Burma News
အမျိုးသမီးများ ဆေးလိပ်သောက်လျှင် အမျိုးသားတွေထက် အူမကြီး
ကင်ဆာဖြစ်နိုင်ခြေ မြင့်မား(Friday, May 10, 2013)

ကင်ဆာဖြစ်နိုင်ခြေ မြင့်မားဆေးလိပ်သောက် တာကြောင့် အမျိုးသား တွေနဲ့ အမျိုး သမီးတွေမှာ အူမကြီး ကင်ဆာ ဖြစ်နိုင်ခြေ မြင့်မား ပေမယ့် အမျိုး သမီးတွေမှာ ဖြစ်နိုင်ခြေ ပိုများ တယ်လို့ လေ့လာမှု အသစ်အရ တွေ့ရှိ ထားပါတယ်။ ဆေးလိပ် သောက်တဲ့ အရေအတွက်များပြီး ဆေးလိပ်
သောက်တဲ့နှစ် ကြာလေလေ၊ အူမကြီး ကင်ဆာ ဖြစ်နိုင်ခြေ မြင့်မား
လေလေလို့ ဆိုပါတယ်။ ဆေးလိပ် သောက်တဲ့ အမျိုးသမီး တွေဟာ
ဆေးလိပ်လုံးဝ မသောက်သူတွေထက် ရောဂါ ဖြစ်နိုင်ခြေ ၁၉ ရာခိုင်နှုန်း
မြင့်မားပါတယ်။ ဆေးလိပ် သောက်တဲ့ အမျိုးသား တွေမှာမူ ဆေးလိပ် မသောက် သူတွေ ထက် ၈ ရာခိုင်နှုန်းသာ မြင့်မားပါတယ်။ အသက် ၁၆ နှစ် အရွယ် ကတည်းက စတင်ဆေးလိပ် သောက်တဲ့ အမျိုးသမီး ဒါမှမဟုတ်
နှစ်ပေါင်း ၄၀ ကြာအောင် ဆေးလိပ် သောက်တဲ့ အမျိုးသမီး တွေဟာ အူမကြီး ကင်ဆာ ဖြစ်နိုင်ခြေ ၅၀ ရာခိုင်နှုန်း ပိုမိုမြင့်မားတယ်လို့ ဆိုပါတယ်။
ဆေးလိပ် ဖြတ်တာကြောင့် ကင်ဆာအပါအဝင် ရောဂါအများအပြား
ဖြစ်နိုင်ခြေ လျော့ကျသွားနိုင် ပါတယ်။ ဆေးလိပ်သောက်တာကြောင့် အူမကြီးကင်ဆာ အပါ အဝင် ကင်ဆာ အမျိုးအစား အနည်းဆုံး ၁၄ မျိုးလောက်ဖြစ် နိုင်တယ်လို့ သိရပါတယ်။
ယခင်လေ့လာမှုအရလည်း ဆေးလိပ်မသောက်တာ၊ လေ့ကျင့် ခန်း ပိုလုပ်တာ၊ အနီရောင်အသား လျှော့စားတာနဲ့ အရက်လျှော့သောက်
တာတွေဟာ အူမကြီးကင်ဆာဖြစ်နိုင် ခြေကို လျှော့ချနိုင်တယ်လို့
ဖော်ထုတ်ပြီးသားဖြစ်ပါတယ်။
ဒေါက်တာခင်မိုးမိုး
Good Health

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။