ကျန်းမာရေးစာတိုများစုစည်းမှု
ဆီးလမ်းကြောင်းအတွင်း မကြာခဏ ရောဂါပိုးဝင်ခြင်း
အမျိုးသားတွေမှာ ဆီးလမ်းကြောင်းတွင်း ရောဂါပိုးဝင်ရောက်တာဟာ ဖြစ်လေ့သိပ်မရှိပါဘူး။ အမျိုးသားတွေအနေနဲ့ ဆီးထွက်ပိုက် ရှည်လျားတာ၊ ဆီးကျိတ်နဲ့ သုက်ပြွန်မှ အရည်ထွက်တာနဲ့ မကြာခဏ သုက်လွှတ်တာကြောင့် ဆီးလမ်းကြောင်းအတွင်း ပိုးမဝင်ရောက်နိုင်အောင် ကာကွယ်ထားနိုင်ပါတယ်။ ဒီအရည်တွေဟာ ရောဂါပိုးတွေကို ဆေးချလိုက်သလို ဖြစ်သွားလို့ပါ။ အမျိုးသားတွေမှာ ဆီးအိမ်ထိပ်ဝ ပိတ်ဆို့မှုရှိတာ၊ ဆီးထွက်ပိုက် ကျဉ်းမြောင်းတာ၊ လိင်တံထိပ်အရေပြား တင်းကျပ်နေတာ၊ ဆီးကျိတ်ကြီးတာ ဒါမှမဟုတ် ဆီးလမ်းကြောင်းအတွင်း ကျောက်တည်ရောဂါရှိမှသာ ဆီးလမ်းကြောင်းတွင်း ရောဂါပိုး ဝင်ရောက်နိုင်ပါတယ်။ အမျိုးသားတွေအနေနဲ့ ဆီးလမ်းကြောင်း ပိုးဝင်တာကို သေချာမကု...သရင်နဲ့ နဂိုရောဂါအခံကို ပျောက်ကင်းအောင် မကုနိုင်ရင် ဆီးလမ်းကြောင်းအတွင်း ရောဂါပိုး မကြာခဏ ဝင်ရောက်နိုင်ပါတယ်။

ဆီးလမ်းကြောင်းတွင်း မကြာခဏ ရောဂါပိုးဝင်ရောက်ရင် ဘာလက္ခဏာတွေ ပြတတ်ပါသလဲ။
ဆီးလမ်းကြောင်းထဲ မကြာခဏ ပိုးဝင်ရောက်ခံရတဲ့ လူနာတစ်ယောက်အနေနဲ့ မကြာခဏ ဆီးသွားတာ၊ ဆီးမထွက်တာ၊ ချက်ချင်း ဆီးသွားချင်တာနဲ့ တစ်ခါတစ်ရံမှာ ဆီးသွားရ ခက်ခဲတာတွေ ဖြစ်တတ်ပါတယ်။ အထူးသဖြင့် ဆီးထဲမှာ သွေးပါတာနဲ့ တွဲပြီးဖြစ်တတ်ပါတယ်။ တစ်ခါတစ်ရံမှာ အဖျားရှိတာနဲ့ တုန်ချမ်းချမ်းတာတွေပါ ဖြစ်တတ်ပါတယ်။ အထက်ပါ လက္ခဏာတွေနဲ့ လူနာကို စစ်ဆေးကြည့်ရှုရာမှာ လိင်တံထိပ်ဖျား အရေပြားတင်းနေတာ၊ ဆီးအိမ်ကိုစမ်းလို့ရတာနဲ့ စအိုထဲ လက်ထည့်ပြီး စမ်းသပ်ရာမှ ဆီးကျိတ်ကို စမ်းမိတာတွေ ရှိနိုင်ပါတယ်။
အမျိုးသားတွေ ဆီးလမ်းကြောင်းထဲ မကြာခဏ ပိုးဝင်တာဟာ ဘာပိုးအမျိုးအစားတွေ ဖြစ်တတ်ပါသလဲ။ ဘယ်လို ကုသနိုင်ပါသလဲ။ ဆိုးကျိုးအနေနဲ့ ဘာဖြစ်နိုင်ပါသလဲ။
များသောအားဖြင့် အီးကိုလိုင် ဒါမှမဟုတ် ကလပ်စီရဲလား ပိုးမွှားတွေကြောင့်ပါ။ ပဋိဇီဝဆေးနဲ့ ဆေးပတ်လည်အောင် ကုသမှု ခံယူရပါမယ်။ နဂိုရောဂါအခံဥပမာ လိင်တံထိပ်အရေပြားတင်းနေရင် အရေပြားဖြတ်တာ (Circumcision)၊ ဆီးအိမ်ဝ ပိတ်ဆို့နေတာကို ကုသပေးတာနဲ့ ဆီးကျိတ်ရှိနေရင် ဖယ်ရှားပေးတာတွေ ပြုလုပ်ရပါမယ်။ ဆီးလမ်းကြောင်း မကြာခဏပိုးဝင်တဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေအနေနဲ့ သွေးဆိပ်တက်တာတွေ ဖြစ်တတ်ပါတယ်။
အမျိုးသားတွေမှာ ဆီးလမ်းကြောင်း မကြာခဏ ပိုးဝင်တာမဖြစ်အောင် ဘယ်လို ကာကွယ်နိုင်ပါသလဲ
ဆီးလမ်းကြောင်းမှာ မကြာခဏ ပိုးမဝင်အောင် အောက်ပါအတိုင်း ကာကွယ်နိုင်ပါတယ်။
၁။ ပထမဆုံးဖြစ်တဲ့ ဆီးလမ်းကြောင်း ပိုးဝင်တာကို ထိရောက်မှုရှိတဲ့ ပဋိဇီဝဆေးနဲ့ သေချာကုသရပါမယ်။
၂။ နဂိုရောဂါအခံကို စောစောစီးစီး ကုသထားရပါမယ်။ အထူးသဖြင့် ရောဂါလက္ခဏာ စတင်ပေါ်ပေါက်တာနဲ့ ကုသရပါမယ်။
၃။ တစ်ကိုယ်ရေ သန့်ရှင်းရေးကို အထူး ဂရုစိုက်ရပါမယ်။ အထူးသဖြင့် ဆီးသွားပြီးစဉ်နဲ့ လိင်ဆက်ဆံမှု ပြုလုပ်ပြီးစဉ်မှာ သန့်ရှင်းရေး ပြုလုပ်ရပါမယ်။
၎။ ဆီးအောင့်မထားရပါဘူး။
၅။ ရေကို လုံလုံလောက်လောက် သောက်ရပါမယ်။
၆။ ဆီးသွားဖို့ အချိန်လုံလုံလောက်လောက် ရှိရပါမယ်။ လောပြီး မသွားရပါဘူး။ အမျိုးသားတွေမှာဖြစ်တဲ့ မကြာခဏ ဆီးလမ်းကြောင်း ပိုးဝင်တဲ့ရောဂါကို ကာကွယ်နိုင်ပြီး နောက်ဆက်တွဲ ပြဿနာ မဖြစ်အောင်လည်း ရှောင်ရှားနိုင်ပါတယ်။
(တန်တောက်စင်းဆေးရုံမှ ဆီးလမ်းကြောင်းဆိုင်ရာ အထူးကုဆရာဝန် ygarmu© ChiaSing Joo \ Male Urological Problems စာအုပ်မှ ကောက်နုတ် တင်ပြထားပါသည်)
BY GOOD HEALTH

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။