Chin Gyi Harkee
ခေတ်မီသူကြများ
...................
...................
လူရောင်တောက်တဲ့သူတွေ
ပြောပြောသလို...
ခေတ်မမီဘူးဆိုတာ
ဟုတ်ချင်ဟုတ်မယ်
ခေတ်မမီကြဘူး
ဒါပေမယ့် သူတို့ကို
ခေတ်ကမီတယ်
စည်းကမ်းဆိုတဲ့စကားလုံး
ငါတို့ခက်ခက်ခဲခဲ
ဘာသာပြန်ရလိမ့်မယ်
ဒါပေမယ့် စည်းကမ်းဆိုတာ
ဘိုးဘေးဘီဘင်
အထိန်းနဲ့အသိမ်း
ချောင်းသွား ချောင်းစည်းကမ်း
တောသွား တောစည်းကမ်း နဲ့
ဒီအိမ်တွေမှာသော့ရှိရဲ့လား
ခင်ဗျားမေးကြည့်ပါ
သော့ဆိုတာ
ပြည်မပြန်တွေဆီမှာပဲရှိမယ်
အိမ်တံခါးအားလုံးကို
ထင်းတစ်ချောင်းနဲ့
ကန့်လန့်ထိုးထားရုံ
ယုံကြည်မှုပြည့်တယ်
သူတို့မှာဆန်ရေစပါးပေါပါရဲ့လား
ဒါပေမယ့်
ထမင်းတစ်နပ် တွတ်ကပ်မနေတတ်တဲ့
သူတွေရှိတယ်
တောတောင်ကြားမှာ
သူတို့ဘိုးဘွားတေးတွေ
ပျံ့လွင့်နေတယ်
သူတို့ဝိညာဉ်တွေ
ခိုင်မြဲနေတယ်
ဒါတွေသိမှ ခင်ဗျားပြောပါ
သူတို့ခေတ်မီကြရဲ့လားလို့
ပြောပြောသလို...
ခေတ်မမီဘူးဆိုတာ
ဟုတ်ချင်ဟုတ်မယ်
ခေတ်မမီကြဘူး
ဒါပေမယ့် သူတို့ကို
ခေတ်ကမီတယ်
စည်းကမ်းဆိုတဲ့စကားလုံး
ငါတို့ခက်ခက်ခဲခဲ
ဘာသာပြန်ရလိမ့်မယ်
ဒါပေမယ့် စည်းကမ်းဆိုတာ
ဘိုးဘေးဘီဘင်
အထိန်းနဲ့အသိမ်း
ချောင်းသွား ချောင်းစည်းကမ်း
တောသွား တောစည်းကမ်း နဲ့
ဒီအိမ်တွေမှာသော့ရှိရဲ့လား
ခင်ဗျားမေးကြည့်ပါ
သော့ဆိုတာ
ပြည်မပြန်တွေဆီမှာပဲရှိမယ်
အိမ်တံခါးအားလုံးကို
ထင်းတစ်ချောင်းနဲ့
ကန့်လန့်ထိုးထားရုံ
ယုံကြည်မှုပြည့်တယ်
သူတို့မှာဆန်ရေစပါးပေါပါရဲ့လား
ဒါပေမယ့်
ထမင်းတစ်နပ် တွတ်ကပ်မနေတတ်တဲ့
သူတွေရှိတယ်
တောတောင်ကြားမှာ
သူတို့ဘိုးဘွားတေးတွေ
ပျံ့လွင့်နေတယ်
သူတို့ဝိညာဉ်တွေ
ခိုင်မြဲနေတယ်
ဒါတွေသိမှ ခင်ဗျားပြောပါ
သူတို့ခေတ်မီကြရဲ့လားလို့
(ချင်းကြီး)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။