Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, January 5, 2014

အခြားမိန်းမတစ်ယောက်နှင့် ချိန်းတွေ့ခြင်း


နှင်းဆီဖူးလေးများ-Love BUDS
~အခြားမိန်းမတစ်ယောက်နှင့် ချိန်းတွေ့ခြင်း~

အိမ်ထောင်သက် ၂၁နှစ်ကြာပြီးနောက်ပိုင်းမှာ ကျွန်တော့်ဇနီးဟာ ကျွန်တော့်ကိုအခြားမိန်းမတစ်ယောက်ကိုခေါ်၊ညစာထွက်စား၊ရုပ်ရှင်သွားကြည့် ပြုလုပ်စေချင်ပါတယ်။ ဇနီးဖြစ်သူကပြောတယ်။

“ ကျွန်မရှင့်ကို ချစ်ပါတယ်။ ဒါပေမယ့် အဲဒီအခြားမိန်းမဖြစ်သူကလည်း ရှင့်ကိုချစ်နေတယ်၊ နောက်ပြီးသူဟာရှင်နဲ့အတူ နေချင်တဲ့အချိန်ရှီလိမ့်မယ်ဆိုတာ ကျွန်မသိနေတယ်” တဲ့။

ကျွန်တော့်ဇနီးက ကျွန်တော်သွားတွေ့စေချင်တဲ့ အခြားမိန်းမ ဆိုတဲ့သူကတော့ ကျွန်တော့်အမေပဲဖြစ်ပါတယ်။ အမေဟာ မုဆိုးမအဖြစ်နဲ့နေထိုင်လာတာ ၁၉ နှစ်ရှိနေပါပြီ။ သို့သော်လည်း ကျွန်တော့်မှာအလုပ်ကတစ်ဘက်၊ကလေးသုံးယောက်ကလည်းရှိဆိုတော့အမေ့ဆီကိုရံဖန်ရံခါမှသာရောက်ဖြစ်တာမျိုးပါ။
အဲဒီနေ့ညမှာပဲ အပြင်ထွက် ညစာစား၊ ရုပ်ရှင်သွားကြည့်ဖို့ အမေ့ကို ကျွန်တော်ဖုန်းဆက် ဖိတ်ကြား လိုက်ပါတယ်။ အမေက

“ ဘာဖြစ်လို့လဲ? ငါ့သားနေမကောင်းဘူးလား?” လို့အမေကပြောတယ်။ သူဟာ တစ်ခုခုကို သံသယဖြစ်နေပုံရပါတယ်။ ကျွန်တော်က “မဟုတ်ပါဘူးအမေ၊အမေနဲ့အတူတူအချိန်လေးယူပေးရတာ ကောင်းမယ်လို့ ကျွန်တော်တွေးမိလို့ပါ” လို့ ကျွန်တော်ပြန်ဖြေလိုက်ပါတယ်။ “ အမေနဲ့ကျွန်တော် နှစ်ယောက်တည်းပဲ”။ အမေဟာ အတန်ကြာအောင်စဉ်းစားပြီးမှ ပြန်ပြောပါတယ်။ “ အဲဒီလိုဆိုရင် အမေ သိပ်ကြိုက်ပါတယ်” တဲ့။

အဲဒီသောကြာနေ့ အလုပ်ကနေအပြန်မှာ ကျွန်တော်အမေ့ကို ကားနဲ့သွားကြိုတဲ့အချိန်မှာ အမေဟာ ကုတ်အကျီ င်္ကိုဝတ်ပြီး အိမ်ရှေ့တံခါးဝမှာရပ်စောင့်နေပါတယ်။သူဟာဆံပင်လေးတွေကို ကောက်ထားပြီး ၀တ်ထားတဲ့အ၀တ်အစားဟာ သူ့ရဲ့နောက်ဆုံးမင်္ဂလာပွဲမှာ ၀တ်ဆင်ခဲ့ဖူးတဲ့ မင်္ဂလာဝတ်စုံနဲ့ပါ။ နတ်သမီးတစ်ပါးရဲ့လင်းရောင်ခြည်တွေလိုဖြာနေတဲ့ အမေ့မျက်နှာက ကျွန်တော့်ကိုပြုံးပြပါတယ်။

“ အမေ့သူငယ်ချင်းတွေကို အမေပြောပြထားတယ်။ ဒီနေ့ သားတော်မောင်နဲ့အတူတူ အပြင်ထွက်မလို့ဆိုတာပြောတော့ သူတို့တွေ အမေ့ကို အထင်တွေကြီးနေကြတယ် သားရယ်” လို့ ကားထဲမှာဝင်ထိုင်ရင်းပြောပါတယ်။

တော်တော်ကောင်းပြီး ဇိမ်ကျလှတဲ့ စားသောက်ဆိုင်လေးတစ်ဆိုင်ဆီကို ကျွန်တော်တို့သွားကြပါတယ်။ အမေဟာ ကျွန်တော့်လက်မောင်းကို ကိုင်ထားတာများဆိုရင် သမ္မတ ကတော် လေလား ထင်ရပါတယ်။ ဆိုင်စားပွဲမှာထိုင်တော့ကျွန်တော်ဟာအစားအသောက်စာရင်းကိုကြည့်ပေးဖို့ဖြစ်လာပါတယ်။အမေ့မျက်လုံးတွေဟာစာလုံးကြီးကြီးမှပဲ မြင်နိုင်တော့တဲ့အတွက်ပါ။ အစားအသောက်စာရင်းကိုကြည့်နေတုန်း တစ်ဝက်လောက်အရောက်မှာအမေ့ကိုကြည့်လိုက်တော့အမေဟာကျွန်တော့်ကိုစိုက်ကြည့်နေတာတွေ့လိုက်ရပါတယ်။

အမေ့နှုတ်ခမ်းပေါ်ကအပြုံးကတော့ လွမ်းဆွတ်နေတဲ့အပြုံးဖြစ်ပါတယ်။ ပြုံးနေရင်းဖြင့် အမေ က “ ငါ့သား ငယ်ငယ်လေးတုန်းက menu ကိုဖတ်ပေးခဲ့တာ အမေပေါ့” လို့ပြောပါတယ်။ ကျွန်တော်က “ အခုအမေကအနားယူဦး ဒီတစ်ခါသားကို တလှည့် ဖတ်ခွင့်ပြုပါဦး” လို့တုံ့ပြန်ပြောဖြစ်ပါတယ်။ စားရင်း သောက်ရင်း စကားပြောကြတာမှာ ကျေနပ်နှစ်သက်စရာကောင်းလှပါတယ်။ စကားကတော့ ထူးခြားတဲ့ အကြောင်းအရာမပါပါဘူး။ တစ်ဦးချင်းစီရဲ့လတ်တလောကြုံတွေ့ရတဲ့ အဖြစ်အပျက်တွေကိုသာ ပြောဆိုမိကြတာပါ။ စကားပြောတာကောင်းသွားတော့ ကျွန်တော်တို့ဟာ ရုပ်ရှင်ကိုမမီလိုက်တော့ပါဘူး။ အဲဒါနဲ့ အမေ့ကို သူ့အိမ်ပြန်ပို့တော့ အမေကပြောပါတယ်။

“ အမေသားနဲ့ အပြင်ကို နောက်ထပ်သွားချင်ပါသေးတယ်- ဒါပေမယ့်လည်း သားကဖိတ်မှ အမေလိုက်မှာပါ” တဲ့။ ကျွန်တော် ခေါင်းငြိမ့်ခဲ့ပါတယ်။ - “ ညစာစားရင်း ချိန်းတွေ့တာ ဘယ်နှယ်လဲ?” လို့အိမ်ပြန်ရောက်တော့ ဇနီးဖြစ်သူကမေးပါတယ်။ ကျွန်တော်ပြန်ဖြေလိုက်ပါတယ်။ “သိပ်ကိုကောင်းတာပဲကွာ။ အဲဒီလောက် ကောင်းလိမ့်မယ်လို့ ကိုယ်တော့ မတွေးတောမိခဲ့ဘူး”။ -

ရက်အနည်းငယ်ကြာအပြီးမှာ ပြင်းထန်တဲ့နှလုံးတိုက်ခိုက်မှုကြောင့် အမေကွယ်လွန်သွားခဲ့ပါတယ်။ ချက်ချင်းလက်ငင်းကြီးဖြစ်သွားတာကြောင့် အမေ့အတွက်တစ်ခုခုလုပ်ကိုင်ပေးဖို့ရာ ကျွန်တော့်မှာ အခွင့်မသာခဲ့ပါဘူး။ ဒီလိုနဲ့ အချိန်လေးတော်တော်ကြာလာတော့ စားသောက်ဆိုင်တစ်ဆိုင်က စာအိတ်လေးနဲ့အတူ ငွေလက်ခံဖြတ်ပိုင်းလေးရောက်လာပါတယ်။ အမေနဲ့ကျွန်တော်အတူတူ သွားခဲ့ကြတဲ့ စားသောက်ဆိုင်ကပါ။

စာအိတ်မှာအတူတွဲပါလာတဲ့ စာကိုဖတ်ကြည့်လိုက်တော့
“ အမေဒီစာရင်းအတွက် ပိုက်ဆံကြိုတင်ပေးခဲ့လိုက်ပါတယ်။ အမေ အဲဒီဆိုင်ကိုရောက်ဖြစ်ဦးမယ်၊ မရောက်ဖြစ်ဘူးဆိုတာကိုတော့ မသေချာပါဘူး။ ဘယ်လိုပဲဖြစ်ပါစေ နှစ်ပွဲစာဖိုးကို ပိုက်ဆံချေခဲ့လိုက်တယ်။ တစ်ပွဲက သားအတွက်နဲ့ နောက်တစ်ပွဲက မင်းမိန်းမအတွက်ပါ။ အဲဒီနေ့ညက အမေ့အတွက် ဘယ်လောက်အဓိပ္ပါယ်ရှိခဲ့တယ်ဆိုတာ ငါ့သားသိချင်မှ သိပါလိမ့်မယ်။ မင်းကိုအမေချစ်တယ် သား ။”

အဲဒီအခိုက်အတန့်လေးမှာပဲ ချစ်တယ်ဆိုတဲ့စကားကို အချိန်မီပြောလိုက်ခြင်းဟာ အရေးပါတယ်ဆိုတာရယ် ကျွန်တော်တို့ချစ်တဲ့သူတွေကို သူတို့နဲ့ထိုက်တန်တဲ့ အချိန်ကိုပေးဖို့ဆိုတာ ကို ကျွန်တော် သဘောပေါက်နားလည်လိုက်ပါတယ်။ ဘ၀မှာ မိသားစုထက်ဘယ်အရာကမှပိုပြီးအရေးမကြီးပါဘူး။သူတို့တွေနဲ့ထိုက်တန်တဲ့အချိန်ကိုပေးလိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ ဒီလိုအရာတွေဟာ “နောက်တော့မှ” ဆိုပြီးရွှေ့ဆိုင်းလို့မရတဲ့အရာတွေဖြစ်နေလို့ပါပဲ။

နှင်းဆီဖူးလေးများ-Love BUDS
https://www.facebook.com/loveBUDS.6
credit>>>Royalsai note
copy via thutakyaw
note&photo credit to original uploader
photo from google

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။