“Heart နှင့် ပတ်သက်သော အီဒီယမ်များ အပိုင်း (၃)”
ယခင် တစ်ပတ်က ရေးသားခဲ့သော Heart နှင့် ပတ်သက်သော အီဒီယမ် အသုံးအနှုန်းများကို ဆက်လက် ဖော်ပြလိုက် ပါသည်။
21. one’s heart in sth [IDM] – စိတ်ဝင်စားမှုရှိသည်။
I want her to keep learning the violin but her heart is not in it.
ကျွန်တော်က သူ့ကို တယောတီးတာ ဆက်သင်စေချင်ပေမယ့် သူက အဲဒါကို စိတ်ဝင်စားမှု မရှိဘူး။
...

22. a heart of gold [IDM] – စိတ်ရင်းကောင်းခြင်း
He may seem bad tempered but he’s a heart of gold.
သူပုံစံက စိတ်ကောင်းမရှိပုံပေါ်ပေမယ့် တကယ်တော့ သူက စိတ်ရင်းကောင်းပါတယ်။
23. a heart of stone [IDM] – အသဲမာခြင်း၊ အသနား အကြင်နာမဲ့သည့်စိတ်
He treated his workers very badly. He is a heart of stone.
သူက ဝန်ထမ်းတွေကို ကောင်းကောင်း မဆက်ဆံဘူး၊ သူဟာ အကြင်နာတရား မရှိတဲ့သူပဲ။
24. one’s heart sinks [IDM] – စိတ်ပျက်လက်ပျက် ဖြစ်သည်။
When I saw the huge pile of dirty dishes, my heart sinks.
မဆေးရသေးတဲ့ ဧရာမ ပန်းကန်းပုံကြီးကို တွေ့တော့ ကျွန်တော် စိတ်ပျက်သွားတယ်။
25. in good heart [IDM] – ကျန်းမာပျော်ရွှင်သည်။
She seemed in good heart when I saw her.
သူ(မ)ကို ကျွန်တော်တွေ့ခဲ့တုန်းကတော့ သူ(မ)က ကျန်းမာပျော်ရွှင်နေပုံပါပဲ။
26. in one’s heart [IDM] – အတွင်းစိတ်က
He knew in his heart that he was doing the wrong thing.
သူအမှားလုပ်ခဲ့မိပြီဆိုတာကို သူ့ အတွင်းစိတ်က သိခဲ့တယ်။
27. open/ pour out one’s heart to sb [IDM] – ရင်ဖွင့်သည်။
Whenever I feel sorry I always open/ pour out my heart to my dearest friend.
ကျွန်တော်ဝမ်းနည်းကြေကွဲတိုင်း ကျွန်တော့်ရဲ့ အခင်ဆုံးသူငယ်ချင်းကို အမြဲတမ်း ရင်ဖွင့်တယ်။
28. set one’s heart on (-ing) sth [IDM] – ဆန္ဒပြင်းပြသည်။
She sets her heart on going to university.
သူ(မ)က တက္ကသိုလ်တက်ဖို့ကို ဆန္ဒပြင်းပြတယ်။
29. take sth to heart [IDM] – စိတ်ထိခို်က်သည်။
I took your criticism very much to heart.
မင်းရဲ့ဝေဖန်မှုက ငါ့ကို စိတ်ထိခိုက်စေတယ်။
30. to one’s heart content [IDM] – စိတ်ရှိသလောက်၊ ကြိုက်သလောက်
He has the dinner that I treated to his heart content.
ကျွန်တော် ဧည့်ခံတဲ့ ညနေစာကို သူ စိတ်ကြိုက် စားတယ်။
31. with all one’s heart(whole heart) [IDM] – အူလူလှိုက်သဲလှိုက်၊ တကယ့်ကို
I hope with all my heart that you succeed.
မင်း အောင်မြင်မယ်လို့ ငါ တကယ့်ကို မျှော်လင့်တယ်။
“အင်္ဂလိပ်ဘာသာစကား လေ့လာသူတိုင်း အင်္ဂလိပ်စာအရည်အသွေး တိုးတက်မြင့်မားကြပါစေ …………”
အောင်ကိုဦး(UMK)
www.siraungkou-umk.blogspot.co m

www.siraungkou-umk.blogspot.co
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။