ပါတီပြောင်းမှာလား အမေး သူရဦးရွှေမန်း ဖြေပြီ
========================== ====================
သူရဦးရွှေမန်းနှင့် တွေ့ဆုံခြင်း
ပေါ်ပြူလာနယူးစ် သတင်းအဖွဲ့ တွေ့ဆုံမေးမြန်းသည်။
သူရဦးရွှေမန်းဆိုရင်ဖြင့် အရင်စစ်အစိုးရလက်ထက်ကတည်းက ထိပ်တန်းခေါင်းဆောင်တစ်ဦြး ဖစ်ခဲ့တယ်ဆိုတာ အားလုံးသိကြပြီး သားဖြစ်တဲ့အပြင် လက်ရှိအရပ်သားအစိုးရလက်ထက်မှာ လည်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် တောက်လျှောက်တာဝန်ယူခဲ့လေေ တာ့ကာ လူသိများပြီးသားဖြစ်ပါတယ်။ ဒါ့အပြင် အထွေထွေရွေးကောက်ပွဲနီးခါမှ ပြည်ခိုင်ဖြိုးပူးတွဲဥက္ကဋ္ဌနဲ့  ဗဟိုအလုပ်အမှု ဆောင် အဖွဲ့ဝင်တစ်ဦးအဖြစ်ကနေ ဖယ်ရှားခံလိုက်ရပြန်တော့ လူအများရဲ့ စိတ်ဝင်စားမှုကို ပိုလို့တောင်ရသလိုဖြစ်ခဲ့ပြ န်ပါသေးတယ်။
ခုလည်း ပြည်ခိုင်ဖြိုးပါတီဝင်တွေထဲ မှာကို သူ့ရဲ့ မဲဆွယ်စည်းရုံးမှုဟန်က အားလုံးထက်ကို ထူးခြားနေပြန်တော့ လူအများက ထပ်ပြီးစိတ် ဝင်စားကြပြန်ပါတယ်။ အဲဒီလို လူအများစိတ်ဝင်စားမှုတွေကို ရရှိနေတဲ့ သူရဦးရွှေမန်းကို Popular News ဂျာနယ်က သီးခြားတွေ့ ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။ တခြားမီဒီယာအချို့လည်း မေးမြန်းခဲ့တာကြောင့် မေးခွန်းနှင့်အဖြေအားလုံးတို့ကို စုစည်းဖော်ပြလိုက်ရပါတယ်။
►၂ဝ၁၅ ရွေးကောက်ပွဲမှာ အနိုင်ရဖို့မျှော်မှန်းထားလားခင်ဗျ။
မျှော်မှန်းထားပါတယ်။
►ရွေးကောက်ပွဲအနိုင်ရဖို့ ဘယ်လိုပြင်ဆင်ထားလဲခင်ဗျ။
ထွေထွေထူးထူး သီးခြားပြင်ဆင်ထားတာ မရှိပါဘူး။ သူတို့က ကိုယ့်ကို နားလည်ကြတယ်။ ကိုယ့်ကို စေတနာမေတ္တာထားကြတယ်။ ကိုယ်ကလည်းသူတို့ကို စေတနာမေတ္တာထားတယ်ပြီးတဲ့အခါ သံယောဇဉ် လည်း ရှိပါတယ်။ သံယောဇဉ်ဆိုတာ ဇာတိ ကိုယ့် နိုင်ငံ အတွက်ပေါ့ သံယောဇဉ်တရား အပြန်အလှန်ရှိရင် ထွေထွေထူးထူး မဲဆွယ်စရာ မလိုဘူး။
►အခုဖြူးမှာ နိုင်ငံရေးပါတီနဲ့ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတွေ ပြိုင်မှာဆိုတော့ အဓိကပြိုင်ဘက်အဖြစ် ဘယ်သူ့ကို ရွေး ထားလဲခင်ဗျ။
ဒီအတိုင်းဆိုရင် သီးသန့်ပြောစရာမရှိပါဘူး။ တကယ်တမ်းကျတော့ နိုင်ငံရေးပါတီကြီးတစ်ခုသာ ပြောစရာရှိတယ်။ ဒုတိယအင်အား ကြီး ပေါ့။ တစ်သီးပုဂ္ဂလကတော့ တစ်သီးပုဂ္ဂလရဲ့ သဘောသဘာဝပဲ။
►၂ဝ၁ဝ ရွေးကောက်ပွဲအချိန်နဲ့ ခုလာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲအချိန် တွေက ဘာတွေ ကွာခြားသွားလဲခင်ဗျ။
၂ဝ၁ဝ တုန်းကတော့ ပြိုင်ဘက်ပါတီတွေ နည်းတယ်၊ ပြိုင်ဘက်ပါတီ နည်းတဲ့အပြင် အင်အားကြီးပါတီမရှိခဲ့ဘူး၊ ဒီနှစ်ကျတော့ ပြိုင် ဘက် ပါတီများတယ်၊ အင်အားကြီးပါတီလည်း ပိုများတယ်၊ ဒါ့အပြင်ပြည်သူတွေက ရွေးကောက်ပွဲကိုလည်း ပိုပြီးတော့စိတ်ဝင်စား လာတယ်၊ ပိုပြီးတော့ လည်း နားလည်လာတယ်။ (ဒီတစ်ပတ်က ခုနကပြီးခဲ့တဲ့အပတ်ကထက် ဆိုရင်) အများကြီးတိုးတက်ဖို့ အခြေ အနေပြောင်းလဲသွားနိုင်ပါတယ် ။
►ပြည်ခိုင်ဖြိုးပါတီအနေနဲ့ တကယ့်အင်အားကြီး NLD ပါတီနဲ့ ယှဉ်ပြိုင် တဲ့အခါမှာ ဘယ်လိုအခက်အခဲတွေ ရှိပါသလဲခင်ဗျ။
အခက်အခဲဆိုတာလည်း သတိပြုရမယ့် အချက်ပဲ၊ တကယ် ပြည် သူတွေ ယုံကြည်အောင်၊ ပြည်သူ့ဆန္ဒတွေကို တကယ်အလေး ထား ဆောင်ရွက်ပေးမယ်လို့ ပြည်သူကလည်း ယုံကြည်မယ်ဆို အဲ့ဒီယုံကြည် ချက်တွေက အဲဒီ့ပါတီကို သွားပြီးတော့လေ့လာမှုပြုရ ပါမယ်။
►ရွေးကောက်ပွဲပြီးသွားရင်ကော ဥက္ကဋ္ဌကြီးအနေနဲ့ ပြည်ခိုင်ဖြိုးပါတီ ကနေ ပြောင်းသွားဖို့ ရှိပါသလားခင်ဗျ။
ကိုယ်တို့ကပါတီကို ယုံကြည်ချက်တစ်ခုအနေနဲ့ဝင်တာ၊ ကိုယ်ဝင် တဲ့ပါတီက ကိုယ့်နိုင်ငံအကျိုးစီးပွား ကို ပါတီအကျိုးစီးပွားထက် ပိုပြီး တော့ ဦးစားပေးဆောင်ရွက်နိုင်လိမ့်မယ်။ အဲ့ဒီ့အခါမှာ ဒီပါတီဝင် တစ်ယောက်အနေနဲ့ ပိုပြီးတော့ ပါတီမှာပါဝင်လိုတဲ့ဆန္ဒရှိတယ်။ ပါတီ တိုင်းပါတီတိုင်းက အမျိုးသားအကျိုးစီးပွားကိုဦးထိပ်ထားပြီး ဆောင် ရွက်ပါတယ်။ ပါတီအကျိုးစီးပွားထက်စာရင် အမျိုးသားအကျိုး စီးပွားကို ဦးထိပ်ထားပြီး ဆောင်ရွက်ပါ့မယ်။ လက်ရှိအနေအထားကတော့ ပါတီ မူဝါဒအပေါ်ကို သစ္စာရှိပါတယ်။
►ရွေးကောက်ပွဲ အနိုင်ရမယ်ဆိုရင်ရော တိုင်းပြည်အကျိုးစီးပွားအတွ က် ဘယ်ပါတီကနေ ဆောင်ရွက်သွားဖို့ရှိပါသလဲခ င်ဗျ။
ဒါကတော့ လွှတ်တော်ရဲ့အဆုံးအဖြတ် လွှတ်တော်ကိုယ်စားလှယ် များရဲ့အဆုံးအဖြတ်ပေါ် မူတည်ဆောင်ရွက်သွားမယ်လို့ ပြော ချင်ပါတယ်။
►ရွေးကောက်ပွဲအောင်နိုင်မှုက ရောဥက္ကဋ္ဌကြီးရဲ့ နိုင်ငံရေးရည်မှန်းချက် လား။ ဘယ်လောက်ထိ မျှော်လင့်ထားပါသလဲ ခင်ဗျ။
ရွေးကောက်ပွဲ အောင်မြင်မှုနဲ့ နိုင်ငံရေးရည်မှန်းချက်က ဆက် စပ်ပါတယ်။ ရွေးကောက်ပွဲ အောင်မြင်ရေးကလည်း အဓိကထားရမယ့် ကိစ္စတစ်ခုဖြစ်ပါတယ်။ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ အဓိကထား ဆောင်ရွက်ရမယ်ဆိုတဲ့အပိုင်း မှာ ရွေးကောက်ပွဲအောင်နိုင်မှုက သိပ်ပြီး တော့ ထွေထွေထူးထူးဆောင်ရွက်စရာ မရှိပါဘူးလို့ထင်တယ်။ ဘာ ကြောင့်လဲဆိုတော့ ကိုယ့်ဒေသပြည်သူတွေအပေါ် ကိုယ် နားလည်ပါ တယ်။ သူတို့အပေါ်ကို ယုံကြည်ပါတယ်။ ဒါကြောင့်မို့လို့ သူတို့ကလည်း ကိုယ့်အပေါ်ယုံကြည်မယ် နားလည်မယ်ဆိုရင် ဒီနေ့မြင်တွေ့သလိုပေါ့။ ပြည်သူတွေက ဒီလိုပဲ ဆုံးဖြတ်ပေးထားပါတယ်။
►သမ္မတနေရာထိကို ဆုံးဖြတ်ထားပါသလား ခင်ဗျ။
ဒီကိစ္စတွေက ပြောလို့မရသေးပါဘူး။ နောက်ဆုံး လွှတ်တော်တွေ ကပဲ ဆုံးဖြတ်ပေးသွားမှာပါ။
►အမေရိကမှာပြောခဲ့တဲ့ သမ္မတရည်မှန်းချက်က အခုထိဆက်မျှော်မှန်း ထားတုန်းပဲလား ခင်ဗျ။
လူတစ်ယောက် ဆိုတာကတော့ ရည်မှန်းချက်ကတော့ ရှိတာ ပေါ့။ မှန်ကန်တဲ့ရည်မှန်းချက်က ဒီလိုပဲထားကြတာပေါ့လေ။ ဒီအဆုံး အဖြတ်တွေကလည်း ကိုယ့်ဆုံးဖြတ်ချက် မဟုတ်ပါဘူး။ ခုနကပြော သလို ပြည်သူအများကိုယ်စားလှယ်များရဲ့ အဆုံးအဖြတ်ပဲ ဖြစ်ပါ တယ်။
==========================
သူရဦးရွှေမန်းနှင့် တွေ့ဆုံခြင်း
ပေါ်ပြူလာနယူးစ် သတင်းအဖွဲ့ တွေ့ဆုံမေးမြန်းသည်။
သူရဦးရွှေမန်းဆိုရင်ဖြင့် အရင်စစ်အစိုးရလက်ထက်ကတည်းက ထိပ်တန်းခေါင်းဆောင်တစ်ဦြး
ခုလည်း ပြည်ခိုင်ဖြိုးပါတီဝင်တွေထဲ
►၂ဝ၁၅ ရွေးကောက်ပွဲမှာ အနိုင်ရဖို့မျှော်မှန်းထားလ
မျှော်မှန်းထားပါတယ်။
►ရွေးကောက်ပွဲအနိုင်ရဖို့ ဘယ်လိုပြင်ဆင်ထားလဲခင်ဗျ။
ထွေထွေထူးထူး သီးခြားပြင်ဆင်ထားတာ မရှိပါဘူး။ သူတို့က ကိုယ့်ကို နားလည်ကြတယ်။ ကိုယ့်ကို စေတနာမေတ္တာထားကြတယ်။ ကိုယ်ကလည်းသူတို့ကို စေတနာမေတ္တာထားတယ်ပြီးတဲ့အခါ
►အခုဖြူးမှာ နိုင်ငံရေးပါတီနဲ့ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတွေ ပြိုင်မှာဆိုတော့ အဓိကပြိုင်ဘက်အဖြစ် ဘယ်သူ့ကို ရွေး ထားလဲခင်ဗျ။
ဒီအတိုင်းဆိုရင် သီးသန့်ပြောစရာမရှိပါဘူး။ တကယ်တမ်းကျတော့ နိုင်ငံရေးပါတီကြီးတစ်ခုသာ ပြောစရာရှိတယ်။ ဒုတိယအင်အား ကြီး ပေါ့။ တစ်သီးပုဂ္ဂလကတော့ တစ်သီးပုဂ္ဂလရဲ့ သဘောသဘာဝပဲ။
►၂ဝ၁ဝ ရွေးကောက်ပွဲအချိန်နဲ့ ခုလာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲအချိန် တွေက ဘာတွေ ကွာခြားသွားလဲခင်ဗျ။
၂ဝ၁ဝ တုန်းကတော့ ပြိုင်ဘက်ပါတီတွေ နည်းတယ်၊ ပြိုင်ဘက်ပါတီ နည်းတဲ့အပြင် အင်အားကြီးပါတီမရှိခဲ့ဘူး၊ ဒီနှစ်ကျတော့ ပြိုင် ဘက် ပါတီများတယ်၊ အင်အားကြီးပါတီလည်း ပိုများတယ်၊ ဒါ့အပြင်ပြည်သူတွေက ရွေးကောက်ပွဲကိုလည်း ပိုပြီးတော့စိတ်ဝင်စား လာတယ်၊ ပိုပြီးတော့ လည်း နားလည်လာတယ်။ (ဒီတစ်ပတ်က ခုနကပြီးခဲ့တဲ့အပတ်ကထက် ဆိုရင်) အများကြီးတိုးတက်ဖို့ အခြေ အနေပြောင်းလဲသွားနိုင်ပါတယ်
►ပြည်ခိုင်ဖြိုးပါတီအနေနဲ့ တကယ့်အင်အားကြီး NLD ပါတီနဲ့ ယှဉ်ပြိုင် တဲ့အခါမှာ ဘယ်လိုအခက်အခဲတွေ ရှိပါသလဲခင်ဗျ။
အခက်အခဲဆိုတာလည်း သတိပြုရမယ့် အချက်ပဲ၊ တကယ် ပြည် သူတွေ ယုံကြည်အောင်၊ ပြည်သူ့ဆန္ဒတွေကို တကယ်အလေး ထား ဆောင်ရွက်ပေးမယ်လို့ ပြည်သူကလည်း ယုံကြည်မယ်ဆို အဲ့ဒီယုံကြည် ချက်တွေက အဲဒီ့ပါတီကို သွားပြီးတော့လေ့လာမှုပြုရ ပါမယ်။
►ရွေးကောက်ပွဲပြီးသွားရင်ကေ
ကိုယ်တို့ကပါတီကို ယုံကြည်ချက်တစ်ခုအနေနဲ့ဝင်တ
►ရွေးကောက်ပွဲ အနိုင်ရမယ်ဆိုရင်ရော တိုင်းပြည်အကျိုးစီးပွားအတွ
ဒါကတော့ လွှတ်တော်ရဲ့အဆုံးအဖြတ် လွှတ်တော်ကိုယ်စားလှယ် များရဲ့အဆုံးအဖြတ်ပေါ် မူတည်ဆောင်ရွက်သွားမယ်လို့ ပြော ချင်ပါတယ်။
►ရွေးကောက်ပွဲအောင်နိုင်မှုက
ရွေးကောက်ပွဲ အောင်မြင်မှုနဲ့ နိုင်ငံရေးရည်မှန်းချက်က ဆက် စပ်ပါတယ်။ ရွေးကောက်ပွဲ အောင်မြင်ရေးကလည်း အဓိကထားရမယ့် ကိစ္စတစ်ခုဖြစ်ပါတယ်။ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ အဓိကထား ဆောင်ရွက်ရမယ်ဆိုတဲ့အပိုင်း
►သမ္မတနေရာထိကို ဆုံးဖြတ်ထားပါသလား ခင်ဗျ။
ဒီကိစ္စတွေက ပြောလို့မရသေးပါဘူး။ နောက်ဆုံး လွှတ်တော်တွေ ကပဲ ဆုံးဖြတ်ပေးသွားမှာပါ။
►အမေရိကမှာပြောခဲ့တဲ့ သမ္မတရည်မှန်းချက်က အခုထိဆက်မျှော်မှန်း ထားတုန်းပဲလား ခင်ဗျ။
လူတစ်ယောက် ဆိုတာကတော့ ရည်မှန်းချက်ကတော့ ရှိတာ ပေါ့။ မှန်ကန်တဲ့ရည်မှန်းချက်က ဒီလိုပဲထားကြတာပေါ့လေ။ ဒီအဆုံး အဖြတ်တွေကလည်း ကိုယ့်ဆုံးဖြတ်ချက် မဟုတ်ပါဘူး။ ခုနကပြော သလို ပြည်သူအများကိုယ်စားလှယ်မျာ
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။