သကြားက ဆေးလိပ်သောက်သကဲ့သို့ ကျန်းမာရေးအတွက် အန္တရာယ်အများဆုံး ပေးနိုင်
အချိုပါဝင်တဲ့ အစားအစာနဲ့ ဖျော်ရည်တွေဟာ ဆေးလိပ်သောက်သလိုမျိုး ကျန်းမာရေးအတွက် အန္တရာယ်ရှိနိုင်တယ်လို့ ဒိန်းမတ်မှ ကျန်းမာရေး ကျွမ်းကျင်သူတွေက သတိပေးလိုက်ပါတယ်။
ဒိန်းမတ်နိုင်ငံ အန်စတန်ကျန်းမာရေး လုပ်ငန်း ဥက္ကဋ္ဌ Paul. Vander က သကြားဟာ အန္တရာယ်အရှိဆုံး အစားအစာလို့ ထုတ်ဖော်လိုက်ပါတယ်။ သကြားကို အရက်နဲ့ ဆေးလိပ်လိုမျိုး ထိန်းချုပ်ပြီး အသံ...ုးပြုရမယ့် အစားအစာလို့ သတ်မှတ်သင့်တယ်လို့ အကြံပေးထားပါတယ်။

“လူတွေအနေနဲ့ အဆီနဲ့ ပရိုတင်းဓာတ်တွေ စားချိန်မှာ ဝမ်းဗိုက်ပြည့်ရင် အဲဒီအစာကို ရပ်တန့်နိုင်ပေမယ့် သကြားပါတဲ့အစာကို စားရင် ဗိုက်ပြည့်တင်းနေပေမယ့် ဆက်လက် စားသုံးနေတတ်တယ်” လို့ မစ္စတာဗန်က ပြောပါတယ်။
သကြားစားသုံးမှု များတာကြောင့် လူတွေဟာ တဖြည်းဖြည်း အဝလွန်လာတတ်ကြပြီး အဝလွန်တာကြောင့်လည်း ကျန်းမာရေးအတွက် အသုံးပြုရတဲ့ငွေ များပြားလာပါတယ်။
အဝလွန်တဲ့ပြဿနာကို ဖြေရှင်းဖို့လေ့ကျင့်ခန်း များများပြုလုပ်ဖို့ လိုအပ်ပါတယ်။ ဒါပေမဲ့ အစားအစာ စားသုံးမှု ပုံစံပြောင်းလဲတာက ပိုမိုထိရောက်မှု ရှိတယ်လို့ဆိုပါတယ်။
Good Health
www.bellbagan.com

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။