နှင်းဆီဖူးလေးများ-Love BUDS
~တခြားနိုင်ငံများတွင် မလုပ်သင့်သော ရိုင်းရာကျသည့် အပြုအမူများ~
(၁) ဂျပန်တွင် မုန့်ဖိုးမပေးပါနှင့်...
များသောအားဖြင့် စားသောက်ဆိုင်၊၀န်ဆောင်မှုပေးသောလုပ်ငန်းများနှင့် ဟိုတယ်များသည် ချွင်းချက်တွင်ပါဝင်ပါတယ်။ ဒါပေမယ့် မပေးတာ ပိုကောင်းပါတယ်။
အဲ့လိုမျိုး Tip Money ပေးလိုက်တာ အဆင့်နှိမ်လိုက်တဲ့ သဘောသက်ရောက်လို့ပါ။
အဲ့လိုမျိုး Tip Money ပေးလိုက်တာ အဆင့်နှိမ်လိုက်တဲ့ သဘောသက်ရောက်လို့ပါ။
(၂) ရုရှားမှာ မသိတဲ့လူကို ပြုံးမပြသင့်ပါ...
ကျနော်တို့မြန်မာလူမျိုးအများစုကတော့ မသိတဲ့သူကိုဆို ပြုံးပြတတ်တာ ထုံးစံတစ်ခုပါပဲ။ ဒါပေမယ့် ရုရှားမှာတော့ အဲ့လိုမဟုတ်ပါဘူး။ တော်တော်လေးကိုရင်းနှီးတဲ့သူကိုမှ
ပြုံးပြတဲ့ ထုံးစံရှိပါတယ်။ အကယ်လို့သာ ပြုံးပြမိရင် သူတို့အနေနဲ့ ယုန်ထင်ကြောင်ထင် ဖြစ်သွားနိုင်ပါတယ်။ တစ်ကျောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်း ပေါ့
ပြုံးပြတဲ့ ထုံးစံရှိပါတယ်။ အကယ်လို့သာ ပြုံးပြမိရင် သူတို့အနေနဲ့ ယုန်ထင်ကြောင်ထင် ဖြစ်သွားနိုင်ပါတယ်။ တစ်ကျောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်း ပေါ့
(၃) အိန္ဒိယမှာ ဘယ်ဘက်လက်ကို အသုံးပြုခြင်းကို ရှောင်ကြဉ်ပါ...
အိန္ဒိယထုံးတမ်း အစဉ်အလာ ယုံကြည်မှုတွေအရ ဘယ်ဘက်လက်က မသန့်ရှင်းဘူးလို့ ယူဆထားကြပါတယ်။ ဒါကြောင့် လက်ဆွဲနှုတ်ဆက်တာမျိုးဖြစ်ဖြစ်၊ တစ်ခုခုလှမ်းပေးတာမျိုးဖြစ်ဖြစ်
သူများက လှမ်းပေးလို့ယူတာမျိုးပဲ ဖြစ်ဖြစ် ဘယ်ဘက်လက်ကို အသုံးပြုခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။
သူများက လှမ်းပေးလို့ယူတာမျိုးပဲ ဖြစ်ဖြစ် ဘယ်ဘက်လက်ကို အသုံးပြုခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။
(၄) တရုတ်ပြည်မှာ ပန်းကန်ထဲက အစားအသောက်ကို ကုန်စင်အောင်မစားပစ်ပါနဲ့..
တရုတ်ပြည်မှာ တစ်ယောက်ယောက်က ထမင်းဖိတ်ကျွေးတဲ့ အခါမှာ ပန်းကန်ထဲအကုန်ပြောင်အောင် စားလိုက်တယ်ဆိုတာဟာ သူတို့ဆီမှာ အိမ်ရှင်က လောက်အောင်မဧည့်ခံတာ (ဒါမှမဟုတ်) စားစရာအလုံအလောက်မရှိလို့ ဆိုတဲ့ အဓိပ္ပါယ်သက်ရောက်စေပါတယ်။
ကျနော်တို့ မြန်မာလူမျိုးတွေကတော့ အိမ်ရှင်ထည့်ကျွေးတာကို အကုန်ကုန်အောင်စားမှ မရိုင်းတာဆိုတဲ့ အဓိပ္ပါယ်ရှိပေမယ့် သူတို့ဆီမှာတော့ အဲ့လိုမဟုတ်ပါဘူး။စားပြီးလို့ပန်းကန်ထဲမှာ နဲနဲလေး ချန်ထားခြင်းက ကိုယ်ဗိုက်ဝပြီဆိုတဲ့ အဓိပ္ပါယ်သက်ရောက်စေသလို ချက်ပေးတဲ့ စာဖိုမှုးကိုလည်း ချီးကျူးရာ ရောက်ပါတယ်။

(၅) နော်ဝေးမှာ ကားမောင်းရင် ဟွန်းမတီးပါနဲ့...
ရန်ကုန်မှာတော့ ဟွန်းမတီးရဇုန်တွေ သတ်မှတ်ထားပေမယ့် ဘဲဥလစ်ရင်လစ်သလို တီးနေကြတာပါပဲခင်ည။ နော်ဝေးမှာတော့ ဟွန်းတီးတယ်ဆိုတာ အရေးပေါ်အခြေနေမျိုးမှာမှ တီးပါတယ်တဲ့။ တခြားအချိန်မှာတီးတာမျိုးကတော့ သူတို့အယူအဆနဲ့ ရိုင်းရာကျပါတယ်တဲ့။
ဒါပေမယ့် ဟွန်းဆိုတာ လိုအပ်လို့ ကားတိုင်းမှာ ထည့်ပေးထားတာပဲလေ။
ဒါပေမယ့် ဟွန်းဆိုတာ လိုအပ်လို့ ကားတိုင်းမှာ ထည့်ပေးထားတာပဲလေ။
(၆) နှုတ်ဆက်တဲ့ စကားကို ပြင်သစ်မှာ ပြောဖို့ မမေ့ပါနဲ့...
ပြင်သစ်မှာတော့ "Bonjour" လို့ အခုစတွေ့တဲ့သူကို ပြောသင့်ပါတယ်။ ပြင်သစ်မှာမှ မဟုတ်ပါဘူး။စတွေ့တွေ့ချင်းနှုတ်ဆက်လိုက်တာဟာ လူတိုင်းနဲ့ နွေးထွေးမှု ရစေပါတယ်။
(၇) ဂျာမနီမှာစကားပြောနေတုန်း ဘောင်းဘီအိတ်ထဲ လက်နှိုက်မထားပါနဲ့...
တစ်ယောက်ယောက်နဲ့စကားပြောနေတုန်း ဘောင်းဘီအိတ်ထဲ လက်နှိုက်ထားတာ ရိုင်းရာကျပါတယ်။ သူများပြောတဲ့ စကားကို အလေးစိုက်နားမထောင်တဲ့ သဘောလည်းသက်ရောက်စေလို့ပါ။
နှင်းဆီဖူးလေးများ-Love BUDS
https://www.facebook.com/loveBUDS.6
note credit>>>SQU AR 11-12-2013
copy via thutakyaw
photo credit to original uploader
photo from google
https://www.facebook.com/loveBUDS.6
note credit>>>SQU AR 11-12-2013
copy via thutakyaw
photo credit to original uploader
photo from google

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။