Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, October 12, 2015

မြန်မာအက္ခရာ ဖြစ်ပေါ်လာပုံ


မြန်မာအက္ခရာ ဖြစ်ပေါ်လာပုံ
----------------------------------
မြန်မာ အက္ခရာ
မွန်တို့ထံမှ ဆင်းသက်သည့် မြန်မာတို့ ရေးသားသတ်မှတ်အပ်သော အက္ခရာအရေအတွက်မှာ ရှေးရဟန်းရှင်လူပညာရှိတို့ အလိုအားဖြင့် ၄၁-လုံးရှိ၏။ ခေတ်သစ်မြန်မာသဒ္ဒါတို့အလိုအားဖြင့် အ အာ ဣ ဤ ဥ ဦ ဧ သြ ကိုထည့်သွင်းရေတွက်ခြင်း မပြုဘဲ ၃၃-လုံးဟု သတ်မှတ်သည်။

အက္ခရာ ၄၁-လုံးတို့မှာ -



အ အာ ဣ ဤ ဥ ဦ ဧ သြ



က ခ ဂ ဃ င စ ဆ ဇ စ် ည ဋ ဌ ဍ ဎ ဏ တ ထ ဒ ဓ န ပ ဖ ဗ ဘ မ ယ ရ လ ၀ သ



ဟ ဠ အ



***မြန်မာအက္ခရာ ဖြစ်ပေါ်လာပုံ***



မြန်မာ အက္ခရာ နှင့် မြန်မာစာ အရေးအသားပေါ်ပေါက်ဖြစ်ထွန်းလာပုံ ကို စူးစမ်းလေ့လာကြသော သုတေသီ အားလုံးက မြန်မာ အက္ခရာ များသည် ခရစ်တော် မပေါ်မှီ BC – 500 မှ AD- 300 ကျော်အထိ India မှာ ထွန်းကားခဲ့သော ဗြာဟ္မီ အရေးအသား ကနေမြစ်ဖျားခံခဲ့သည်ဟု လက်ခံကြသည်။ အစောဆုံးမြန်မာစာ အရေးအသားကို ပုဂံခေတ် AD-11-12 ရာစု မှာတွေ့ရှိရပြီး ရာဇကုမာ ကျောက်စာ ရေးထိုးခဲ့ချိန် ဖြစ်သည်။

ရာဇကုမာ ကျောက်စာမျှ သိပ်မထင်ရှားသော ကျန်စစ်သားမင်း၏ မြကန် မွန်ကျောက်စာမှာ ရေကန်အမည် ကို မဟာနိဗ္ဗာန် လက်ဆုယ်ခိရိယ် ( မူရင်းကိုက ဒီအတိုင်း ) လို့တွေ့ရသည်မှာ အစောဆုံး မြန်မာ အက္ခရာလို့ ပြောလို့ရပါသည်။ ဒီထက် နှစ်ပေါင်း ၅၀ လောက်စောသည့် ကျောက်စာတွေမှာလဲ မြန်မာ အက္ခရာတွေကို တွေ့ရသည့်အတွက် မြန်မာစာသည် AD -11 ရာစုတွင် ပေါ်ပေါက်သည်ဟု အခိုင်အမာပြောနိုင်ပါသည်။ ပျူစာ ထွန်းကားမှု ၊ မွန်မြို့ပြ နိုင်ငံများ ထွန်းကားခြင်းတို့သည်လဲ ပုဂံနိုင်ငံထွန်းကားမှုနှင့်စပ်ဆက်နေပါသည်။ ပုဂံနိုင်ငံ ထွန်းကား သလို မြန်မာစာသည်လဲ မွန်စာနှင့် အတူ ထွန်းကားခဲ့ပါသည်။ သို့သော် မွန်စာ ကတစ်ဆင့် တိုးတက်ဖြစ်ထွန်းလာတာကို တချို့ကလက်မခံကြပါ။ ဗြာဟ္မီ အရေးအသား မှနေ ပျူ အက္ခရာ ၊ မွန် အက္ခရာ ၊ မြန်မာအက္ခရာ တွေပါ ဆင်းသက်လာတာဖြစ်သည့်အတွက် တော်တော်များများသည် ဆင်တူပါသည်။

မြန်မာစာကို တီထွင်ခဲ့သူတွေဟာ သက္ကတ အရေးအသား၊ ပါဠိ အရေးအသား ၊ ပျူ အရေးအသား တို့ကနေ မြန်မာအက္ခရာ နှင့် အရေးအသားအတွက် လိုတာကို ယူပြီး မလိုတာကို ပယ်ခဲ့ကြပါတယ်။ ဋ ၊ ဌ ၊ ဍ တို့ကိုတော့ မြန်မာစာ အတွက် အသုံးမ၀င် စေသော်လည်း ပါဠိ စာပေ သင်ကြားဖို့ အခက်အခဲ မရှိစေရန် ထိုစာလုံးများ ကိုတော့ ထိမ်းထားခဲ့ပါတယ်။ ဒီတော့ မြန်မာစာ ၊ မြန်မာအက္ခရာ စာလုံးတွေဟာ ဗြာဟ္မီ အရေးအသား ကိုမြစ်ဖျားခံပြီး မွန် အက္ခရာ နှင့် ပုံစံတူကာ ပါဠိ ၊ သက္ကတ စာလုံးတို့နှင့် နှီးနွယ်ပြီး ဖြစ်ပေါ်လာတယ်လို့ ပြောနိုင်ပါတယ်။

( ၁၂ ရာစု နောက်ပိုင်းမှာ မွန်စာတိမ်ကော သွားပြီး မြန်မာပြည်အောက်ပိုင်းမှာတော့ဆက်လက် ရှင်သန်တယ်လို့ ဆိုပါတယ် ။ ဒါကို.. မြန်မာပြည် အောက်ပိုင်းမှာ ရှိတဲ့ မြို့အမည်တွေကိုကြည့်ရင်သိနိုင်ပါတယ် …. ဥပမာ- မှော်ဘီ …မွန်ဘာသာဖြင့် မြစ်ကွေ့၊ အင်းစိန် = အစ္စိန = မွန်ဘာသာဖြင့် ဆင်အိုင် … တော်တော်လေးများပါတယ် ကျွန်တော် ဒီလောက်ပဲ မှတ်မိတယ် … ဒေါက်တာသန်းထွန်းစာအုပ်ထဲမှာ ဖတ်ဖူးတာ စာအုပ်လဲရှာမတွေ့တော့ဘူး စာအုပ်နာမည်လဲမမှတ်မိတော့လို့ပါ )

ပိဋကတ်တော်စာများကို မြန်မာများ လွယ်ကူစွာ ဖတ်ရှု့နိုင်ဖို့ အတွက် ရှင်အရဟံ နှင့် သီဟိုဌ် ရဟန်းတော်များ၏ နည်းပေးလမ်းပြ ကူညီမှုဖြင့် မြန်မာအက္ခရာ စာလုံးများဖြစ်ပေါ်လာအောင် တီထွင်ခဲ့ပြီး မြန်မာစာဟာရှေးယခင်က ကျောက်စာများအရ ဆိုရင် လေးထောင့်ပုံစံရေးသားခဲ့တယ်လို့ လဲ ဆိုကြပါတယ်။ ရာဇကုမာ ကျောက်စာ ကို အောက်မှာကြည့်ပါ။ မွန် မြန်မာအက္ခရာ သမိုင်း ပြောင်းလဲပုံ ကိုလဲ တွေ့နိုင်ပါတယ် ။

နောက်ပိုင်း ပေစာများရေးတဲ့ ခေတ်ရောက်တော့ ပေစာပေါ်မှာ လေးထောင့်စာလုံးနဲ့ ရေးတဲ့ အခါ ပေစာများ ကွဲထွက်တာကြောင့် အ၀န်း အ၀ိုင်း ပုံရေးဆွဲရင်း မြန်မာစာဟာ ခရာဝန်း ပုံစံပြောင်းလဲလာတယ်လို့ ဆိုကြပါတယ်။ တစ်ချို့ ကလဲ နေ၀န်းလ၀န်းပုံ ကိုကြည့်ပြီးတီထွင် လာတာကြောင့် မြန်မာအက္ခရာ တွေဟာ အ၀န်း အ၀ိုင်းပုံ ဖြစ်ရတယ်လို့ ဆိုပါတယ်။ မြန်မာစာလုံးတွေကို အဖို အမ ဆိုပြီးခွဲခြားထားပြီး ပ ဆင့် ( ပတ်ဆင့်) စာလုံးတွေမှာ အဖိုစာလုံးပေါ်အဖို စာလုံးမဆင့်ရတာ မထပ်ရတာ၊ အမ စာလုံးအပေါ်မှာ အမစာလုံး မဆင့်ရတာမထပ်ရတာ တွေလဲရှိပါတယ်။

( ဘယ်လို စာလုံးတွေ မှ ထပ်လို့ရလဲ ၊ ဆင့်လို့ ရသလဲ ကတော့ ကိုယ့်ဘာသာကိုယ်သာစဉ်းစားကြပါတော့ )

မြန်မာစာလုံး စနစ်တကျ ရေးဆွဲပုံ

A letter from BURMA စာအုပ် မှ မြန်မာအက္ခရာ အသံထွက်ပုံ

မြန်မာ အက္ခရာ အဆင့်ဆင့် ပြောင်းလဲလာပုံအား အက္ခရာ နှိုင်းယှဉ်ပြပုံ

ပထမဆုံး မြန်မာအက္ခရာ သင်ပုန်းကြီးကျမ်း ကိုတော့ မြန်မာသက္ကရာဇ် ၁၂၃၅-၄၉ (AD-13) ရာစုအလယ် မှာ ဦးကျည်ပွေ့ ( ခေါ် ) ရှင်ဒိသာပါမောက် က ရေးသားပြုစုခဲ့ပါတယ်။ ၁၇၇၄ ခုနှစ် မှာတော့ သံလျင်မြို့ မှ ဗရင်ဂျီ ဖုန်းတော်ကြီး ပါကိုတိုး(Percoto) က ဗရင်ဂျီ ကျမ်းစာမှုများကို ရောမ မြို့သို့ ကူယူသွားခဲ့ရာ ရောမမြို့ က ဗရင်ဂျီ သာသနာပြု အဖွဲ့ ကမြန်မာအက္ခရာများကို တွေ့ရှိကာ သဘောကျခဲ့တဲ့အတွက် မြန်မာအက္ခရာကို မူတည်ပြီး ဂိတ်စပီလီ ( Guiseppe Expilly ) ဆိုသူ က ခဲစာလုံး တီထွင်ပြီး အဲဒီ ခဲစာလုံးတွေနဲ့ ပထမဆုံးသောမြန်မာ သင်ပုန်းကြီး စာအုပ်ကို ရိုက်နှိပ်ခဲ့ပါတယ်။

၁၇၇၆ ခုနှစ် မှာရိုက်နှိပ်ခဲ့တဲ့ မြန်မာ သင်ပုန်းကြီး စာအုပ်မှာ မှားယွင်းတာတွေရှိတဲ့ အတွက် ၁၇၈၇ မှာ ဘုန်းတော်ကြီး မင်တေအာဇာ ( Mantey Azza ) ဒုတိယအကြိမ်မြန်မာ သင်ပုန်းကြီး စာအုပ်ကို ရိုက်နှိပ်ခဲ့ပြန်ပါတယ်။

ကိုးကား

မြန်မာအက္ခရာရေးသားနည်းစနစ် ( ဦးမြတ်ကျော် )
ပေစာနှင့် ပေစာထုတ်ကြိုးပေါ်မှ ဆုတောင်းများ ( ရွှေဘို မိမိကြီး )
မွန်မြန်မာ အက္ခရာ သမိုင်း ( ဦးသာမြတ်)
မြန်မာအဘိဓာန် ( မြန်မာစာ အဖွဲ့ )
 

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။