◆ "ဒီမေးခွန်းလေးတောင် မဖြေနိုင်ဘူး" လို့ ကဲ့ရဲ့တဲ့သူက
သူကိုယ်တိုင် မဖြေနိုင်တဲ့ မေးခွန်းကြုံမှ ကိုယ်ချင်းစာတတ်လာမယ် ...
◆ "ဒီလိုလူအတွက်နဲ့ အသဲကွဲနေသေးတယ်" လို့ ပြောတဲ့သူက
သူကိုယ်တိုင် အသဲကွဲမှ ကိုယ်ချင်းစာတတ်လာမယ် ...
◆ "လူတိုင်းက သေမျိုးပါပဲ ... တရားနဲ့ဖြေပါ" လို့ အလွယ်နားချသူက ...
သူကိုယ်တိုင် ကြုံရမှ ကိုယ်ချင်းစာတတ်လာမယ် ...
◆ "ဒီလူတွေက အလကားပါကွာ ... အာပဲရှိတယ် ... တကယ်အလုပ်မလုပ်ဘူး" လို့ အပြစ်တင်တဲ့သူက ...
သူကိုယ်တိုင် အဲ့ဒီ့နေရာမှာ ၀င်လုပ်ဖူးမှ ကိုယ်ချင်းစာတတ်လာမယ်
ပြောရရင် မကုန်နိုင်ပါဘူး ...
ဒါကြောင့် ...
ကိုယ်တခါမှ မကြုံဖူးသေးတဲ့ ပြဿနာတွေကို တွေ့ကြုံနေရတဲ့သူက မဖြေရှင်းနိုင်လို့ ဘေးကနေ ကဲ့ရဲ့ အပြစ်မတင်ပါနဲ့ ...
သူ့လိုမျိုး အခက်အခဲ ကိုယ်တိုင်ကြုံမှ ကိုယ်ချင်းစာတတ်လာမယ် ...
★ပိုးဟပ်ဖြူ★
Ref: Heart Canteen
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။