုင္တဲ့ နည္းလမ္းေတြက အမ်ားႀကီးပါပဲ။ အဲ့ဒီအထဲမွာမွ အသံုးမ်ားတဲ့ နည္းလမ္းသံုးခုကို ေဖာ္ျပေပးလိုက္ပါတယ္။

(၁) Man-in-the-middle attack

ဒီနည္းလမ္းကေတာ့ သူ႔နာမည္ အတိုင္းပါပဲ။ Hacker က user နဲ႔ server ၾကားကေန အခ်က္အလက္ေတြကို ၾကားျဖတ္ဖမ္းယူတာပါ။ ဥပမာ Wi-Fi free ေပးထားတဲ့ ဆိုင္တစ္ဆိုင္မွာ hacker က ဆိုင္ရဲ႕ Wi-Fi နာမည္နဲ႔ ဆင္တူတဲ့ network တစ္ခုေထာင္လိုက္မယ္။ password လည္း အတူတူလုပ္ထားမယ္ ဆိုပါေတာ့။ ဒါကို ဆိုင္လာတဲ့ လူတစ္ေယာက္က ဆိုင္ကေပးထားတဲ့ Wi-Fi အထင္နဲ႔ အမႈမဲ့အမွတ္မဲ့ ခ်ိတ္လိုက္မယ္ဆိုရင္ hacker က အခ်က္အလက္ေတြ အကုန္ရပါေတာ့တယ္။ ဒါဟာ အလြန္႐ိုးရွင္းတဲ့ နည္းပဲရွိပါေသးတယ္။ ဒီ့ထက္ ပိုျမင့္တဲ့ man-in-the-middle attack ေတြလည္း ရွိပါေသးတယ္။

(၂) Malware

Malware ေတြဟာ ပိုၿပီး ေၾကာက္စရာေကာင္းပါတယ္။ အေၾကာင္းကေတာ့ user ရဲ႕ စက္ထဲက ရွိရွိသမွ် အခ်က္အလက္ေတြကို ခိုးယူႏိုင္လို႔ပါပဲ။ အခုအခ်ိန္မွာ malware ေတြဟာ အေတာ့္ကို ေပါလာပါၿပီ။ Windows, Android, iOS စတဲ့ PC OS ေရာ Mobile OS မ်ားပါမက်န္ malware ကူးစက္ခံရႏိုင္ေျခရွိပါတယ္။ကူးစက္ဖို႔ဟာလည္း လြယ္ကူပါတယ္။ ဒါ့အျပင္ သူတို႔ေတြဟာ ေနာက္ကြယ္မွာ တိတ္တဆိတ္ လုပ္ေနတာေၾကာင့္ ရွိမွန္းေတာင္ သိေလ့မရွိပါဘူး။

(၃) Wi-Fi Sniffing

တတိယေျမာက္ နည္းလမ္းကေတာ့ Wi-Fi Sniffing ပါပဲ။ ဒနည္းလမ္းဟာ network traffic ကို record လုပ္ထားၿပီး အခ်က္အလက္ေတြကို ျပန္လည္ေဖာ္ထုတ္ ရယူတဲ့နည္းလမ္းပဲ ျဖစ္ပါတယ္။ hacker က user ရဲ႕စက္က ေပးပို႔သမွ် ေဒတာေတြကို သိမ္းထားပါတယ္။ ၿပီးမွ အဲ့ဒီေဒတာေတြကို analyze လုပ္ၿပီး အဖိုးတန္ အခ်က္အလက္ေတြကို ရယူပါေတာ့တယ္။ ဒီနည္းလမ္းဟာလည္း တကယ့္ကို ေၾကာက္စရာ ေကာင္းပါတယ္။

Wi-Fi ကေန အခ်က္အလက္ေတြ ခိုးယူဖို႔ လြယ္လို႔လား?

အထက္က နည္းလမ္းေတြနဲ႔ Wi-Fi network တစ္ခုကို hack ဖို႔ နည္းပညာျမင့္ပစၥည္းေတြ၊ အဆင့္ျမင့္ software ေတြ လိုမွာပဲလို႔ စာဖတ္သူတို႔ ေတြးမိပါလိမ့္မယ္။ ဟုတ္ကဲ့။ Public Wi-Fi တစ္ခုကို hack ရတာဟာ ထင္သေလာက္ မခက္ပါဘူး။ လြယ္လြယ္ ကူကူ ျပဳလုပ္ႏိုင္ပါတယ္။ Programming အေၾကာင္း မသိတဲ့သူေတြေတာင္ ျပဳလုပ္တတ္ပါတယ္။

Maryland တကၠသိုလ္မွ တြဲဖက္ပါေမာကၡ တစ္ဦးျဖစ္တဲ့ David Maimon က အခုလိုရွင္းျပပါတယ္။ "ခင္ဗ်ား Wi-Fi sniffing လုပ္ခ်င္ရင္ လြယ္လြယ္ေလးပါပဲ။ hack ခ်င္တဲ့ Public Wi-Fi network ကို ခ်ိတ္ဆက္လိုက္။ ၿပီးရင္ software ေလးတစ္ခုနဲ႔ ေစာင့္ၾကည့္ေနလိုက္။ ဒီေလာက္ပါပဲ။ ကိုယ့္ရဲ႕သားေကာင္ ဘာလုပ္ေနလဲဆိုတာကို အလြယ္ေလး သိႏိုင္ပါတယ္''

Password ခံထားတဲ့ Public Wi-Fi network ကေရာ လံုၿခံဳမႈမရွိဘူးလား

တကယ္လို႔ စာဖတ္သူရဲ႕အိမ္က Wi-Fi ကို password ခံထားမယ္ဆိုရင္ေတာ့ password မသိတဲ့ ျပင္ပက လူေတြက ခ်ိတ္လို႔ရမွာ မဟုတ္ပါ ဘူး။ ဒါဆိုရင္ အထက္က နည္းလမ္းေတြနဲ႔လည္း ဘယ္လိုမွ hack လို႔ရမွာ မဟုတ္ပါဘူး။ ဒါဟာအေတာ့္ကို လံုၿခံဳပါတယ္။ ဒါဆိုရင္ password နဲ႔ ကာကြယ္ထားတဲ့ public Wi-Fi network ေတြကေရာ မလံုၿခံဳဘူးလား။

ဟုတ္ကဲ့။ စာဖတ္သူအေနနဲ႔ သိထားရမွာကေတာ့ Wi-Fi encryption ဟာ password မသိတဲ့ hacker ရဲ႕ရန္ကိုပဲ ကာကြယ္ ေပးတာပါ။ Password သိၿပီး network ထဲမွာ ရွိေနတဲ့ hacker ရဲ႕ ရန္ကိုေတာ့ မကာကြယ္ေပးႏိုင္ပါဘူး။ သိတဲ့အတိုင္းပဲ ဆိုင္ေတြက Wi-Fi ေတြဟာ encrypt လုပ္ထားေပမယ့္ ဆိုင္လာတဲ့သူတိုင္း က password ကို သိခြင့္ရပါတယ္။ ဒီလို အေျခအေနမ်ိဳးမွာေတာ့ password ခံထားတဲ့ encrypted Wi-Fi network ဟာလည္း လံုၿခံဳမႈမရွိေတာ့ပါဘူး။

ေနာက္ဆံုးေပၚ Wi-Fi encryption နည္းပညာျဖစ္တဲ့ WPA2-PSK ေတာင္မွ အကာအကြယ္ မေပးႏိုင္ပါဘူး။ အကယ္၍ စာဖတ္သူအေနနဲ႔ ဒီလံုၿခံဳေရး အားနည္းခ်က္ကို ေရွာင္ရွားခ်င္ရင္ေတာ့ WPA2-Enterprise နည္းပညာကို အသံုးျပဳႏိုင္ပါတယ္။ ဒါေပမဲ့ ဒါဟာ လုပ္ငန္း သံုးအတြက္ပဲ ရည္ရြယ္တာျဖစ္ၿပီး အသံုးျပဳရတာလည္း ႐ႈပ္ေထြးပါတယ္။ သာမန္သံုးအေနနဲ႔ ဆိုင္ေတြမွာ အသံုးျပဳဖို႔ အဆင္မေျပပါဘူး။

Public Wi-Fi သံုးေနစဥ္မွာ hacker ေတြရဲ႕ အႏၲရာယ္ကို ဘယ္လိုကာကြယ္ႏိုင္မလဲ

(၁) Public Wi-Fi ကို အေပ်ာ္တမ္းသာအသံုးျပဳပါ။

Public Wi-Fi ကို အသံုးျပဳ ေနခ်ိန္မွာ အေရးႀကီးတဲ့ လုပ္ငန္းကိစၥေတြ မျပဳလုပ္ပါနဲ႔။ bank account ထဲမဝင္ပါနဲ႔။ အြန္လိုင္းေငြးေပးေခ်မႈေတြ၊ ေငြလႊဲတာေတြ မျပဳလုပ္ပါနဲ႔။ ဒါ့အျပင္ social app ေတြ၊ email ေတြကေန အေရးႀကီးတဲ့ အခ်က္အလက္ေတြ ေပးပို႔ျခင္းမျပဳပါနဲ႔။ Web browsing နဲ႔ video download လုပ္ရန္ ေလာက္သာ Public Wi-Fi ကို အသံုးျပဳပါ။

(၂) VPN ကို အသံုးျပဳပါ။

Virtual Private Network ဟာ Public Wi-Fi ထဲမွာ လံုၿခံဳစိတ္ခ်မႈ ရွိေစႏိုင္တဲ့ အေကာင္းဆံုး နည္းလမ္းပါပဲ။ VPN ဟာ user နဲ႔ VPN server ၾကားက ဆက္သြယ္မႈေတြကို လံုၿခံဳေအာင္ encrypt ျပဳလုပ္ေပးတာေၾကာင့္ hacker ေတြအေနနဲ႔ အခ်က္အလက္ေတြကို အလြယ္တကူ မခိုးယူႏိုင္ေတာ့ပါဘူး။ VPN software ေတြဟာ အသံုးျပဳရတာ လြယ္ကူပါတယ္။ Windows မွာဆိုရင္ CyberGhost, Android မွာဆိုရင္ OpenVPN Connect, iOS မွာဆိုရင္ OpenVPN တို႔ဟာ လူသံုးမ်ားတဲ့ VPN software ေတြပါပဲ။ ဒီ software ေတြသံုးၿပီး Public Wi-Fi ကို အေတာ္အတန္ လံုၿခံဳစိတ္ခ်စြာ အသံုးျပဳႏိုင္ပါတယ္။

(၃) Certificate Warning ေတြကို သတိျပဳပါ။

စာဖတ္သူအေနနဲ႔ web browsing လုပ္ေနစဥ္မွာ Certificate warning ဆိုၿပီး ေပၚလာတာကို တစ္ခါႏွစ္ခါေလာက္ေတာ့ ၾကံဳဖူးမွာပါ။ အဲ့ဒီအခါမွာ အမႈမဲ့အမွတ္မဲ့ ေနဖူးမွာပါ။ ဟုတ္ကဲ့။ ေနာက္ဆို သတိထားပါေတာ့။ Certificate warning ဟာ စာဖတ္သူ access လုပ္ေနတဲ့ website ရဲ႕ လံုၿခံဳေရးနဲ႔ ပတ္သက္ၿပီး တစ္ခုခုျဖစ္ေနၿပီလို႔ ၫႊန္ျပေနတာပါ။ ဒါဟာ စာဖတ္သူကို man-in-the-middle attack နဲ႔ တိုက္ခိုက္ေနတာလည္း ျဖစ္ႏိုင္ပါတယ္။ Facebook, Gmail, Bank ဝက္ဘ္ဆိုက္ေတြမွာ အထူးဂ႐ုစိုက္ရပါမယ္။ Certificate warning ေတြ႕ရင္ ဝက္ဘ္ဆိုဒ္ကို ဆက္မၾကည့္ေတာ့တာ အေကာင္းဆံုးပါပဲ။

(၄) Public Wi-Fi ကို ေရြးခ်ယ္ရာမွာ သတိထားပါ။

တစ္ခါတေလမွာ hacker ေတြဟာ ကိုယ္ထိုင္ေနတဲ့ ဆိုင္ရဲ႕ Wi-Fi အေယာင္ေဆာင္ထားတဲ့ Wi-Fi ေတြ ဖန္တီးထား တတ္ပါတယ္။ အမႈမဲ့အမွတ္မဲ့ ခိ်တ္ဆက္မိတဲ့သူေတြရဲ႕ အခ်က္အလက္ေတြကေတာ့ hacker ဆီ တန္းတန္းမတ္မတ္ႀကီးကို ေရာက္ေတာ့တာပါပဲ။

ဒါေၾကာင့္ ဆိုင္ရဲ႕ Wi-Fi ကို ေသေသခ်ာခ်ာ စံုစမ္းစစ္ေဆးၿပီးမွ ခ်ိတ္ဆက္ပါ။ နာမည္တူ Wi-Fi ေတြရွိေနလား စစ္ေဆးပါ။ ဘယ္ Wi-Fi မဆို စစ္စစ္တုတု အေရးႀကီးတဲ့အလုပ္ေတြ မျပဳလုပ္ပါနဲ႔။

(၅) Two Factor Authentication ကို အသံုးျပဳပါ။

Two Factor Authentication ဆိုတာ account တစ္ခုကို log in ဝင္ဖို႔ password အျပင္ အျခား security check ကိုပါ ျဖတ္သန္းရတဲ့ စနစ္ပါပဲ။ ဥပမာ Facebook application မွာ Code Gen-erator ဆိုတာပါပါတယ္။ သူ႔ကို activate ျပဳလုပ္ထားရင္ တျခားစက္ကေန ကိုယ့္ account ထဲဝင္ဖို႔ဆိုရင္ password သာမက code ပါ ႐ိုက္ထည့္ရပါတယ္။ ဒါေၾကာင့္ hacker ဟာ password ကို သိသြားသည့္တိုင္ေအာင္ code ကို မသိရင္ account ဝင္လို႔မရေတာ့ပါဘူး။ ကိုယ့္ရဲ႕ account ကို ပိုလံုၿခံဳသြားေစပါတယ္။

(၆) Antivirus software မ်ား ေဆာင္ထားပါ။

Antivirus software အမ်ားစုမွာ အြန္လိုင္းလံုၿခံဳေရးအတြက္ Safe browsing စတဲ့ feature ေတြ ပါဝင္ပါတယ္။ အဲ့ဒီ feature ေတြဟာ Public Wi-Fi network ေတြမွာ လံုၿခံဳစြာ ေနထိုင္ႏိုင္ဖို႔ အကူအညီေပးႏိုင္ပါတယ္။ ဒါေၾကာင့္ Antivirus soft-ware ေတြဟာ ေဆာင္ထားသင့္ပါတယ္။

Ref : http://www.cnet.com/how-to/tips-to-stay-safe-on-public-wi-fi/

http://www.digitaltrends.com/mobile/how-dangerous-is-public-wi-fi/

http://www.howtogeek.com/204335/warning-encrypted-wpa2-wi-fi-networks-ar...

http://www.makeuseof.com/tag/man-middle-attack-security-jargon-explained/

######

"လျှို့ဝှက် အန္တရာယ်တွေရှိနေတဲ့ Public WiFi များ"
==
''Wi-Fi free'' ဆိုတဲ့ စာသားလေး ချိတ်ဆွဲထားတဲ့ ဆိုင်တစ်ဆိုင်မှာ လက်ဖက်ရည် တစ်ခွက်မှာသောက်ပြီး Facebook သုံးနေမိဖူးပါသလား။ Wi-Fi လိုင်းကောင်းတဲ့ဆိုင်ပဲ သွားမယ်လို့ပြောဖူး ကြပါသလား။ ဟုတ်ကဲ့။ ဒါဟာ ဖြစ်နေကျပါပဲ။ ကျွန်တော်လည်း တူတူပါပဲ။ ကောင်းပါပြီ။ နောက်မေးခွန်းတစ်ခု မေးပါ့မယ်။ ဆိုင်က Wi-Fi ကို ချိတ်ပြီးသွားရင် စာဖတ်သူတို့ ဘာတွေများ ပြုလုပ်ခဲ့ကြပါသလဲ။ Facebook သုံးနေခဲ့သလား။ အရေးကြီးတဲ့ အချက်အလက်တွေကို Messenger ကနေ ပေးပို့ခဲ့သလား။ ဒါမှမဟုတ် ကိုယ့်ရဲ့ Online Bank Account ထဲဝင်ပြီး ငွေလွှဲတာတွေ ပြုလုပ်ခဲ့မိသလား။

ကျွန်တော်တို့နိုင်ငံမှာ ၂၀၁၂ ခုနှစ်လောက်ကစပြီး Wi-Fi free ဆိုတဲ့ စာသားလေးဟာ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်တွေမှာ အလျှိုလျှို ပေါ်ပေါက်လာပါတယ်။ လူအတော်များများကလည်း သယ်ဆောင်ရ လွယ်ကူတဲ့ မိုဘိုင်းဖုန်းတွေ ပိုင်ဆိုင်လာကြတော့ အဲ့ဒီဆိုင်တွေမှာ စားရင်းသောက်ရင်း Wi-Fi သုံးလာကြပါတယ်။ ချိတ်ဆက်ရတာလည်း လွယ်ကူ၊ ကွန်နက်ရှင်ကလည်း ကောင်းလေတော့ လွတ်လွတ်လပ်လပ်ကြီး သုံးကြပါတော့တယ်။ အဲ့ဒီ အချိန်တုန်းကတော့ Public Wi-Fi တွေဟာ ဘာအန္တရာယ်မှ မရှိသေးပါဘူး။ အကြောင်းကတော့ ကျွန်တော်တို့နိုင်ငံမှာ အင်တာနက် အသုံးပြုမှုနှုန်း နည်းပါးနေသေးတာရယ်၊ အွန်လိုင်းစီးပွားရေး လုပ်ငန်းတွေ ခေတ်မစားသေးတာ ရယ်ကြောင့်ပါဘဲ။ Facebook ကို အပျော်သုံးမယ်။ Gtalk နဲ့ chat မယ်။ ဝက်ဘ်ဆိုက်တွေ လျှောက်ကြည့်မယ်။ ဒီလောက်ပဲ အင်တာနက်ကို အသုံးပြုကြပါတယ်။

ဒီဘက်နှစ်တွေမှာတော့ အင်တာနက်ဟာ အပျော်သက်သက်သာ မဟုတ်တော့ဘဲ စီးပွားရေး၊ ပညာရေး၊ မီဒီယာ စတဲ့ ကဏ္ဍများအတွက် အသုံးပြုလာကြပါတယ်။ အွန်လိုင်းစျေးဆိုင်တွေ ထောင်လာကြတယ်။ အွန်လိုင်းငွေပေးချေမှုတွေ ငွေလွှဲမှုတွေ ပြုလုပ်လာကြတယ်။ Facebook ကို တောင်မှ စီးပွားရေးသဘောနဲ့ အသုံးပြုလာကြပါတယ်။ ဒီအချိန်မှာတော့ လုံခြုံရေးဟာ အရေးပါလာပါတယ်။ စာဖတ်သူတို့ စဉ်းစားကြည့်ပါ။ အကယ်၍ တစ်ယောက်ယောက်က ကိုယ်အပျော်သုံးတဲ့ Facebook Account ရဲ့ password ကို ရသွားတယ်ဆိုပါစို့။ ဒါဆို ဘာဆက်ဖြစ်မလဲ။ အားလုံးသိတဲ့ အတိုင်းပါပဲ။ သူဟာ ခင်ဗျားရဲ့ အကောင့်ကို ဝင်မွှေမယ်။ message တွေကို ဝင်ကြည့်ပြီး အဖိုးတန်တဲ့ အချက်အလက်တွေ ယူမယ်။ message တွေ ရေးချင်ရာ ရေးပြီးပို့မယ်။ ဒါမှ အားမရသေးရင် ညစ်ညမ်းတဲ့ post တွေ share မယ်။ အကျိုးဆက်ကတော့ သားကောင်ဖြစ်တဲ့ စာဖတ်သူရဲ့ ဂုဏ်သိက္ခာ ကျဆင်းရတာပါပဲ။ ကံမကောင်းရင် account တောင် ပျက်သွားနိုင်ပါတယ်။ ဒါဟာ စီးပွားရေးအနေနဲ့ သုံးတာမဟုတ်ဘဲ အပျော်တမ်းသုံးတဲ့ account ပဲ ရှိပါသေးတယ်။

ထို့ကြောင့် လုံခြံုရေးဟာ တကယ့်ကို အရေးကြီးလှပါတယ်။ လုံခြံုရေးကို အထူးဂရုစိုက်ရမယ့် အချိန်များထဲမှာ Public Wi-Fi သုံးနေချိန်က ထိပ်ဆုံးက ပါပါတယ်။ ကျွန်တော်တို့အနေနဲ့ Wi-Fi Free လို့ တွေ့လိုက်ရင် ဘာမှမစဉ်းစားတော့ဘဲ ချိတ်ဆက်ပြီး ပျော်ပျော်ကြီး သုံးပါတော့တယ်။ အမှန်တော့ Public Wi-Fi တွေဟာ အန္တရာယ်ကြီးတဲ့ နေရာတွေပါပဲ။ တစ်စုံတစ်ယောက်ရဲ့ အချက်အလက်တွေကို ခိုးယူဖို့ အကောင်းဆုံး နေရာလည်း ဖြစ်ပါတယ်။ Public Wi-Fi တွေကို ပေါ့ပေါ့တန်တန် သုံးမိရင်တော့ online bank account တွေ၊ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ၊ စီးပွားရေး အချက်အလက်တွေက ကိုယ့်ကိုတာ့တာ ပြသွားပါလိမ့်မယ်။ စာဖတ်သူတို့ အနေနဲ့ Public Wi-Fi တွေရဲ့ အန္တရာယ်ကို သိရှိပြီး ကြိုတင်ကာကွယ်နိုင်ဖို့အတွက် Digital Trends နဲ့ CNET ဝက်ဘ်ဆိုက်တွေမှာ ရေးသား ထားတာတွေကို ဖော်ပြပေးလိုက်ပါတယ်။

Public Wi-Fi ကနေ အချက်အလက်တွေ ဘယ်လိုခိုးယူနိုင်တာလဲ

Public Wi-Fi network တစ်ခုထဲမှာ ချိတ်ဆက်အသုံးပြုနေတဲ့ user တစ်ယောက်ရဲ့ အချက်အလက်တွေကို ခိုးယူနိုင်တဲ့ နည်းလမ်းတွေက အများကြီးပါပဲ။ အဲ့ဒီအထဲမှာမှ အသုံးများတဲ့ နည်းလမ်းသုံးခုကို ဖော်ပြပေးလိုက်ပါတယ်။

(၁) Man-in-the-middle attack

ဒီနည်းလမ်းကတော့ သူ့နာမည် အတိုင်းပါပဲ။ Hacker က user နဲ့ server ကြားကနေ အချက်အလက်တွေကို ကြားဖြတ်ဖမ်းယူတာပါ။ ဥပမာ Wi-Fi free ပေးထားတဲ့ ဆိုင်တစ်ဆိုင်မှာ hacker က ဆိုင်ရဲ့ Wi-Fi နာမည်နဲ့ ဆင်တူတဲ့ network တစ်ခုထောင်လိုက်မယ်။ password လည်း အတူတူလုပ်ထားမယ် ဆိုပါတော့။ ဒါကို ဆိုင်လာတဲ့ လူတစ်ယောက်က ဆိုင်ကပေးထားတဲ့ Wi-Fi အထင်နဲ့ အမှုမဲ့အမှတ်မဲ့ ချိတ်လိုက်မယ်ဆိုရင် hacker က အချက်အလက်တွေ အကုန်ရပါတော့တယ်။ ဒါဟာ အလွန်ရိုးရှင်းတဲ့ နည်းပဲရှိပါသေးတယ်။ ဒီ့ထက် ပိုမြင့်တဲ့ man-in-the-middle attack တွေလည်း ရှိပါသေးတယ်။

(၂) Malware

Malware တွေဟာ ပိုပြီး ကြောက်စရာကောင်းပါတယ်။ အကြောင်းကတော့ user ရဲ့ စက်ထဲက ရှိရှိသမျှ အချက်အလက်တွေကို ခိုးယူနိုင်လို့ပါပဲ။ အခုအချိန်မှာ malware တွေဟာ အတော့်ကို ပေါလာပါပြီ။ Windows, Android, iOS စတဲ့ PC OS ရော Mobile OS များပါမကျန် malware ကူးစက်ခံရနိုင်ခြေရှိပါတယ်။ ကူးစက်ဖို့ဟာလည်း လွယ်ကူပါတယ်။ ဒါ့အပြင် သူတို့တွေဟာ နောက်ကွယ်မှာ တိတ်တဆိတ် လုပ်နေတာကြောင့် ရှိမှန်းတောင် သိလေ့မရှိပါဘူး။

(၃) Wi-Fi Sniffing

တတိယမြောက် နည်းလမ်းကတော့ Wi-Fi Sniffing ပါပဲ။ ဒနည်းလမ်းဟာ network traffic ကို record လုပ်ထားပြီး အချက်အလက်တွေကို ပြန်လည်ဖော်ထုတ် ရယူတဲ့နည်းလမ်းပဲ ဖြစ်ပါတယ်။ hacker က user ရဲ့စက်က ပေးပို့သမျှ ဒေတာတွေကို သိမ်းထားပါတယ်။ ပြီးမှ အဲ့ဒီဒေတာတွေကို analyze လုပ်ပြီး အဖိုးတန် အချက်အလက်တွေကို ရယူပါတော့တယ်။ ဒီနည်းလမ်းဟာလည်း တကယ့်ကို ကြောက်စရာ ကောင်းပါတယ်။

Wi-Fi ကနေ အချက်အလက်တွေ ခိုးယူဖို့ လွယ်လို့လား?

အထက်က နည်းလမ်းတွေနဲ့ Wi-Fi network တစ်ခုကို hack ဖို့ နည်းပညာမြင့်ပစ္စည်းတွေ၊ အဆင့်မြင့် software တွေ လိုမှာပဲလို့ စာဖတ်သူတို့ တွေးမိပါလိမ့်မယ်။ ဟုတ်ကဲ့။ Public Wi-Fi တစ်ခုကို hack ရတာဟာ ထင်သလောက် မခက်ပါဘူး။ လွယ်လွယ် ကူကူ ပြုလုပ်နိုင်ပါတယ်။ Programming အကြောင်း မသိတဲ့သူတွေတောင် ပြုလုပ်တတ်ပါတယ်။

Maryland တက္ကသိုလ်မှ တွဲဖက်ပါမောက္ခ တစ်ဦးဖြစ်တဲ့ David Maimon က အခုလိုရှင်းပြပါတယ်။ "ခင်ဗျား Wi-Fi sniffing လုပ်ချင်ရင် လွယ်လွယ်လေးပါပဲ။ hack ချင်တဲ့ Public Wi-Fi network ကို ချိတ်ဆက်လိုက်။ ပြီးရင် software လေးတစ်ခုနဲ့ စောင့်ကြည့်နေလိုက်။ ဒီလောက်ပါပဲ။ ကိုယ့်ရဲ့သားကောင် ဘာလုပ်နေလဲဆိုတာကို အလွယ်လေး သိနိုင်ပါတယ်''

Password ခံထားတဲ့ Public Wi-Fi network ကရော လုံခြံုမှုမရှိဘူးလား

တကယ်လို့ စာဖတ်သူရဲ့အိမ်က Wi-Fi ကို password ခံထားမယ်ဆိုရင်တော့ password မသိတဲ့ ပြင်ပက လူတွေက ချိတ်လို့ရမှာ မဟုတ်ပါ ဘူး။ ဒါဆိုရင် အထက်က နည်းလမ်းတွေနဲ့လည်း ဘယ်လိုမှ hack လို့ရမှာ မဟုတ်ပါဘူး။ ဒါဟာအတော့်ကို လုံခြံုပါတယ်။ ဒါဆိုရင် password နဲ့ ကာကွယ်ထားတဲ့ public Wi-Fi network တွေကရော မလုံခြံုဘူးလား။

ဟုတ်ကဲ့။ စာဖတ်သူအနေနဲ့ သိထားရမှာကတော့ Wi-Fi encryption ဟာ password မသိတဲ့ hacker ရဲ့ရန်ကိုပဲ ကာကွယ် ပေးတာပါ။ Password သိပြီး network ထဲမှာ ရှိနေတဲ့ hacker ရဲ့ ရန်ကိုတော့ မကာကွယ်ပေးနိုင်ပါဘူး။ သိတဲ့အတိုင်းပဲ ဆိုင်တွေက Wi-Fi တွေဟာ encrypt လုပ်ထားပေမယ့် ဆိုင်လာတဲ့သူတိုင်း က password ကို သိခွင့်ရပါတယ်။ ဒီလို အခြေအနေမျိုးမှာတော့ password ခံထားတဲ့ encrypted Wi-Fi network ဟာလည်း လုံခြံုမှုမရှိတော့ပါဘူး။

နောက်ဆုံးပေါ် Wi-Fi encryption နည်းပညာဖြစ်တဲ့ WPA2-PSK တောင်မှ အကာအကွယ် မပေးနိုင်ပါဘူး။ အကယ်၍ စာဖတ်သူအနေနဲ့ ဒီလုံခြံုရေး အားနည်းချက်ကို ရှောင်ရှားချင်ရင်တော့ WPA2-Enterprise နည်းပညာကို အသုံးပြုနိုင်ပါတယ်။ ဒါပေမဲ့ ဒါဟာ လုပ်ငန်း သုံးအတွက်ပဲ ရည်ရွယ်တာဖြစ်ပြီး အသုံးပြုရတာလည်း ရှုပ်ထွေးပါတယ်။ သာမန်သုံးအနေနဲ့ ဆိုင်တွေမှာ အသုံးပြုဖို့ အဆင်မပြေပါဘူး။

Public Wi-Fi သုံးနေစဉ်မှာ hacker တွေရဲ့ အန္တရာယ်ကို ဘယ်လိုကာကွယ်နိုင်မလဲ

(၁) Public Wi-Fi ကို အပျော်တမ်းသာအသုံးပြုပါ။

Public Wi-Fi ကို အသုံးပြု နေချိန်မှာ အရေးကြီးတဲ့ လုပ်ငန်းကိစ္စတွေ မပြုလုပ်ပါနဲ့။ bank account ထဲမဝင်ပါနဲ့။ အွန်လိုင်းငွေးပေးချေမှုတွေ၊ ငွေလွှဲတာတွေ မပြုလုပ်ပါနဲ့။ ဒါ့အပြင် social app တွေ၊ email တွေကနေ အရေးကြီးတဲ့ အချက်အလက်တွေ ပေးပို့ခြင်းမပြုပါနဲ့။ Web browsing နဲ့ video download လုပ်ရန် လောက်သာ Public Wi-Fi ကို အသုံးပြုပါ။

(၂) VPN ကို အသုံးပြုပါ။

Virtual Private Network ဟာ Public Wi-Fi ထဲမှာ လုံခြံုစိတ်ချမှု ရှိစေနိုင်တဲ့ အကောင်းဆုံး နည်းလမ်းပါပဲ။ VPN ဟာ user နဲ့ VPN server ကြားက ဆက်သွယ်မှုတွေကို လုံခြံုအောင် encrypt ပြုလုပ်ပေးတာကြောင့် hacker တွေအနေနဲ့ အချက်အလက်တွေကို အလွယ်တကူ မခိုးယူနိုင်တော့ပါဘူး။ VPN software တွေဟာ အသုံးပြုရတာ လွယ်ကူပါတယ်။ Windows မှာဆိုရင် CyberGhost, Android မှာဆိုရင် OpenVPN Connect, iOS မှာဆိုရင် OpenVPN တို့ဟာ လူသုံးများတဲ့ VPN software တွေပါပဲ။ ဒီ software တွေသုံးပြီး Public Wi-Fi ကို အတော်အတန် လုံခြံုစိတ်ချစွာ အသုံးပြုနိုင်ပါတယ်။

(၃) Certificate Warning တွေကို သတိပြုပါ။

စာဖတ်သူအနေနဲ့ web browsing လုပ်နေစဉ်မှာ Certificate warning ဆိုပြီး ပေါ်လာတာကို တစ်ခါနှစ်ခါလောက်တော့ ကြံုဖူးမှာပါ။ အဲ့ဒီအခါမှာ အမှုမဲ့အမှတ်မဲ့ နေဖူးမှာပါ။ ဟုတ်ကဲ့။ နောက်ဆို သတိထားပါတော့။ Certificate warning ဟာ စာဖတ်သူ access လုပ်နေတဲ့ website ရဲ့ လုံခြံုရေးနဲ့ ပတ်သက်ပြီး တစ်ခုခုဖြစ်နေပြီလို့ ညွှန်ပြနေတာပါ။ ဒါဟာ စာဖတ်သူကို man-in-the-middle attack နဲ့ တိုက်ခိုက်နေတာလည်း ဖြစ်နိုင်ပါတယ်။ Facebook, Gmail, Bank ဝက်ဘ်ဆိုက်တွေမှာ အထူးဂရုစိုက်ရပါမယ်။ Certificate warning တွေ့ရင် ဝက်ဘ်ဆိုဒ်ကို ဆက်မကြည့်တော့တာ အကောင်းဆုံးပါပဲ။

(၄) Public Wi-Fi ကို ရွေးချယ်ရာမှာ သတိထားပါ။

တစ်ခါတလေမှာ hacker တွေဟာ ကိုယ်ထိုင်နေတဲ့ ဆိုင်ရဲ့ Wi-Fi အယောင်ဆောင်ထားတဲ့ Wi-Fi တွေ ဖန်တီးထား တတ်ပါတယ်။ အမှုမဲ့အမှတ်မဲ့ ချိတ်ဆက်မိတဲ့သူတွေရဲ့ အချက်အလက်တွေကတော့ hacker ဆီ တန်းတန်းမတ်မတ်ကြီးကို ရောက်တော့တာပါပဲ။

ဒါကြောင့် ဆိုင်ရဲ့ Wi-Fi ကို သေသေချာချာ စုံစမ်းစစ်ဆေးပြီးမှ ချိတ်ဆက်ပါ။ နာမည်တူ Wi-Fi တွေရှိနေလား စစ်ဆေးပါ။ ဘယ် Wi-Fi မဆို စစ်စစ်တုတု အရေးကြီးတဲ့အလုပ်တွေ မပြုလုပ်ပါနဲ့။

(၅) Two Factor Authentication ကို အသုံးပြုပါ။

Two Factor Authentication ဆိုတာ account တစ်ခုကို log in ဝင်ဖို့ password အပြင် အခြား security check ကိုပါ ဖြတ်သန်းရတဲ့ စနစ်ပါပဲ။ ဥပမာ Facebook application မှာ Code Gen-erator ဆိုတာပါပါတယ်။ သူ့ကို activate ပြုလုပ်ထားရင် တခြားစက်ကနေ ကိုယ့် account ထဲဝင်ဖို့ဆိုရင် password သာမက code ပါ ရိုက်ထည့်ရပါတယ်။ ဒါကြောင့် hacker ဟာ password ကို သိသွားသည့်တိုင်အောင် code ကို မသိရင် account ဝင်လို့မရတော့ပါဘူး။ ကိုယ့်ရဲ့ account ကို ပိုလုံခြံုသွားစေပါတယ်။

(၆) Antivirus software များ ဆောင်ထားပါ။

Antivirus software အများစုမှာ အွန်လိုင်းလုံခြံုရေးအတွက် Safe browsing စတဲ့ feature တွေ ပါဝင်ပါတယ်။ အဲ့ဒီ feature တွေဟာ Public Wi-Fi network တွေမှာ လုံခြံုစွာ နေထိုင်နိုင်ဖို့ အကူအညီပေးနိုင်ပါတယ်။ ဒါကြောင့် Antivirus soft-ware တွေဟာ ဆောင်ထားသင့်ပါတယ်။

Ref : http://www.cnet.com/how-to/tips-to-stay-safe-on-public-wi-fi/

http://www.digitaltrends.com/mobile/how-dangerous-is-public-wi-fi/

http://www.howtogeek.com/204335/warning-encrypted-wpa2-wi-fi-networks-ar...

http://www.makeuseof.com/tag/man-middle-attack-security-jargon-explained/

No comments:

Post a Comment

မိတ္ေဆြ...အခ်ိန္ေလးရရင္ blogg မွာစာလာဖတ္ပါေနာ္
ဗဟုသုတ ရနိုင္တယ္။