ဗေဒါလမ်း Baydarlan သုတ ရသ ဟာသ ပြည်ပအနုပညာ
အိမ်မက်တွေ အခိုးမခံရစေနဲ့။
အမေရိကရှိ ကျောင်းတစ်ကျောင်းရဲ့ စာသင်ခန်းတွင်ဖြစ်သည်။ ဆရာက ကျောင်းသားများကို “ကျွန်တော်ရဲ့ ရည်မှန်းချက်” ခေါင်းစဉ်ဖြင့် စာစီစာကုံးတစ်ပုဒ် ရေးခိုင်းခဲ့သည်။
ကျောင်းသားတစ်ဦးက သူ၏ရည်မှန်းချက်မှာ “ကျွန်တော်ကြီးပြင်းလာတဲ့အခါ မြေကွက်ကြီးတစ်ကွက် ကို ပိုင်ဆိုင်နိုင်ဖို့ မျှော်လင့် ပါတယ်။ အဲဒီမြေကွက်ပေါ်မှာ သစ်ပန်၊ ပန်းမန်တွေကို အပြည့်စိုက်ပြီး စိမ်းစိုတဲ့ ဥယျာဉ်လုပ်ပါမယ်။ ပြီးတော့ ပန်းခြံအလယ်မှာ သစ်သားအိမ်လေးတွေဆောက်ပြီး အသားကင်ဖို့နေရာတွေ ထားရှိပါမယ်။ ဟိုတယ်တစ်လုံးကိုလည်း ဆောက်ပြီး ကိုယ့်မိသားစုအပြင် အခြားလာရောက်လည်ပတ်သူတွေကိုလည်း အနားယူ ပင်ပန်းဖြေစေပါမယ်” ဟုရေးသားထားသည်။
ထို့နောက် သူ၏စာစီစာကုံးကို ဆရာ့အားပြရာ ဆရာကတစ်ချက်ကြည့်ပြီး မင်နီဖြင့် ကြက်ခြေခတ်လိုက်သည်။ ဆရာက သူ့အား နောက်စာစီစာကုံးတစ်ပုဒ်ကို ရေးခိုင်းစေခဲ့ပြန်သည်။
အမေရိကရှိ ကျောင်းတစ်ကျောင်းရဲ့ စာသင်ခန်းတွင်ဖြစ်သည်။ ဆရာက ကျောင်းသားများကို “ကျွန်တော်ရဲ့ ရည်မှန်းချက်” ခေါင်းစဉ်ဖြင့် စာစီစာကုံးတစ်ပုဒ် ရေးခိုင်းခဲ့သည်။
ကျောင်းသားတစ်ဦးက သူ၏ရည်မှန်းချက်မှာ “ကျွန်တော်ကြီးပြင်းလာတဲ့အခါ မြေကွက်ကြီးတစ်ကွက် ကို ပိုင်ဆိုင်နိုင်ဖို့ မျှော်လင့် ပါတယ်။ အဲဒီမြေကွက်ပေါ်မှာ သစ်ပန်၊ ပန်းမန်တွေကို အပြည့်စိုက်ပြီး စိမ်းစိုတဲ့ ဥယျာဉ်လုပ်ပါမယ်။ ပြီးတော့ ပန်းခြံအလယ်မှာ သစ်သားအိမ်လေးတွေဆောက်ပြီး အသားကင်ဖို့နေရာတွေ ထားရှိပါမယ်။ ဟိုတယ်တစ်လုံးကိုလည်း ဆောက်ပြီး ကိုယ့်မိသားစုအပြင် အခြားလာရောက်လည်ပတ်သူတွေကိုလည်း
ထို့နောက် သူ၏စာစီစာကုံးကို ဆရာ့အားပြရာ ဆရာကတစ်ချက်ကြည့်ပြီး မင်နီဖြင့် ကြက်ခြေခတ်လိုက်သည်။ ဆရာက သူ့အား နောက်စာစီစာကုံးတစ်ပုဒ်ကို ရေးခိုင်းစေခဲ့ပြန်သည်။
ကျောင်းသားက သူရေးထားတဲ့ စာစီစာကုံးကို သေချာပြန်ဖတ်ပြီး အမှားမတွေ့သောကြောင့် ဆရာအား ထပ်ပြလေသည်။
ဆရာက “မင်းကို မင်းရဲ့ ရည်မှန်းချက်တွေကို ရေးခိုင်းတာ။ ဒီလို အိမ်မက်ဆန်ဆန် စိတ်ကူးယဉ်တာကို ရေးခိုင်းတာမဟုတ်ဘူး၊ မင်းရဲ့ တကယ့် ရည်မှန်းချက်ကို ဆရာလိုချင်တယ်။ မဖြစ်နိုင်တဲ့ စိတ်ကူးယဉ်တာကို ဆရာမလိုချင်ဘူး၊ နားလည်လား” လို့ ပြောသောအခါ
ကျောင်းသားက “ ဆရာ...ဒါ ကျွန်တော့်ရဲ့ တကယ့်ရည်မှန်းချက်ပါ” လို့ အားတက်သရောပြန်ဖြေတယ်။
“မဟုတ်ဘူး၊ ဒါဘယ်လိုမှမဖြစ်နိုင်ဘူး။ မင်းအသစ်ပြန်ရေးပါ။ တကယ်လို့ မင်းမရေးရင် မင်းကိုဆရာ အောင်မှတ်မပေးဘူး။ မင်းသေချာစဉ်းစားပါ”
ကျောင်းသားကလည်း ထပ်မရေးနိုင်ကြောင်း ခေါင်းခါပြသည်။ နောက်ဆုံး ထိုစာစီစာကုံးမှာ “E” အဆင့်သာ ရခဲ့သည်။
ထို အဖြစ်အပျက်ဖြစ်ပြီးနောက် နှစ်ပေါင်း(၃၀) အကြာတွင် ငှင်းဆ၇ာက ကျောင်းသားတစ်သိုက်နဲ့ အပန်းဖြေပန်းခြံတစ်ခုသို့ ပျော်ပွဲစားရောက်ရှိလာခဲ့သည်။ ဆရာက မြက်ခင်းစိမ်းနှင့် ပန်းပေါင်းစုံကို ငေးမောကြည့်ရှုရင်း သင်းပျံ့သော အသားကင်နံ့ ကို ရှူရှိက် နေမိသည်။ တစ်နေရာတွင် လူလတ်ပိုင်း လူရွယ်တစ်ဦးက ဆရာ့ဆီ ဦးတည်လျှောက်လာပြီး ဆရာ၏တပည့်ဖြစ်ခဲ့ဖူးသည်ဟု ပြောဆိုမိတ်ဆက်လေသည်။
လူရွယ်က ဆရာ့ကို အကြောင်းစုံပြောပြပြီး သူသည် တစ်ချိန်က စာစီစာကုံးမအောင်သော ကျောင်းသားဖြစ်ခဲ့သည်ဟု ပြောသည်။ သို့သော် ယနေ့တွင် သူသည် စာစီစာကုံးထဲက သူ့ရည်မှန်းချက်ဖြစ်သည့် အပန်းဖြေဥယျာဉ် ကြီးတစ်ခုကို တည်ဆောက်နိုင်ခဲ့ပြီဖြစ်သည်။
ဆရာမှ လူငယ်၏စကားကြောင့် လွန်ခဲ့သော အနှစ်(၃၀) ကို ပြန်မြင်ယောင်မိသည။်
“နှစ်(၃၀) အတွင်းမှာ ကျောင်းသားဘယ်နှစ်ယောက်ရဲ့ ရည်မှန်းချက်အိမ်မက်တွေကို ငါချေဖျက်မိခဲ့သလဲ မသိဘူး။ မင်းကတော့ မင်းရဲ့ရည်မှန်းချက်ကို ငါ့ကြောင့် ချေဖျက်မခံခဲ့တဲ့ တစ်ဦးတည်းသော ကျောင်းသားဖြစ်တယ်”
သင်ရော၊ သင့်ရည်မှန်းချက်အိမ်မက်တွေ သူတစ်ပါးရဲ့ ပါးစပ်ဖျားကြောင့် ပျောက်ဆုံးကုန်ခဲ့ရပြီလား။
သင့်ရည်မှန်းချက်ကို ဂရုစိုက်ပါ။
အခြားဘယ်သူ့ကြောင့်မှ အဆုံးရှုံးမခံပါနဲ့။
credit: hppt:// www.duwenzhang.com
KZL

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။