ဆံပင်ပါးသော သားငယ်အတွက် နည်းလမ်းရှာဖွေရင်း
မိတ်ဆွေများအတွက်ပါ ပြန်လည် ဝေငှလိုက်ပါတယ် ခင်ဗျား ။
...
====================
ဆံပင်ကျွတ်ခြင်း ၊ ဆံပင်ပါးခြင်း
====================
အဟာရ ချို့ တဲ့ခြင်း ၊ ဟိုမုန်းကမောက်ကမ ဖြစ်ခြင်း ၊ စိတ်ဖိစီးခြင်း ၊
ဆံပင်ပုံစံ အမျိုးမျိုးပြောင်းခြင်း ၊ အပူပေးကရိယာများ သုံးစွဲခြင်း ၊
ဓာတုဆေးဝါးများ အများအပြားထဲ့ထားသော ဆံပင်ပြုပြင်သည့်
ဆေးများ သုံးစွဲခြင်း ၊
မျိုးရိုးဗီဇလိုက်ခြင်း အပါအ၀င် အကြောင်းပေါင်းများစွာ ရှိနေပါသည် ။
ယခုဖေါ်ပြမည့် အိမ်တွင်းဖြစ်ဆေးဝါးများကို
တပတ်လျှင် ၂ ကြိမ် x တစ်လမျှ စွဲစွဲမြဲမြဲ ပုံမှန်သုံးစွဲမည်ဆိုလျှင်
ဆံပင်ပြန်ပေါက်ခြင်း ၊ ဆံပင်သန်စွမ်းခြင်း အတွက် အထောက်အကူ
ရရှိနိုင်ပါလိမ့်မည် ဟု မျှော်လင့်ပါသည် ။
…
1. Scalp Massage and Hot Oil Treatment
( ဦးရေပြား နှိပ်နယ်ပေးခြင်း )
-------------------------- -------
ဦးရေပြားကို နေ့ စဉ် ၅ မိနစ်မျှ နှိပ်နယ် ပေးပါက
သွေးလှည့်ပတ်ခြင်းကို ကောင်းမွန်စေပါသည် ။
လက်ချောင်းများဖြင့် ဦးရေပြားကို စက်ဝိုင်းသဏ္ဍာန်
အတန်ဖိ၍ ပွတ်ပေးပါ ။ တခါတခါ ( နှိပ်နယ် ) ပေးပါ ။
တစ်ပါတ် ၁ကြိမ် - ၂ကြီမ် မိုက်ကရိုဝေ့ ( သို့ ) ရေပူနှင့်
အပူပေးထားသော အုန်းဆီ ၊ သံလွင်ဆီ လိမ်းကျံပြီး
နှိပ်နယ်ပေးပါ ။
အပူဓါတ်က ဆံပင်အသားထဲသို့ စိမ့်ဝင်နိုင်ပါသည် ၊
ဗောက်ထခြင်းကိုလည်း လျော့ပါးစေပါသည် ။
နာရီဝက် ၄၅မိနစ် ကြာ မှ ခေါင်းလျော်ပါ ။
...
2. Rosemary
----------------
ရို့မေရီ ပင်ဟာ မြန်မာလို ဘာပင်ဆိုတာ ကျနော် မသိပါ ။
( ဗဟုသုတ ကြွယ်ဝသူများ ဖြည့်ဆည့်ပေးကြပါရန် )
သူက ဆံပင်ကို သန်စွမ်းစေ ပါသည် ။ ဆံပင်ကို နက်မှောင်စေပါသည် ။
ရို့ မေရီက ဦးရေပြား သွေးလှည့်ပတ်မှု ကောင်းစေပါသည် ၊
ဆံပင်အမြစ်ထွက်ရာ တွင်းများ ပိတ်ဆို့နေခြင်းကို ပွင့်စေပါသည် ။
ရို့ မေရီ အဆီ ( rosemary essential oil ) လက်ဘက်ရည်ဇွန်း ၂ ဇွန်းစာနှင့်
အုန်းဆီ ၊ သံလွင်ဆီ ရောပြီး ဆံပင်ကို လိမ်းကျံ၍ ဦးရေပြားကို
နှိပ်နယ်ပေးရပါမည် ။
နာရီဝက် ၁နာရီကြာမှ ခေါင်းလျော်ရပါမည် ။
…
3. Castor Oil ( ကြက်ဆူဆီ )
--------------------
ကြက်ဆူဆီတွင် အိုမီဂါ ၉ အဆီဓါတ် ( omega-9 fatty acids ) နှင့်
ဗီတာမင် E ( vitamin E ) ကြွယ်ဝစွာ ပါဝင်ပါသည် ။
ကြက်ဆူဆီ နှင့် အုန်းဆီ ( သို့ ) သံလွင်ဆီ ဆတူ ရောပြီး
လိမ်းကျံ၍ ဦးရေကို နှိပ်နယ် ပေးရပါမည် ။
၅မိနစ် - ၁၀မိနစ် နှိပ်နယ်ပြီး ၊ မိနစ်၃၀ မှ ၄၅ မိနစ် ထားရပါမည် ။
ခေါင်းလျော်သောအခါ စေးကပ်နေပါက clarifying shampoo
သုံးနိုင်ပါသည် ။
...
4. Eggs ( ဥ )
---------------
ဥ များမှာ ကာရာတင် ပရိုတိန်း ဓါတ် ( keratin protein ) ကြွယ်ဝပါသည် ။
ဆံပင်ပေါက်ခြင်း ၊ သန်စွမ်းခြင်း အတွက် အထောက်အကူ ရပါသည် ။
ဘဲဥ က အနံ့ မကြိုက်သူများ၍ ကြက်ဥ ကိုဘဲ နမူနာထားပါမည် ။
ကြက်ဥ ၂ လုံးမှ အနှစ် ကို သံလွင်ဆီ ၂ဇွန်းနှင့် မွှေပါ ။
ဦးရေထိအောင် လိမ်းကျံပါ ။
၁၅ - ၂၀ မိနစ် ထားပါ ။
ရေအေးနှင့် ဆေးကြောပါ ၊ shampoo နှင့် ခေါင်းလျော်နိုင်ပါသည် ။
.
နောက်တနည်း :
ကြက်ဥ ၁ လုံး ၊ ဒိန်ချဉ် ၁ ခွက် ၊ သံလွင်ဆီ ၂ ဇွန်း ၊
ရှာလကာရေ ၁ ဇွန်း တို့ကို ဖျော်စက် ( blender ) နှင့် မွှေပါ ။
ဦးရေ ထိအောင် လိမ်းကျံပြီး ရေချိုးခေါင်းစွပ် ( shower cap ) စွပ်ထားပါ ။
နာရီဝက် ထားပြီးမှ ခေါင်းလျော်ပါ ။
...
5. Gooseberry ( ကုလားဆီးဖြူ )
--------------------
အုန်းဆီ ကို ခွက်မှာထဲ့ပြီး အပူပေးပါ ။
ကုလားဆီးဖြူ ခြောက်မှုန့် ကို ကျွမ်းသည်ထိ မွှေပါ ။
အအေးခံပါ ။
၎င်းဆီနှင့် ဦးရေထိအောင် ၁၀ မိနစ် နှိပ်နယ်ပါ ။
မိနစ် ၃၀ ကြာထားပြီးမှ ရေဆေး ခေါင်းလျော်ပါ ။
.
နောက်တနည်း :
ကုလားဇီးဖြူ မှုန့် ၁ ဇွန်း ကို သံပုရာရေ နှင့် ဖျော်ပါ ။
ဦးရေထိအောင် လိမ်းကျံ ပြီး နှိပ်နယ်ပါ ။
မိနစ် ၃၀ ကြာထားပြီးမှ ခေါင်းလျော်ပါ ။
...
6. Lemon Juice ( သံပုရာရေ )
----------------------
သံပုရာရေ မှာ vitamin C ၊ vitamin B1 ၊ vitamin B3 ၊ vitamin B5 ၊
vitamin B6 ၊ vitamin B12 ၊
ဖောလစ်အက်ဆစ် ( folic acid ) တို့ ပါဝင်ပါသည် ။
၎င်း ဓါတ်တိုးကာကွယ်ပစ္စည်းများက ဆံပင်ပေါက်ခြင်း
သန်စွမ်းခြင်း ၊ နူးညံ့တောက်ပြောင်ခြင်း ဖြစ်စေပါသည် ။
ဗောက်ပျောက်စေပါသည် ။
အုန်းဆီ ၂ဆ သံပုရာရေ ၁ဆ ရောမွှေပါ ။
ဦးရေထိသည်ထိ လိမ်းကျံပါ ။
မိနစ် ၃၀ မှ ၄၅ မိနစ် ထားပါ ။
ပြီးမှ ခေါင်းလျော်ပါ ။
…
7. Beetroot Juice ( မုန်လာဥနီဖျော်ရည် )
-----------------------
မုန်လာဥ မှာ ပရိုတိန်း ( protein ) ၊ ကာရိုတင်းနွုက် ( carotenoids ) ၊
ဗီတာမင် ဘီ ( vitamins B ) ၊ ဗီတာမင် စီ ( C ) ၊
ကယ်လဆီယံ ( calcium ) ၊ သံဓါတ် ( iron ) ၊ မဂ္ဂနီဆီယံ ( magnesium ) ၊
ပိုတက်ဆီယံ ( potassium ) ၊ ဖော့စဖိုရပ် ( phosphorus ) နှင့်
စီလီကွန်ဒြပ်ပေါင်း ( silica ) တို့ ပါဝင်ပါသည် ။
၎င်းဓါတ်များက ဆံပင်ပေါက်ခြင်း ၊ ဆံပင် သန်စွမ်းခြင်းအတွက် များစွာ
အထောက်အကူဖြစ်စေပါသည် ။
မုန်လာဥ ကို blender ထဲ ထဲ့မွှေ ၊ အရည်ညှစ်ယူ ၊
၎င်း ဖျော်ရည်ကို ပုံမှန်သောက်သုံးပေးရပါမည် ။
အခြား အသီးအနှံများဖြစ်သော သခွားသီး ( cucumbers ) ၊
မုန်လာဥ၀ါ ( carrots ) ၊ နံနံပင် ( coriander ) ၊ ဆလတ်ရွက် ( lettuce )
စသည်တို့ ကို လည်း ထည့်ပြီး သောက်သုံးနိုင်ပါသည် ။
ဆံပင်ပေါက်ခြင်း ၊ ဆံပင် သန်စွမ်းခြင်းအတွက် များစွာ
အထောက်အကူဖြစ်စေပါသည် ။
…
8. Fish Oil ( ငါးကြီးဆီ )
--------------
ငါးကြီးဆီမှာ omega-3 fatty acids ကြွယ်ဝပါသည် ။
ဆံပင် နူးညံ့ချောမွေ့ ခြင်း ၊ သန်စွမ်းခြင်း ဖြစ်စေပါသည် ။
Omega 3 စားဆေး များ တနေ့ ၁ လုံး စားသုံးနိုင်ပါသည် ။
…
9. Coconut Milk ( အုန်းနို့ )
------------------------
အုန်းနို့ တွင် ဗီတာမင် B, C, and E နှင့် calcium, magnesium, iron,
phosphorus, selenium, အပြင် အဟာရဓါတ် များစွာ ပါဝင်ပါသည် ။
ဆံပင်ပေါက်ခြင်းကို အားပေးပြီး ဆံပင်ကျွတ်ခြင်းကို ကာကွယ်ပါသည် ။
အုန်းနို့ ကို ပုံမှန် သောက်သုံးနိုင်ပါသည် ။
.
နောက်တနည်း ;
အုန်းနို့ ဖြင့် ဦးရေထိအောင် နှိပ်နယ်ပါ ။
၁ နာရီ ထားပါ ။
ရေနွေးနွေးဖြင့် ဆေးကြောပါ ။
တစ်ပတ် တစ်ခါ ပြုလုပ်နိုင်ပါသည် ။
.
နောက်တနည်း ;
အုန်းနို့ ၊ တဇောင်းလက်ပတ် နှစ် ( aloe vera gel ) ၊
ဖွဲနုဆီ ( wheat germ oil ) ရောမွှေပြီး
ဦးရေပြားထိအောင် လိမ်းကျံ နှိပ်နယ်ပါ ။
.
နောက်တနည်း
အုန်းနို့ ၊ ထောပတ်သီး ၊ သံလွင်ဆီ ၊ ပျားရည် တို့ ကို သမအောင် မွှေပြီး
ဦးရေပြားထိအောင် နှိပ်နယ်ပါ ။
…
ယခုနည်းများကတော့ ဆံပင်ပေါက်ဖို့ ၊ သန်စွမ်းဖို့ ၊ နက်မှောင်ချောမွေ့ ဖို့ ၊
နူးညံ့ပျော့ပြောင်းဖို့အတွ က် အထောက်အကူပြု နည်းလမ်းများဖြစ်ပါသည် ။
ဆံပင်ဟာ ကိုယ်ခန္ဓာ ကြံ့ ခိုင် ကျန်းမာမှု ပေါ်လည်းတည်သည့်အတွက် ၊
အဟာရပြည့်ဝသော အစားအစားများကို စားသုံးမှီဝဲရန် လိုအပ်ပါသည် ။
…
ကျန်းမာကြပါစေ
ဒေါက်တာမြင့်သိန်း
18 October 2015q
မိတ်ဆွေများအတွက်ပါ ပြန်လည် ဝေငှလိုက်ပါတယ် ခင်ဗျား ။
...
====================
ဆံပင်ကျွတ်ခြင်း ၊ ဆံပင်ပါးခြင်း
====================
အဟာရ ချို့ တဲ့ခြင်း ၊ ဟိုမုန်းကမောက်ကမ ဖြစ်ခြင်း ၊ စိတ်ဖိစီးခြင်း ၊
ဆံပင်ပုံစံ အမျိုးမျိုးပြောင်းခြင်း ၊ အပူပေးကရိယာများ သုံးစွဲခြင်း ၊
ဓာတုဆေးဝါးများ အများအပြားထဲ့ထားသော ဆံပင်ပြုပြင်သည့်
ဆေးများ သုံးစွဲခြင်း ၊
မျိုးရိုးဗီဇလိုက်ခြင်း အပါအ၀င် အကြောင်းပေါင်းများစွာ ရှိနေပါသည် ။
ယခုဖေါ်ပြမည့် အိမ်တွင်းဖြစ်ဆေးဝါးများကို
တပတ်လျှင် ၂ ကြိမ် x တစ်လမျှ စွဲစွဲမြဲမြဲ ပုံမှန်သုံးစွဲမည်ဆိုလျှင်
ဆံပင်ပြန်ပေါက်ခြင်း ၊ ဆံပင်သန်စွမ်းခြင်း အတွက် အထောက်အကူ
ရရှိနိုင်ပါလိမ့်မည် ဟု မျှော်လင့်ပါသည် ။
…
1. Scalp Massage and Hot Oil Treatment
( ဦးရေပြား နှိပ်နယ်ပေးခြင်း )
--------------------------
ဦးရေပြားကို နေ့ စဉ် ၅ မိနစ်မျှ နှိပ်နယ် ပေးပါက
သွေးလှည့်ပတ်ခြင်းကို ကောင်းမွန်စေပါသည် ။
လက်ချောင်းများဖြင့် ဦးရေပြားကို စက်ဝိုင်းသဏ္ဍာန်
အတန်ဖိ၍ ပွတ်ပေးပါ ။ တခါတခါ ( နှိပ်နယ် ) ပေးပါ ။
တစ်ပါတ် ၁ကြိမ် - ၂ကြီမ် မိုက်ကရိုဝေ့ ( သို့ ) ရေပူနှင့်
အပူပေးထားသော အုန်းဆီ ၊ သံလွင်ဆီ လိမ်းကျံပြီး
နှိပ်နယ်ပေးပါ ။
အပူဓါတ်က ဆံပင်အသားထဲသို့ စိမ့်ဝင်နိုင်ပါသည် ၊
ဗောက်ထခြင်းကိုလည်း လျော့ပါးစေပါသည် ။
နာရီဝက် ၄၅မိနစ် ကြာ မှ ခေါင်းလျော်ပါ ။
...
2. Rosemary
----------------
ရို့မေရီ ပင်ဟာ မြန်မာလို ဘာပင်ဆိုတာ ကျနော် မသိပါ ။
( ဗဟုသုတ ကြွယ်ဝသူများ ဖြည့်ဆည့်ပေးကြပါရန် )
သူက ဆံပင်ကို သန်စွမ်းစေ ပါသည် ။ ဆံပင်ကို နက်မှောင်စေပါသည် ။
ရို့ မေရီက ဦးရေပြား သွေးလှည့်ပတ်မှု ကောင်းစေပါသည် ၊
ဆံပင်အမြစ်ထွက်ရာ တွင်းများ ပိတ်ဆို့နေခြင်းကို ပွင့်စေပါသည် ။
ရို့ မေရီ အဆီ ( rosemary essential oil ) လက်ဘက်ရည်ဇွန်း ၂ ဇွန်းစာနှင့်
အုန်းဆီ ၊ သံလွင်ဆီ ရောပြီး ဆံပင်ကို လိမ်းကျံ၍ ဦးရေပြားကို
နှိပ်နယ်ပေးရပါမည် ။
နာရီဝက် ၁နာရီကြာမှ ခေါင်းလျော်ရပါမည် ။
…
3. Castor Oil ( ကြက်ဆူဆီ )
--------------------
ကြက်ဆူဆီတွင် အိုမီဂါ ၉ အဆီဓါတ် ( omega-9 fatty acids ) နှင့်
ဗီတာမင် E ( vitamin E ) ကြွယ်ဝစွာ ပါဝင်ပါသည် ။
ကြက်ဆူဆီ နှင့် အုန်းဆီ ( သို့ ) သံလွင်ဆီ ဆတူ ရောပြီး
လိမ်းကျံ၍ ဦးရေကို နှိပ်နယ် ပေးရပါမည် ။
၅မိနစ် - ၁၀မိနစ် နှိပ်နယ်ပြီး ၊ မိနစ်၃၀ မှ ၄၅ မိနစ် ထားရပါမည် ။
ခေါင်းလျော်သောအခါ စေးကပ်နေပါက clarifying shampoo
သုံးနိုင်ပါသည် ။
...
4. Eggs ( ဥ )
---------------
ဥ များမှာ ကာရာတင် ပရိုတိန်း ဓါတ် ( keratin protein ) ကြွယ်ဝပါသည် ။
ဆံပင်ပေါက်ခြင်း ၊ သန်စွမ်းခြင်း အတွက် အထောက်အကူ ရပါသည် ။
ဘဲဥ က အနံ့ မကြိုက်သူများ၍ ကြက်ဥ ကိုဘဲ နမူနာထားပါမည် ။
ကြက်ဥ ၂ လုံးမှ အနှစ် ကို သံလွင်ဆီ ၂ဇွန်းနှင့် မွှေပါ ။
ဦးရေထိအောင် လိမ်းကျံပါ ။
၁၅ - ၂၀ မိနစ် ထားပါ ။
ရေအေးနှင့် ဆေးကြောပါ ၊ shampoo နှင့် ခေါင်းလျော်နိုင်ပါသည် ။
.
နောက်တနည်း :
ကြက်ဥ ၁ လုံး ၊ ဒိန်ချဉ် ၁ ခွက် ၊ သံလွင်ဆီ ၂ ဇွန်း ၊
ရှာလကာရေ ၁ ဇွန်း တို့ကို ဖျော်စက် ( blender ) နှင့် မွှေပါ ။
ဦးရေ ထိအောင် လိမ်းကျံပြီး ရေချိုးခေါင်းစွပ် ( shower cap ) စွပ်ထားပါ ။
နာရီဝက် ထားပြီးမှ ခေါင်းလျော်ပါ ။
...
5. Gooseberry ( ကုလားဆီးဖြူ )
--------------------
အုန်းဆီ ကို ခွက်မှာထဲ့ပြီး အပူပေးပါ ။
ကုလားဆီးဖြူ ခြောက်မှုန့် ကို ကျွမ်းသည်ထိ မွှေပါ ။
အအေးခံပါ ။
၎င်းဆီနှင့် ဦးရေထိအောင် ၁၀ မိနစ် နှိပ်နယ်ပါ ။
မိနစ် ၃၀ ကြာထားပြီးမှ ရေဆေး ခေါင်းလျော်ပါ ။
.
နောက်တနည်း :
ကုလားဇီးဖြူ မှုန့် ၁ ဇွန်း ကို သံပုရာရေ နှင့် ဖျော်ပါ ။
ဦးရေထိအောင် လိမ်းကျံ ပြီး နှိပ်နယ်ပါ ။
မိနစ် ၃၀ ကြာထားပြီးမှ ခေါင်းလျော်ပါ ။
...
6. Lemon Juice ( သံပုရာရေ )
----------------------
သံပုရာရေ မှာ vitamin C ၊ vitamin B1 ၊ vitamin B3 ၊ vitamin B5 ၊
vitamin B6 ၊ vitamin B12 ၊
ဖောလစ်အက်ဆစ် ( folic acid ) တို့ ပါဝင်ပါသည် ။
၎င်း ဓါတ်တိုးကာကွယ်ပစ္စည်းများက
သန်စွမ်းခြင်း ၊ နူးညံ့တောက်ပြောင်ခြင်း ဖြစ်စေပါသည် ။
ဗောက်ပျောက်စေပါသည် ။
အုန်းဆီ ၂ဆ သံပုရာရေ ၁ဆ ရောမွှေပါ ။
ဦးရေထိသည်ထိ လိမ်းကျံပါ ။
မိနစ် ၃၀ မှ ၄၅ မိနစ် ထားပါ ။
ပြီးမှ ခေါင်းလျော်ပါ ။
…
7. Beetroot Juice ( မုန်လာဥနီဖျော်ရည် )
-----------------------
မုန်လာဥ မှာ ပရိုတိန်း ( protein ) ၊ ကာရိုတင်းနွုက် ( carotenoids ) ၊
ဗီတာမင် ဘီ ( vitamins B ) ၊ ဗီတာမင် စီ ( C ) ၊
ကယ်လဆီယံ ( calcium ) ၊ သံဓါတ် ( iron ) ၊ မဂ္ဂနီဆီယံ ( magnesium ) ၊
ပိုတက်ဆီယံ ( potassium ) ၊ ဖော့စဖိုရပ် ( phosphorus ) နှင့်
စီလီကွန်ဒြပ်ပေါင်း ( silica ) တို့ ပါဝင်ပါသည် ။
၎င်းဓါတ်များက ဆံပင်ပေါက်ခြင်း ၊ ဆံပင် သန်စွမ်းခြင်းအတွက် များစွာ
အထောက်အကူဖြစ်စေပါသည် ။
မုန်လာဥ ကို blender ထဲ ထဲ့မွှေ ၊ အရည်ညှစ်ယူ ၊
၎င်း ဖျော်ရည်ကို ပုံမှန်သောက်သုံးပေးရပါမည
အခြား အသီးအနှံများဖြစ်သော သခွားသီး ( cucumbers ) ၊
မုန်လာဥ၀ါ ( carrots ) ၊ နံနံပင် ( coriander ) ၊ ဆလတ်ရွက် ( lettuce )
စသည်တို့ ကို လည်း ထည့်ပြီး သောက်သုံးနိုင်ပါသည် ။
ဆံပင်ပေါက်ခြင်း ၊ ဆံပင် သန်စွမ်းခြင်းအတွက် များစွာ
အထောက်အကူဖြစ်စေပါသည် ။
…
8. Fish Oil ( ငါးကြီးဆီ )
--------------
ငါးကြီးဆီမှာ omega-3 fatty acids ကြွယ်ဝပါသည် ။
ဆံပင် နူးညံ့ချောမွေ့ ခြင်း ၊ သန်စွမ်းခြင်း ဖြစ်စေပါသည် ။
Omega 3 စားဆေး များ တနေ့ ၁ လုံး စားသုံးနိုင်ပါသည် ။
…
9. Coconut Milk ( အုန်းနို့ )
------------------------
အုန်းနို့ တွင် ဗီတာမင် B, C, and E နှင့် calcium, magnesium, iron,
phosphorus, selenium, အပြင် အဟာရဓါတ် များစွာ ပါဝင်ပါသည် ။
ဆံပင်ပေါက်ခြင်းကို အားပေးပြီး ဆံပင်ကျွတ်ခြင်းကို ကာကွယ်ပါသည် ။
အုန်းနို့ ကို ပုံမှန် သောက်သုံးနိုင်ပါသည် ။
.
နောက်တနည်း ;
အုန်းနို့ ဖြင့် ဦးရေထိအောင် နှိပ်နယ်ပါ ။
၁ နာရီ ထားပါ ။
ရေနွေးနွေးဖြင့် ဆေးကြောပါ ။
တစ်ပတ် တစ်ခါ ပြုလုပ်နိုင်ပါသည် ။
.
နောက်တနည်း ;
အုန်းနို့ ၊ တဇောင်းလက်ပတ် နှစ် ( aloe vera gel ) ၊
ဖွဲနုဆီ ( wheat germ oil ) ရောမွှေပြီး
ဦးရေပြားထိအောင် လိမ်းကျံ နှိပ်နယ်ပါ ။
.
နောက်တနည်း
အုန်းနို့ ၊ ထောပတ်သီး ၊ သံလွင်ဆီ ၊ ပျားရည် တို့ ကို သမအောင် မွှေပြီး
ဦးရေပြားထိအောင် နှိပ်နယ်ပါ ။
…
ယခုနည်းများကတော့ ဆံပင်ပေါက်ဖို့ ၊ သန်စွမ်းဖို့ ၊ နက်မှောင်ချောမွေ့ ဖို့ ၊
နူးညံ့ပျော့ပြောင်းဖို့အတွ
ဆံပင်ဟာ ကိုယ်ခန္ဓာ ကြံ့ ခိုင် ကျန်းမာမှု ပေါ်လည်းတည်သည့်အတွက် ၊
အဟာရပြည့်ဝသော အစားအစားများကို စားသုံးမှီဝဲရန် လိုအပ်ပါသည် ။
…
ကျန်းမာကြပါစေ
ဒေါက်တာမြင့်သိန်း
18 October 2015q

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။