နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူ အနေနဲ့ သြဂုတ် ၃၁ ရက်နေ့က ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မှာ ကျင်းပခဲ့တဲ့ Ramon Magsaysay ဆုပေးပွဲမှာ ၂ဝ၁၅ ခုနှစ်အတွက် Ramon Magsaysay ဆုကို ရရှိခဲ့ပါတယ်။ အာရှနိုဘယ်ဆုအဖြစ် သတ်မှတ်ကြတဲ့ အဆို ပါဆုကို ၂ဝ၁၅ ခုနှစ်အတွက် မြန်မာနိုင်ငံမှ ဦးကျော်သူနဲ့ အတူ အိန္ဒိယ၊ ဖိလစ်ပိုင်နဲ့ လာအိုနိုင်ငံတို့မှ လူပုဂ္ဂိုလ် ၄ ဦး၊ စုစုပေါင်း ၅ ဦး ရရှိ ခဲ့ခြင်းဖြစ်ပါတယ်။ ဖိလစ်ပိုင်သမ္မတဟောင်း Ramon Magsaysayကို ဂုဏ်ပြုတဲ့ ဒီကို ၁၉၅၇ ခုနှစ်ကတည်းက တစ်နှစ်တစ်ကြိမ်ပေး အပ် ခဲ့ခြင်းဖြစ်ပြီး ဒီ နှစ်ဆုပေးပွဲမှာတော့ ဖိလစ်ပိုင်သမ္မတ Benigno S.Aquino III က ဆုချီးမြင့်ပေးခဲ့ပါတယ်။ လူမျိုးဘာသာမရွေးအတွက် ပ ညာရေး၊ကျန်းမာရေး၊နာရေးတွေကိုအခမဲ့ကူညီဆောင်ရွက်ပေးနေတဲ့ Ramon Magsaysay ဆုရှင် ဦးကျော်သူကို စက်တင်ဘာ ၄ ရက်ေ န့၊ နေ့ခင်း ၂နာရီကမြောက်ဒဂုံမြို့နယ်ရှိ နာရေးကူညီမှုအသင်း(ရန်ကုန်) ရုံးခန်းမှာတွေ့ဆုံမေးမြန်းခဲ့ပါတယ်။
မေး- Ramon Magsaysay ဆုကို ဖိလစ်ပိုင်မှာသွားယူခဲ့တဲ့ ဦးမောင် (ဦးကျော်သူ)ရဲ့အတွေ့အကြုံတွေနဲ့ ဦးမောင်ရဲ့ ပီတိစ ကား ကို ပြောပြပေးပါ။ နောက်ပြီး ဒီဆုနဲ့ပတ်သက်ပြီး ဦးမောင်ပြောချင်တဲ့ စကားတွေကကော ဘာတွေဖြစ်မလဲ။
ဖြေ- ဆုရမယ်ဆိုပြီးတော့ ကျွန်တော့်ဆီအကြောင်းလာတယ်။ ကျွန်တော်ကတော့ ရိုးရိုးသာမန်ဆုပဲပေါ့လေ။ ကိုယ့်ကိုအသိအမှတ်ပြုတဲ့ ဆုလေးတစ်ဆုပဲလို့ ထင်တယ်။ ဒါပေမဲ့ Ramon Magsaysay ဆုဆိုတာ ကမ္ဘာမှာ ထူးခြားတဲ့ ဆုတစ်ဆုဖြစ်တယ်ဆိုတာ ကျွန်တော့် သားတွေ၊ သမီးတွေကလည်း ပြောတယ်။ အဲဒီလိုနဲ့ ဖိလစ်ပိုင်ကို သွားတယ်။ အခမ်းအနားအတွက်ကတော့ Time Table အပြည့်ပါပဲ။ အင်တာဗျူးတွေလည်းတောက်လျှောက် ဖြေခဲ့ရတယ်။ ဆုပေးပွဲကိုသမ္မတလာ တယ်။ ရီဟာဇယ်လည်း တစ်ရက်လုပ်ရတယ်။ သမ္မ တ ကိုယ်တိုင်က ဆုချီးမြှင့်တယ်။ ဂုဏ်ပြုစကားပြောတယ်။ ညကျတော့ Dinner လုပ်တဲ့ အချိန်မှာ ဆုရတဲ့သူ ၅ဦး၊ အိန္ဒိယက ၂ ယောက်၊ လာအိုက ၁ယောက်၊ ဖိလစ် ပိုင်က ၁ယောက်၊ကျွန်တော်က မြန်မာနိုင်ငံကိုယ်စားပြုပေါ့။ အဲဒီမှာ ဆုရတဲ့ သူနဲ့ သူတို့နိုင်ငံက သံအမတ် တို့က မိတ်ဆက်ကြတယ်။ကျွန်တော့် အလှည့်ကျတော့ ကျွန်တော်တို့ မြန်မာသံရုံးက မလာဘူး။ ကိုယ်ကတော့ နည်း နည်းစိတ် မေ ကာင်းဖြစ်သွားတာပေါ့။ ငါတို့က ကိုယ့်နိုင်ငံပြည်သူ၊ ပြည်သားတွေအတွက် လုပ်ပေးတာကို ဘာကြောင့် အသိအမှတ် မပြုတာလဲ။ သို့ သော် သူတို့သံရုံးက အလုပ်တွေများလို့ မလာနိုင်ဘူးဆို ပြီးတော့ပဲ စိတ်ဖြေလိုက်ပါတယ်။ ပွဲထဲမှာတော့ ကျွန်တော့်ကို ဝိုင်းပြီးတော့ ချီးမြှင့်ကြတဲ့၊ ဂုဏ်ပြုကြတဲ့ မြန်မာတွေ အများကြီးပါလာတယ်။ အားလုံးအယောက် ၈ဝ လောက်ရှိတယ်။ အားတက်သွား တာ ပေါ့ေ လ။ လေဆိပ်ပြန်ရောက်တော့လည်း နာရေးကူညီမှုအသင်း (ရန်ကုန်) တင်မကဘဲနဲ့ ပရဟိတအသင်းအဖွဲ့တွေ၊ ညီအစ် ကိုမော င်နှမမိ သား စုတွေလာကြိုကြတဲ့အတွက် ဝမ်းလည်းသာတယ်။ ပျော်လည်း ပျော်တယ်။ အမှန်ကတော့ ဒီဆုက ကျွန်တော် တစ်ယောက်တည်း လုပ်လို့ရတဲ့ဆုမဟုတ်ဘူး။ ကျွန်တော်တို့ ပရဟိတသမားတွေရော၊ လူငယ်တွေရော၊ ဝန်ထမ်းတွေရော အားလုံးတက်ညီ လက်ညီ လုပ်ခဲ့လို့ ဒီဆုကိုရတာ။ ဒါ့အပြင် ပြည်တွင်း၊ ပြည်ပမှာရှိတဲ့ အလှူရှင်တွေရဲ့ လှူဒါန်းမှုကြောင့်လည်း ပရဟိတကို လုပ်နိုင်တာပါ။
မေး- သူတို့နိုင်ငံက မီဒီယာတွေက ဦးမောင်ကို အင်တာဗျူးတဲ့အခါ ဘယ်အကြောင်းအရာကို အဓိကထားပြီး မေးလဲ။၂ဝ၁၅ခုနှစ်အတွက် Ramon Magsaysay ဆုရှင် ဦးမောင်နဲ့ပတ်သက်ပြီး သူတို့သိချင်တာကဘာတွေလဲ။
ဖြေ- သူတို့အတွက် အထူးအဆန်းဖြစ်တာကတော့ အခမဲ့နာရေးကူညီတာ။ သူတို့နိုင်ငံမှာ ဒီလိုအခမဲ့ဆိုတာ အင်မတန်ရှားတယ်။ မရှိ သလောက်ပဲ။ နောက်တစ်ချက်က ရုပ်ရှင်မင်းသားတစ်ယောက်ကနေ အနိမ့်ကျဆုံး အလုပ်ကိုဘာကြောင့်လုပ်တာလဲ။ ဒါကို သူတို့သိချင် တယ်။ ပြီးတော့ ဒီနာရေး တစ်ခုတင်လုပ်တာမဟုတ်ဘူးဆိုတာ အားလုံးသိသွားတယ်။ ကျွန်တော်တို့က ရန်ကုန်မှာက တည်းက သူတို့ ကိုပြဖို့ ၁၆ မိနစ်စာ အခွေလေးလုပ်သွားတယ်။ ကျော်သူတို့က နာရေးတင်မကဘူး။ ကျန်းမာရေးရော၊ ပညာရေးရော၊ သဘာဝဘေး၊ စစ်ဘေး၊ လေဘေး ဒါတွေအားလုံး လုပ်ပါလားဆိုတာ သူတို့အားလုံး သဘောပေါက်သွားတယ်။ သူတို့အံ့အားသင့်သွားတယ်။ ဆုရွေးချ ယ်ရေးအဖွဲ့တွေတောင်မှမသိတဲ့ အကြောင်းအရာတွေကို သိသွားတယ်။ သူတို့လည်း ဝမ်းမြောက် ကြတယ်။
မေး- ဖိလစ်ပိုင်ကိုသွားရောက်ခဲ့တဲ့ ကာလအတွင်းမှာတော့ ဦးမောင်အနေ နဲ့ ဘာတွေလေ့လာဖြစ်ခဲ့လဲ။ အဲဒီအတွေ့အကြုံကို ဦးမောင်ရဲ့ ပရဟိတ လုပ် ငန်းတွေမှာဘယ်လိုပြန်ပြီးအသုံးချမလဲ။
ဖြေ- ကျွန်တော်တို့ မပြန်ခင်တစ်ရက်က ပရဟိတလုပ်နေတဲ့ မဟာယန ဗုဒ္ဓဘာသာသီလရှင်ကြီး ထူထောင်ထားတဲ့ဂေဟာကို သွားတယ်။ သူတို့လည်း အရင်တုန်းက ဒီဆုရခဲ့ဖူးတယ်။ တစ်ခါက သူတို့မုန်တိုင်းကျတယ်။ အကုန်လုံးပျက်စီးကုန်တယ်။ ဒီရွာကို ပြန်လည်ထူထောင် တဲ့နေရာမှာ ဒီသီလ ရှင်ကြီးရဲ့ ညွှန်ကြားမှုနဲ့ လုပ်တယ်။ ပထမဆုံးအမှိုက်သရိုက်တွေ၊ သစ်ပင် တွေလဲနေတာတွေကို လုပ်ရမယ့်အတွက် အဲဒီရွာကလူတွေကို တစ်ရက်ကို ဘယ်လောက်ပေးမယ်ဆိုပြီး သတ်မှတ် တယ်။အလုပ်ရဲ့ တန်ဖိုးကို သိအောင် လုပ်တယ်။ ပထမ တစ်ရက်က သိပ်မအောင်မြင်ဘူး။ နောက်ရက်တွေမှာ လူတွေအများကြီးလာကြတယ်။ ကျွန်တော်တို့ ပြန်လည်ထူထောင်ရေးမှာလည်း ဒီလိုပုံစံမျိုးလုပ်ဖို့တော့လိုတယ်။ ပြီးတော့ သူတို့က ပြင်ဆင်ထားတယ်။ ဂိုဒေါင်အကြီးကြီးထဲမှာ အိမ်ထောင် စုတစ်စုချင်းစီကိုပေးဖို့ ပ စ္စည်းတွေ အဆင်သင့်လုပ်ထားတယ်။ သူတို့ နိုင်ငံမှာ မုန်တိုင်းမကြာခဏဖြစ်လို့ ဒီလိုပြင်ဆင်မှုတွေလုပ်ထားတယ်။ နောက်တစ်ခု ဘာ သွားတွေ့လဲဆိုတော့ အချိုရည်ဘူး၊ ကော်ဘူးတွေနဲ့ လှေလှော်တဲ့နည်းတွေလည်း သွားတွေ့ တယ်။ ဒါကိုတော့ ကျွန်တော်တို့နိုင်ငံ ရဲ့ေ ရးဘေးကယ်ဆယ်ရေးအတွက် စဉ်းစားမိတယ်။သီလရှင်ကြီးရဲ့အဖွဲ့မှာ အလုပ်အကိုင်ရှာဖွေရေးအတွက် ပြု လုပ်ပေးနေတာတွေ လည်း တွေ့ရ တယ်။ ကိုယ်ထူကိုယ်ထစိတ်တွေ မွေးဖွားလာအောင်၊ အလုပ်ရဲ့ တန်ဖိုးကိုသိလာအောင်သင်ပေးတာကို သင် ခန်း စာ ရရှိ ခဲ့ပါတယ်။
မေး- ဦးမောင်ဆုသွားယူတဲ့အချိန်မှာ ထူးခြားချက်က ဦးမောင်တို့ ဇနီးမောင်နှံရဲ့ မင်္ဂလာသက်တမ်း ၃၄နှစ် ပြည့်နဲ့ တိုက်ဆိုင်ခဲ့ တာလေးနော်။ မိသားစုလည်း စုံလင်ခဲ့တဲ့အတွက် အမှတ်တရတွေကော ရှိခဲ့မလား။
ဖြေ- နှစ်ပတ်လည်ကတော့ သြဂုတ် ၁၃ ရက်ပေါ့လေ။ တိုက်တိုက်ဆိုင်ဆိုင် ဒီဆုပေးပွဲကျင်းပတဲ့နေ့ပေါ့။ လွန်ခဲ့တဲ့ ၃၄နှစ်တုန်းကတော့ ကျွန်တော် အရမ်းကို ရင်တွေခုန်နေတဲ့အချိန် ပေါ့လေ။ ရွှေဇီးကွက် သဘောမတူဘဲနဲ့ ကားပေါ်အတင်းဆွဲတင်ပြီး ခိုးပြေးရတဲ့နေ့လေးပေါ့။ ဒီနှစ်ကတော့ အများပြည်သူရှေ့မှာ၊ နိုင်ငံပေါင်းစုံက ခေါင်းဆောင်တွေ ရှေ့မှာ ဖိလစ်ပိုင်သမ္မတပေးတဲ့ဆုကို တက်ယူရမယ် ဆိုတော့ ရင်ခုန်တာပေါ့။ သားကလည်း ဘာသာပြန်ဖို့လာခဲ့တယ်။ အဖေ၊ အမေကလည်း မြန်မာပြည်ကနေ လိုက်လာတယ်။ သမီးကလည်း လာချင်ပေမယ့် အလုပ်ကနေ ခွင့်ယူဖို့ ခက်တဲ့အတွက် မလာဖြစ်ဘူး။ သမီးမပါတာက လွဲလို့ မိသားစုတွေ စုံစုံလင်လင် တွေ့ခဲ့ရတာပေါ့။
မေး – အခု ဖိလစ်ပိုင်ကနေ ဆုယူပြီး ပြန်လာတဲ့ ဦးမောင်အနေနဲ့ ပရဟိတအလုပ်တွေကို ဘယ်လိုဆက်လုပ်သွားဖို့ရှိမလဲ။ ဒီကြား ထဲမှာလည်း ဦးမောင်က ကားရိုက်တွေရှိတဲ့အတွက် ကျော်သူမရှိရင်လည်း နာကူရှိတယ်ဆိုတဲ့အပေါ် ပြောပြပေးပါဦး။
ဖြေ- ဘယ်လိုပုံစံနဲ့ ဒုက္ခတွေကလာ ဦးမလဲဆိုတာကို ကြိုပြီးတော့ ပြောလို့မရပါဘူး။ ဖြစ်လာတဲ့ဒုက္ခကို ကူနိုင်သလောက်ကူရမှာပဲ။ အခု ရေဘေးဖြစ်တဲ့အချိန်မှာ ကျွန်တော်က ပုပ္ပားမှာ ငဘဇာတ်ကားရိုက်နေတယ်။ အဲဒီအတွက် ကျွန်တော်ကိုယ်တိုင် ကယ်ဆယ်ရေးမှာ ထဲထဲဝင်ဝင်မလုပ်ခဲ့ရဘူး။ ညောင်ဦး၊ မင်းဘူး၊ ပခုက္ကူဘက်ကိုတော့ ဒါရိုက်တာဆီက ခွင့်တောင်းပြီး နေ့ချင်းပြန်သွားလုပ်ပေးခဲ့တယ်။ ဇာတ်ကားရိုက်ပြီးအပြန် မန္တလေးမှာ ရန်ပုံငွေပွဲ လုပ်ပေးခဲ့တယ်။ ရေမြုပ်နေတဲ့ရွာတွေကို ကျွန်တော်ရောက်ခဲ့တယ်။ အခုချင်း ပြည်နယ် ဘက်ကို ကယ်ဆယ်ရေး ခရီးစဉ်ထွက်ပါမယ်။ အဓိကကတော့ ကျွန်တော်တို့ နာရေးကူညီမှုအသင်း က ကလေးတွေကိုပဲ အားကိုးရမှာပဲ။ ကျွန်တော်တို့က ပရဟိတအလုပ်ကို လက်လွှဲပြီးတာဝန်ယူခိုင်းရမယ်။ ဒါမှလည်း ခေါင်းဆောင်ကောင်းတွေ ထွက်လာမယ်။ ကျွန်တော် မရှိတဲ့အချိန်မှာ သူတို့ကို ပရဟိတ စာမေးပွဲစစ်တာနဲ့ အတူတူပါပဲ။ ဒီအထဲက လူချွန်လူကောင်းတွေ ထွက်လာဦးမယ်လို့ ကျွန်တော်မျှော် လင့်ပါတယ်။
မျိုးမောင်
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။