Spring Flowers
ခေါင်းဆောင်ကောင်းဖြစ်ဖို့ရာအတွက် နောက်လိုက်ကောင်း ဖြစ်ဖို့ လိုသလား ဆိုတာကိုလည်း ကျမတို့ ဒီနေ့ မနက်က ဆွေးနွေးခဲ့ကြပါသေးတယ် ။ အဖြေက '' လိုပါတယ် '' တဲ့ ။
ဘာကြောင့်လဲဆိုတော့ ကိုယ့်ကို ခေါင်းဆောင်နေသူတစ်ယောက်ဆီမှာ ဘယ်လိုအရည်အသွေးမျိုးတွေဟာ လိုလားအပ်သလဲဆိုတာကို မသိဘဲ ကိုယ့်ဆီမှာ ဒီလို အရည်အသွေးမျိုးတွေ ရှိလာအောင် လုပ်နိုင်မှာ မဟုတ်ပါဘူး ။
နောက်ဆုံးတော့ ခေါင်းဆောင်မှုဆိုတာ သင့်တော်မှန်ကန်တဲ့အချိန်မှာ သင့်တော်မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေကို ချနိုင်တာကို ပြောတာပါဘဲ ။ တခါတလေမှာ ဒီဆုံးဖြတ်ချက်တွေဟာ သိပ်ကို ကြီးလေးတဲ့ ဖိအားပေးမှုတွေအောက်မှာ ချရတာမျိုး ရှိပါတယ် ။
လူတွေက မေးကောင်း မေးချင်ကြပါလိမ့်မယ်.... ခန္ဒာကိုယ်ပင်ပန်းဆင်းရဲမှုဟာ ခေါင်းဆောင်မှု အရည်အသွေးတွေကို တိုးတက်စေဖို့ရာ လိုအပ်သလား ဆိုတာပါ ။ ကျမကတော့ လိုတယ် လို့ ထင်ပါတယ် ။
ကိုယ်ခန္ဒာပင်ပန်းဆင်းရဲခြင်းဆိုတဲ့ အချက်က အရမ်းကောင်းမွန်နေလို့ သဘောကျစရာကောင်းနေလို့ မဟုတ်ပါဘူး ၊ အကြောင်းကတော့ ဖိအားရဲ့အောက်မှာ အမူအရာမပျက် တည်တည်ငြိမ်ငြိမ်နေနိုင်ခြင်း ( Grace under pressure ) ဆိုတာကို ရဖို့ လေ့ကျင့်ရလို့ပါဘဲ ။
အလွန်တရာဖိအားကြီးမားတဲ့ အခြေအနေတွေမှာတောင် မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေကို ချဖို့ အေးဆေးတည်ငြိမ်တဲ့ စိတ်တစ်ခုကို ထိန်းထားနိုင်ရပါမယ် ။
( Sandhust စစ်တက္ကသိုလ် မိန့်ခွန်း ကောက်နှုတ်ချက် )
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။