Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, September 23, 2013

ဖြစ်ချင်တာလုပ်နေတာလား..ဖြစ်သင့်တာလုပ်နေတာလား...

TechSpace Journal
ဖြစ်ချင်တာလုပ်နေတာလား..ဖြစ်သင့်တာလုပ်နေတာလား...

=================================
ခွန်နေ(AMMG)

တစ်ခါတစ်လေ စဉ်းစားကြည့်မိတယ်....

စားရေးသူအပါဝင် တော်တော်များများဖြစ်နေတာပေါ့.....

ဖြစ်ချင်တာဦးစားပေးတာထက် ဖြစ်သင့်တာကိုဦးစားပေးပြီးလုပ်နေရတာမျိုးတွေပေါ့...မှားပါတယ်..

ပြန်စဉ်းစားကြည့်ပါ...ယခုလက်ရှိ...သင်လုပ်နေတာတွေက ဖြစ်သင့်တာ
လုပ်နေတာလား...ဖြစ်နေတာကိုလုပ်နေရတာလား....

စကားလေးက ရိုးရိုးရိုးလေးပါ....မတူဘူးနော်....

ဖြစ်ချင်တာမလုပ်ရလို့...ဖြစ်သင့်တာလုပ်တာ....အခုတစ်ခုထပ်တိုးလိုက်ပြီ.
ဲဖြစ်နေတာကိုလုပ်တာ..

မရှုပ်ဘူးနော်...ရှင်းရှင်းလေး.....

သူငယ်ချင်းတစ်ယောက် သင်္ဘောသားဖြစ်ချင်တယ်၊ဒါပေမယ့် သင်္ဘော လိုက်ဖို့သူ့ဆီမှာကံပါမလားဘူး၊ဒါကလည်း ငွေကြေးကြောင့်၊ငွေကြေးကြောင့်မဟုတ်ရင် မြန်မာနိုင်ငံရဲ့ လက်ရှိ သင်္ဘောသား ဈေးကွက်ကြောင့်၊ထားပါ။

ဒီတော့ ဖြစ်ချင်တာမဖြစ်လိုက်ဘူး။ဒီတော့ဖြစ်သင့်တာ စဉ်းစားတယ်။
သို့လော..သို့လောပေါ့။နောက်ဆုံး ဖုန်း Software ပြင်တဲ့သင်တန်း တက်တယ်။အဲဒီ ကနေမှ ဖုန်း Service ဆိုင်ဆိုပြီးတဆင့်ဖွင့်လာတယ်။ အဆင်ပြေလာတယ်။အဲဒီအချိန်ရောက်မှ ဖြစ်နေတာကနေ ဖြစ်သင့်တာဆိုတဲ့ လက်တွေ့ဘဝကိုရောက်လာတယ်။

ဒီတော့ ပြည်တွင်းမှာရှိတဲ့ လူတွေရဲ့  အကြောင်းကိုပြန်စဉ်းစားမိတယ်။ ပတ်ဝန်းကျင်မှာရှိတဲ့ လူတွေရဲ့ စကားသံတွေကို ဝေဖန်ဆန်းစစ်ကြည့်တယ်။
မြန်မာနိုင်ငံမှာ အဓိကကြုံတွေ့နေရတဲ့ပြဿနာက စားဝတ်နေရေးပြေလည် ဖို့နဲ့ ရရာအလုပ်မှာကြုံရင်ကြုံသလိုဝင်လုပ်နေရတဲ့ လူတန်းစားကပိုများပါ တယ်။ဒီတော့ ဖြစ်ချင်တာဖြစ်ဖို့ဆိုတဲ့လက်တွေ့ဘဝမှာ တော်တော်များများကအကောင်အထည်မဖော်နိုင်ကြပါဘူး။ဒါကိုလည်း လက်တွေ့မကျတဲ့ ဘဝကြီးတစ်ခုလို စဉ်းစားမယ်ဆိုရင်လည်း မဟုတ်ပြန်ပါဘူး။

ဒါဆိုရင် ဖြစ်ချင်တာဖြစ်ဖို့ ဘယ်လိုဖြေရှင်းမလဲ
-----------------------------------------------

ဖြစ်ချင်တာဖြစ်ဖို့ဆိုတဲ့ ကိစ္စကိုဘယ်လိုဖြေရှင်းမလဲ ဆိုတဲ့ ခေါင်းစဉ် တပ်ပြီးပြောရမှာ တော်တော် လေးကိုဂေါင်းနပန်းကြီးတဲ့ ကိစ္စပါ။ အမှန်တိုင်းဝန်ခံရမယ်ဆိုရင်တော့ ဘယ်လိုမှဖြေရှင်းလို့မရပါဘူး။ ဘယ်လိုမှဖြေရှင်းလို့မရတဲ့ဟာကို ဘာလို့ခေါင်းစဉ်ကြီးတပ်ထားလဲ။ အဲဒီ မေးခွန်းကိုလည်း ပြန်စဉ်းစားရသေးတယ်။ ဖြေရှင်းနည်းတစ်ခုက လက်တွေ့ကျတဲ့ ဘဝမှာအကောင်းဆုံးနေထိုင်ပြုမူပြီး ကိုယ်လုပ်နေတဲ့ လက်ရှိအလုပ်ကို အကောင်းဆုံးကြိုးစားသွားဖို့ပါပဲ။

ဒီတော့ခုနက ကျွန်တော်ပြောသလိုပဲ လူတွေတော်တော်များများက
ဖြစ်ချင်တာကိုမဖြစ်လိုက်ရလို့ဆိုပြီ ဖြတ်သန်းတဲ့ဘဝတွေကို ပေါ့ပေါ့တန်တန် အလွယ် စဉ်းစားလေ့ရှိတယ်။ဖြစ်ချင်တာကိုမဖြစ်လိုက်ရဘူး၊"ငါ့အတွက် အခွင့်အရေးတွေလည်း ထောက်ပံ့မူ အပြည့်အဝမရဘူး၊ နိုင်ငံခြားမှာဆိုရင် တစ်ခုခုချပြလိုက်ရင် ထောက်ပံ့ပြီး အကူအညီပေးမယ့်လူတွေကအများ ကြီးပဲ"။

ပြောချင်တာက ဒါတွေဟာလက်တွေ့မဆန်တဲ့အတွေး သက်သက်သာဖြစ် တယ်။ ပြတ်ပြတ်သားသားပြောရရင် လက်ရှိကျွန်တော်တို့တွေ ဘယ်မှာနေတာလည်း။ရောမနေ၊ရောမလိုကျင့်၊ အင်္ဂလန်မှာနေရင် အင်္ဂလန်လိုကျင့်။မြန်မာမှာနေရင် မြန်မာလိုကျင့်။

ကိုယ်ကိုတိုင်မှမကြိုးစားရင်၊ကိုယ့်အတွက်ဆိုတာဖြစ်လာမှာမဟုတ်ဘူး။
ဖြစ်ချင်တာကိုပဲဦးစားပေးလွန်းလို့ ဖြစ်သွားတာကောင်းပေမယ့် ဖြစ်ချင်တာ
ဖြစ်မလာရင် ခံနိုင်ရည်ရှိဖို့နဲ့ လက်ရှိဖြစ်နေတာကိုပဲ အကောင်းဆုံး ကြိုးစားပြီး ဖြစ်သင့်တာဖြစ်နေတာ ဆိုတဲ့ လက်တွေ့ဘဝကိုကောင်းကောင်း အသုံးချတတ်ဖို့ပဲလိုတာပါ။

ဥပမာတစ်ခုထပ်ပေးရမယ်ဆိုရင် သူငယ်ချင်းတစ်ယောက် ဇာတ်ညွှန်းရေးဆရာ၊ ဒါရိုက်တာအရမ်းဖြစ်ချင်ခဲ့တယ်။ အဲဒီအတွက် ကြိုးစားရင်းနှီးခဲ့တယ်။ သင်တန်းတွေတက်တယ်။ ဇာတ်ညွှန်းရေးသင်တန်း။ ဒါရိုက်တာသင်တန်း၊ စုံနေတာပါပဲ။

အဓိက ကဖြစ်ချင်တာလေ။ဒါပေမယ့် ဖြစ်သင့်တာဖြစ်နေလားဆိုတော့ မဟုတ်ပြန်ပါဘူး။ လူ့ဘဝရဲ့ ကျရာဇာတ်မှာ ဖြစ်နေတာက စားဖိုမူးကြီးဖြစ်
နေတာ။အဲဒါသူရဲ့  ပန်းတိုင်မဟုတ်ဘူး။ဒါပေမယ့် ဖြစ်နေတာကို အကောင်းဆုံးကြိုးစားသွားတော့ ဖြစ်သင့်တာဖြစ်လာတယ်။

စားဖိုမူးဆိုတဲ့အဆင့်ကိုရဖို့ကလည်းအဆင့်ဆင့်ပါပဲ။ပန်းကန်ဆေး၊ကြမ်းတိုက်ဘဝက စရတာပါ။ဖြစ်နေတာလေ။ပြီးမှစားဖိုမူး။အခုတော့ သူရဲ့  ရည်မှန်းချက် ဟိုတယ်ကြီးတစ်ခုမှာ စားဖိုမူးကြီး ဖြစ်ဖို့ဆိုတဲ့ ပန်းတိုင် အသစ်တစ်ခု၊ဖြစ်ချင်တာဆိုတာကြီးပေါ် လာတယ်။

ပြောချင်တာက လူတိုင်းကြိုးစားရင်လက်တွေ့ဘဝမှာ အကောင်းဆုံးဆိုတဲ့ ပန်းတိုင်ဆိုတာပေါ်လာမှာပါပဲ။ရည်းမှန်းချက်မရှိဘူး၊ပန်တိုင်းမရှိဘူး ဆိုပြီးတွေဝေနေမှသာလျှင် သင်ဟာ ဖြစ်နေတာဆိုတဲ့ ဘဝကြီးကနေ ရုန်းထနိုင်မှာမဟုတ်သလို၊ဖြစ်သင့်တာဆိုတဲ့ ဦးတည်ချက်၊ဖြစ်ချင်တာဆိုတဲ့ ပန်းတိုင်ကြီးလည်းပေါ်လာမှာမဟုတ်ပါဘူး။

နိဂုံး
----
အဲတော့နိဂုံးချုပ်အနေနဲ့ပြောချင်တာက လက်တွေ့ဘဝမှာဖြစ်ချင်တာ
ဖြစ်ဖို့ဆိုတဲ့ လူတိုင်းရဲ့ ဦးတည်ချက်၊ရည်မှန်းချက်ပန်းတိုင် ဆိုတာတော့ ရှိကြမှာပါပဲ။

အဆိုတော်ကြီး၊စာရေးဆရာကြီး၊တိုင်းသိပြည်သိအနုပညာရှင်ကြီး၊စီးပွားရေးလုပ်ငန်းရှင်ကြီး၊တီထွင်သူပညာရှင်ကြီး အမျိုးမျိုးပါပဲ။ဖြစ်ချင်တာဖြစ်သွားတဲ့ သူတွေရှိသလိုစားဝတ်နေရေးကြောင့်၊ဘဝပေးအခြေအနေကြောင့်၊ပတ်ဝန်းကျင်ကြောင့်။

အကြောင်းကြောင်းကြောင့် မဖြစ်လိုက်ရရင်လည်း လက်တွေ့ ဘဝမှာ စိတ်ဓာတ်မကျဖို့နဲ့ လက်ရှိဖြစ်နေတာကြီးကိုပဲ အကောင်းဆုံးကြိုးစား သွားရင် လက်ရှိဖြစ်နေတာဆိုတဲ့ ဘဝကနေ ဖြစ်သင့်တာ၊ဖြစ်ချင်တာ ဆိုတဲ့ ဦးစားပေးမူတွေ သင့်ဆီ ပြန်လာပါလိမ့်မယ်။

အဲဒီအတွက် လက်ရှိလုပ်နေတဲ့ အလုပ်ကိုအကောင်းဆုံးကြိုးစားသွားပြဖို့ပါပဲ။
ဒါကြောင့် ဖြစ်ချင်တာမဖြစ်လိုက်ရတဲ့ အခါ အယူအဆမမှားရလေအောင် အကြံအဥာဏ်ပေး၊ခွန်အားပေး ရေးသားလိုက်ရပါတယ်။

ခွန်နေ(AMMG)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။