(၁)
“ကိုယ်နဲ့ လက်ထပ်ပါ”
“ရှင်က ကျွန်မကို နားလည်ပြီမို့လား”
“အခုအချိန်ကစပြီး မင်းကို ကိုယ်နားလည်အောင်လုပ်မယ်… အချိန်တစ်သက်အသုံးပြုပြီးတော့ပေါ့”
၁၉၄ဝခုနှစ်ကရုံတင်ခဲ့တဲ့ “Waterloo Bridge” ဆိုတဲ့ရုပ်ရှင်ကားမှာ Roy က Myra ကို ပြောခဲ့တဲ့စကားဖြစ်တယ်။
ပထမကမ္ဘာစစ်အတွင်းကလန်ဒန်ကို လေကြောင်းနဲ့တိုက်ခိုက်ခံရတဲ့အချိန်မှာ လူငယ်ဗိုလ်မှူး Royက ဘဲလေ့ကချေသည် Myraကို ဝါတာလူးတံတားပေါ်မှာ မမှတ်မထင်တွေ့ဆုံခဲ့ပြီး နောက်တစ်ရက်မှာ ဒီလိုလက်ထပ်ခွင့်တောင်းခဲ့တာဖြစ်ပါတယ်။
(၂)
“မင်းရဲ့အနာဂတ်မှာ ငါ့အတွက်နေရာရှိမရှိဆိုတာကိုပဲ ငါအလေးထားတယ်”
၂ဝဝ၂ခုနှစ်မှာ ရုံတင်ပြသခဲ့တဲ့ “Sweet Home Alabama” မှာ Andrew က Melanie ကို ပြောခဲ့တာဖြစ်တယ်။
Melanie မကွာရှင်းရသေးကြောင်းကြားသိ ရတဲ့အခါမှာ Andrew က တအံ့တသြတက်ကြွဟန်နဲ့ “ဖြစ်ခဲ့ဖူးတာတွေ ဘာမှအရေးမကြီးဘူး”လို့ ပြောပြီး Melanieကိုချစ်ကြောင်း နောက်တစ်ခေါက် ထပ်ပြောခဲ့တာဖြစ်တယ်။
(၃) “ကော်ဖီအတူသောက်မယ်၊ ညစာအတူစားမယ်၊ ရုပ်ရှင်အတူကြည့်မယ်.. ဘယ်လိုသဘောရလဲ။ ငါတို့ အသက်ရှင်နေသမျှကာလပတ်လုံး ဒီလို.. ဒီလိုပဲ နေသွားမယ်”
၁၉၉၈ခုနှစ်မှာ ရုံတင်ခဲ့တဲ့ You've Got Mail ရုပ်ရှင်ကားမှာ Joe Fox က Kathleen Kelly ကို ပြောခဲ့တာဖြစ်တယ်။
တစ်ဘက်သားက ကိုယ့်စီးပွားပြိုင်ဖက်ဆိုတာကို မသိခင်မှာ သူတို့နှစ်ယောက်ဟာ အင်တာနက်ပေါ်မှာ တွေ့ဆုံခဲ့ကြတာဖြစ်တယ်။ အခက်အခဲတစ်ခုကို Kathleen ရင်ဆိုင်နေရချိန်မှာ Joeက သူဟာ သူမရဲ့အင်တာနက်သူငယ်ချင်းပါ လို့ မပြောဘဲ အထက်ပါစကားကို ပြောလိုက်တာဖြစ်ပါတယ်။
(၄)
“လယ်ယာတွေလုပ်ရတာ အရမ်းပင်ပန်းမှာပဲ.. ဒါပေမယ့် ကိုယ့်သားနှစ်ယောက်က ကိုယ့်ကိုကူညီလိမ့်မယ်”
“ရှင့်မှာ သားရှိတယ်”
“အခုချိန်မှာတော့ မရှိသေးဘူး… ကိုယ့်အတွက် မင်းကမွေးပေးမှာလေ”
၁၉၉၅ခုနှစ်မှာ ရုံတင်ခဲ့တဲ့ Braveheart ရုပ်ရှင်ကားမှာ William Wallace က Murron ကိုပြောခဲ့တာဖြစ်တယ်။
Wallaceကို ဦးလေးဖြစ်သူက တစ်နယ်တစ်ကျေးမှာ ကျွေးမွေးစောင့်ရှောက်ခဲ့တာ ဖြစ်တယ်။ ကိုယ့်ဇာတိမြေဆီပြန်လာချိန် မှာ သူရဲ့ငယ်သူငယ်ချင်းဖြစ်တဲ့ Murronနဲ့ ချစ်ကြိုက်ခဲ့ကြတယ်။ နောက်ပိုင်းမှာ နှစ်ယောက်သားတွေ့ဆုံတာကို ပိတ်ပင်ခံရပြီးနောက် Murronကို သူနဲ့အတူ တောထဲလိုက်နေဖို့ ဒီလိုပြောခဲ့တာဖြစ်တယ်။
(၅)
“အပူချိန် ၂၂ံCမှာတောင် အေးတယ်လို့ထင်တဲ့နင့်ကို ငါချစ်တယ်။
ဘာစားရမလဲလို့ အချိန်တစ်နာရီကျော်ကြာစဉ်းစားခဲ့ပေမယ့် နောက်ဆုံးမှာ ဆန်းဝှစ်တစ်ခုပဲမှာတဲ့နင့်ကို ငါချစ်တယ်။
ငါနှာခေါင်းရှုံ့တဲ့အခါ ငါ့နှာခေါင်းပေါ်ကအရစ်ကြောင်းတွေကို ငတုံးငအ,အကြည့်မျိုးနဲ့ကြည့် တတ်တဲ့နင့်ကို ငါချစ်တယ်။
နင်နဲ့ငါတွေ့ဆုံပြီးနောက် ငါ့အင်္ကျီပေါ်မှာ ရေမွှေးနံ့တွေချန်ထားပေးခဲ့တ တ်တဲ့နင့်ကို ငါချစ်တယ်။
အိပ်ရာမဝင်ခင် ငါစကားအပြောချင်ဆုံးသူက နင်ပါ။
ငါ ဒီကိုရောက်တာဟာ ငါအထီးကျန်လို့မဟုတ်ဘူး၊ နှစ်ကူးအကြိုညမို့လို့လည်း မဟုတ်ဘူး။ တစ်ယောက်ယောက်နဲ့ ကျန်ရှိနေတဲ့ဘဝကို သင်ဖြတ်သန်းချင်ရင် အဲဒီဘဝကိုအမြန်စဖို့ သင်မျှော်လင့်ပါဆိုလို့ ရောက်လာခဲ့တာဖြစ်တယ်။”
၁၉၈၉ခုနှစ်က ရုံတင်ခဲ့တဲ့ “When Harry Met Sally…” ဆိုတဲ့ ဇာတ်ကားမှာ Harryက Sallyကို ပြောခဲ့တဲ့စကားဖြစ်တယ်။
နှစ်တော်တော်များများမှာ Harryနဲ့ Sallyက တွေ့တိုင်း ရန်ဖြစ်ငြင်းခုန်ကြသူတွေဖြစ်တယ်ဆိုပေမယ့် လူ့ဘဝအရေးကြီးကိစ္စတွေမှာတော့  ဆွေးနွေးတိုင်ပင်တဲ့သူငယ်ချ င်းတွေဖြစ်ကြတယ်။ နောက်ဆုံးမှာ သူတို့ရဲ့ဆက်ဆံရေးကို ထူးခြားမှုရှိလာဖို့ Harryက Sallyကို လက်ထပ်ခွင့်တောင်းဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်။
**** "ရိုမန်တစ်ဆန်တဲ့ လက်ထပ်ခွင့်တောင်းစကားလုံးေ လးများ"တဲ့.. ဂျပန်စာရေးဆရာ 高野玲子 ရေးထားတယ်လို့ဖတ်ရတယ်။ သဘောကျလို့ ဘာသာပြန်မျှဝေပါတယ်... ကျွန်မတုန်းကတော့ အဲလို ရိုမန်တစ်မဆန်ခဲ့ပါဘူး.. ဘာတဲ့... "နောက်လလယ်လောက် ပြန်လာမယ်.. လက်မှတ်ထိုးဖို့လုပ်ထား"တဲ့ .. ပန်းစည်းလည်းမပါ... လက်စွပ်လည်းမပါခဲ့ပါဘူး.... ဖုန်းထဲကနေ အော်ပြောတာ.. :|
“ကိုယ်နဲ့ လက်ထပ်ပါ”
“ရှင်က ကျွန်မကို နားလည်ပြီမို့လား”
“အခုအချိန်ကစပြီး မင်းကို ကိုယ်နားလည်အောင်လုပ်မယ်… အချိန်တစ်သက်အသုံးပြုပြီးတေ
၁၉၄ဝခုနှစ်ကရုံတင်ခဲ့တဲ့ “Waterloo Bridge” ဆိုတဲ့ရုပ်ရှင်ကားမှာ Roy က Myra ကို ပြောခဲ့တဲ့စကားဖြစ်တယ်။
ပထမကမ္ဘာစစ်အတွင်းကလန်ဒန်ကို
(၂)
“မင်းရဲ့အနာဂတ်မှာ ငါ့အတွက်နေရာရှိမရှိဆိုတာကိ
၂ဝဝ၂ခုနှစ်မှာ ရုံတင်ပြသခဲ့တဲ့ “Sweet Home Alabama” မှာ Andrew က Melanie ကို ပြောခဲ့တာဖြစ်တယ်။
Melanie မကွာရှင်းရသေးကြောင်းကြားသိ
(၃) “ကော်ဖီအတူသောက်မယ်၊ ညစာအတူစားမယ်၊ ရုပ်ရှင်အတူကြည့်မယ်.. ဘယ်လိုသဘောရလဲ။ ငါတို့ အသက်ရှင်နေသမျှကာလပတ်လုံး ဒီလို.. ဒီလိုပဲ နေသွားမယ်”
၁၉၉၈ခုနှစ်မှာ ရုံတင်ခဲ့တဲ့ You've Got Mail ရုပ်ရှင်ကားမှာ Joe Fox က Kathleen Kelly ကို ပြောခဲ့တာဖြစ်တယ်။
တစ်ဘက်သားက ကိုယ့်စီးပွားပြိုင်ဖက်ဆိုတ
(၄)
“လယ်ယာတွေလုပ်ရတာ အရမ်းပင်ပန်းမှာပဲ.. ဒါပေမယ့် ကိုယ့်သားနှစ်ယောက်က ကိုယ့်ကိုကူညီလိမ့်မယ်”
“ရှင့်မှာ သားရှိတယ်”
“အခုချိန်မှာတော့ မရှိသေးဘူး… ကိုယ့်အတွက် မင်းကမွေးပေးမှာလေ”
၁၉၉၅ခုနှစ်မှာ ရုံတင်ခဲ့တဲ့ Braveheart ရုပ်ရှင်ကားမှာ William Wallace က Murron ကိုပြောခဲ့တာဖြစ်တယ်။
Wallaceကို ဦးလေးဖြစ်သူက တစ်နယ်တစ်ကျေးမှာ ကျွေးမွေးစောင့်ရှောက်ခဲ့တာ
(၅)
“အပူချိန် ၂၂ံCမှာတောင် အေးတယ်လို့ထင်တဲ့နင့်ကို ငါချစ်တယ်။
ဘာစားရမလဲလို့ အချိန်တစ်နာရီကျော်ကြာစဉ်းစ
ငါနှာခေါင်းရှုံ့တဲ့အခါ ငါ့နှာခေါင်းပေါ်ကအရစ်ကြောင်
နင်နဲ့ငါတွေ့ဆုံပြီးနောက် ငါ့အင်္ကျီပေါ်မှာ ရေမွှေးနံ့တွေချန်ထားပေးခဲ့တ
အိပ်ရာမဝင်ခင် ငါစကားအပြောချင်ဆုံးသူက နင်ပါ။
ငါ ဒီကိုရောက်တာဟာ ငါအထီးကျန်လို့မဟုတ်ဘူး၊ နှစ်ကူးအကြိုညမို့လို့လည်း မဟုတ်ဘူး။ တစ်ယောက်ယောက်နဲ့ ကျန်ရှိနေတဲ့ဘဝကို သင်ဖြတ်သန်းချင်ရင် အဲဒီဘဝကိုအမြန်စဖို့ သင်မျှော်လင့်ပါဆိုလို့ ရောက်လာခဲ့တာဖြစ်တယ်။”
၁၉၈၉ခုနှစ်က ရုံတင်ခဲ့တဲ့ “When Harry Met Sally…” ဆိုတဲ့ ဇာတ်ကားမှာ Harryက Sallyကို ပြောခဲ့တဲ့စကားဖြစ်တယ်။
နှစ်တော်တော်များများမှာ Harryနဲ့ Sallyက တွေ့တိုင်း ရန်ဖြစ်ငြင်းခုန်ကြသူတွေဖြစ
**** "ရိုမန်တစ်ဆန်တဲ့ လက်ထပ်ခွင့်တောင်းစကားလုံးေ
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။