Aung Ko U
“ဆံစ မှ ခြေဖျားအထိ ဝေါဟာရများ အပိုင်း - ၁၆ (Hip/ Buttock)”
ဆံစမှ ခြေဖျားအထိ ဝေါဟာရအသုံးအနှုန်းများတွင် ယခုတစ်ပတ်အတွက် တင်(Hip) ၊ တင်ပါး (Buttock) နှင့် ပတ်သက်သော ဝေါဟာရ အသုံးအနှုန်းများကို ဆက်လက် မျှဝေလိုက်ပါသည်။
Hip (n) - တင်၊ တင်ပါး
He stood with his hands on his hips.
သူ လက်နှစ်ဖက် နောက်ပစ်ပြီး ရပ်တယ်။
This exercise is good for hips.
ဒီလေ့ကျင့်ခန်းက တင်ပါး (အချိုးအစား ပြေပြစ်ရေး) အတွက် ကောင်းတယ်။
... The skirt was a bit tight across the hips.
စကတ်က တင်ပါးကို ကြပ်ထုတ် နေထာပဲ။
What size of hip are you?
မင်း တင် (အတိုင်း) ဘယ်လောက်လဲ
What is your hip measurement?

Hipped (adj) - _____ တင်ပါးရှိသော
A large-hipped/ a heavy-hipped
A slim-hipped girl
Hip-bath (n) - ထိုင်ချိုးရေချိုးကန်
Hip-flask (n) - အိတ်ဆောင် အရက်ဘူး
Hip-pocket (n) - ဘောင်းဘီရှည် ဘေးအိတ်
Hip (n) - နှင်းဆီ အရိုင်းသီး (rose-hip)
Hip (interj) - ပျော်ရွှင်ခြင်း၊ ထောက်ခံခြင်း၊ ကျေးဇူးတင်ခြင်း စသည်ကို ဖော်ပြသော အာမေဋိတ် စကား
The cheer for the bride and groom: Hip, hip, hurry!
သတို့သမီး နဲ့ သတို့သား အတွက် ချီးယား
Hip (adj) - ဂီတနှင့် အဝတ်အစား စသည်တို့တွင် နောက်ဆုံးပေါ်
The bars and cafés in the old part of the town are frequented by hip young students.
ဒီမြို့က ဘားနဲ့ ကဖီး တွေကို ခေတ်မီ လူငယ် ကျောင်းသားလေးတွေ ခဏခဏ လာကြတယ်။
Hip-hop (n) - အမေရိကန်ပြည်ထောင်စု တွင် စတင်ခဲ့သော အက တေးဂီတ တစ်မျိုး
Buttock (n) - တင်ပါး၊ တင်
She smacked the child on the buttocks.
သူက ကလေးရဲ့တင်ပါးကို လက်ဝါးနဲ့ ရိုက်တယ်။
The left/ right buttock
Large buttocks
အင်္ဂလိပ်ဘာသာစကား လေ့လာသူတိုင်း ဝေါဟာရ ကြွယ်ဝကာ လိုအပ်သလို အသုံးပြုနိုင်ကြပါစေ ……
အောင်ကိုဦး(UMK)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။