Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, April 12, 2013

ဖားကန့် ကျောက်စိမ်းမှော်တွင် သာမန်ပြည်သူများ ၀မ်းစာရှာရန် ခက်ခဲလာ

 

ဖားကန့် ကျောက်စိမ်းမှော်တွင် သာမန်ပြည်သူများ ၀မ်းစာရှာရန် ခက်ခဲလာ
သောကြာနေ့၊ ဧပြီလ 12 ရက် 2013 ခုနှစ် သတင်း - ကချင်သတင်းဌာန

ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းမှော်ဒေသရှိ ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီများတွင် အစိုးရစစ်တပ်များသာ နေရာယူ အခြေချ ထားလိုက်ခြင်းကြောင့် ဖားကန့်ပြည်သူများအတွက် တနိုင်တပိုင်ဝမ်းရေး ရှာဖွေစားသောက်ရန် အခက်အခဲဖြစ်လာကြောင်း ဖားကန့်ဒေသခံများကပြောသည်။

... ပြီးခဲ့သည့် ဇန်န၀ါရီလတွင်း အစိုးရစစ်တပ်မှ အင်အားတိုးချ လာသောကြောင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) နှင့်တိုက်ပွဲဖြစ်ကာ KIA ဖက်မှ နောက်ဆုတ်ထားလိုက်ချိန်မှစ၍ ကျောက်စိမ်းတူးဖော်ရေးနယ်မြေများတွင် အစိုးရကုမ္ပဏီများနေရာယူလာခြင်းဖြစ်သည်ဟု သိရသည်။

ထို့ပြင် ကုမ္ပဏီအတွင်း စွန့်ပစ်ကျောက်ရိုင်း (ရေမဆေး) ကောက်သူများနှင့် တနိုင်တပိုင်ကျောက်စိမ်းတူးဖော် နေသော ပြည်သူလူထုများကို အစိုးရစစ်တပ်မှ ခြောက်လန့်ပစ်ခတ်မှုများပြုလုပ်နေပြီး ယခုချိန် ကုမ္ပဏီ အဆောက်အဦးများတွင်လည်း အစိုးရတပ်မှလုံခြုံရေးယူထားကြောင်း သိရသည်။

အဆိုပါအစိုးရတပ်များမှ ဖားကန့်ဒေသ ဂွေခါ (Gwi Hka)၊ ဆိုင်းတောင် (Seng Tawng)၊ ရှရော်ခ (Sharaw Hka)၊ မှော်ဝမ်း (Maw Wan)၊ မှောစီဆာ (Maw Si Sa)၊ လုံးခင်း (Lawng Hkang) စသည့် ကျောက်စိမ်းထွက်ရာကျေးရွာများအားလုံးတွင် နေရာယူ အခြေချ လိုက်ခြင်းကြောင့် ထိုမှော်တို့တွင် ရှာဖွေစားသောက်နေသော ပြည်သူများ အခက်အခဲကြုံတွေ့နေရခြင်းဖြစ်သည်ဟု ဒေသခံများကပြောသည်။

မှော်ဝမ်းကလေးတွင်မူ ၄င်းနေရာတွင်ရှိသော အစိုးရတပ်ဖွဲ့ ဗိုလ်မှူးကြီးအား ဟင်းဖိုး၊ အရက်ဖိုးနှင့် ငွေများကို လစဉ် ပေးဆောင်နေရပြီး လုပ်ကွက်ပေးနေကြောင်း မှော်ဝမ်းကလေး ဒေသခံတစ်ဦးက KNG ကချင်သတင်းဌာနသို့ ပြောသည်။

“တခြားနေရာတွေမှာ လုံးဝလုပ်စားလို့မရတော့ဘူး။ ဒီကျနော်တို့မှော်ဝမ်းကလေး ကသေမှော်မှာက နည်းနည်း လုပ်စားလို့ရတယ်။ ဒီမှာလုပ်စား လို့ရတယ်ဆိုပေမဲ့ အဲဒီမှာရှိတဲ့ ဗိုလ်ကြီးကို အရက်တွေ အသားတွေ ဟင်းတွေ လိုလေသေးမရှိ ၀ယ်ပေးထားရတယ်။ ငွေလဲ တစ်လကို ၄-၅ သိန်း လက်ဆောင်ပေးနေရတယ်။ ဟင်းတွေ အရက်တွေက နေ့တိုင်းဝယ်ပေးရတယ်။ အဲလိုမျိုးကြောင့် လုပ်စားလို့ရနေတာပေါ့။ အဲလိုမလုပ်ရင်မှော် ရပ်ဆိုင်းမယ်ဆိုပြီး အမျိုးမျိုး ခြောက်လန့်တယ်။ အခုလူတွေအများပိုင်း ဒီမှာလာတူးစား နေတာများတယ်။ ဒုက္ခသည်တွေအားလုံးလည်း ဒီနေရာမှာ တူးစားနေတယ်” ဟုပြောသည်။

ဖားကန့်ဒေသသို့ ယခုလို နေရာယူလာသော စစ်တပ်သည် တပ်မ ၈၈ လက်အောက်ခံတပ်ဖွဲ့များဖြစ်ပြီးဒီအခြေ အနေကိုကြည့်ခြင်းအားဖြင့် ဖားကန့်ကျောက်စိမ်းမှော်ဒေသတွင် စစ်ရေးအားဖြင့် အစိုးရတပ်ဖွဲ့မှအပေါ်စီး ထားနိုင်ပြီဟု ပြောဆိုနိုင်ကြောင်း ဖားကန့်ဒေသခံများ က ဝေဖန် သုံးသပ်နေကြသည်။

ယခုချိန် နမ့်ယားနှင့် ဖားကန့် လမ်းတစ်လျှောက်တို့တွင်လည်း အစိုးရစစ်ယဉ်တန်းများ တရက်လျင် ၄ စီးဖြင့် အသွားအလာပြုလုပ်နေသောကြောင့် လူငယ်များကို အဖမ်းအဆီးပြုလုပ်မည်ကို စိုးရိမ်နေရကြောင်း ဖားကန့် ခရစ်ယာန်ဘာသာရေး ဆရာတစ်ဦးက ပြောသည်။

“စစ်သား၂၀ လောက်စီးတဲ့စစ်ကားက နေ့တိုင်း ၃၊ ၄ စီးပုံမှန် တက်လိုက် ဆင်းလိုက်လုပ်နေတယ်။လုံခြုံရေးယူ တာလားတော့ မသိဘူး။ အခုတော့ အစိုးရတပ်တွေ နေရာယူလိုက်ပြီဆိုတော့ အများပိုင်းက လူငယ်တွေအတွက် စိုးရိမ်ရတယ်။ ဟိုတလောကဆို လဖ္ဘက်ရည်ဆိုင်တွေက ဖမ်းယူပြီး သူတို့စစ်တပ်ကို ထည့်လိုက်တာတွေရှိပြီ အဲဒါကြောင့် ပြည်သူလူထုက သူတို့ဘယ်တော့ လာဖမ်းမယ်ဆိုတာကို ကြောက်နေရတယ်။ ခက်တော့ အရမ်း ခက်သွားတယ်။ အဲဒါကြောင့် လူငယ်တွေကိုလည်း ညမထွက်အောင်ပြောထားတယ်။ ထွက်လည်း မထွက်ကြတော့ဘူး” ဟု KNG ကချင် သတင်းဌာန သို့ပြောသည်။

အဆိုပါကျောက်စိမ်းကုမ္ပဏီများသည် ယခင် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)ကို အခွန်ပေးဆောင်ကာ ကျောက်တူးဖော်ခွင့် လုပ်ကွက်ရ ထားသော်လည်း ယမန်နှစ် မေလမှ စပြီး အစိုးရမှ ကုမ္မဏီများကိုရပ်ဆိုင်းရန် အမိန့်ထုတ်လိုက်သောကြောင့် ရပ်လိုက်ရသေးသည်။

ထိုကုမ္ပဏီများရပ်ဆိုင်းထားစဉ် ၎င်းတို့၏ ကျန်ရှိနေသည့် ကျင်းဟောင်းများတွင် KIO က ပြည်သူများကို တနိုင်တပိုင် ဆက်လက်တူး ဖော်ခွင့် ပေးထားခဲ့သည်။

သို့သော် ယခုချိန်တွင် ဖားကန့် ဒေသသို့ ဇန်န၀ါရီလမှ အစိုးရစစ်အင်အား ပြန်လည်တိုးချဲ့လာ၍ တိုက်ပွဲများဖြစ်ပွားလာသောကြောင့် KIA ဖက်မှ လူထုကိုထိခိုက်မည်စိုးရိမ်၍ တပ်မဟာ (၂)၊ လက်အောက်ခံ တပ်ရင်း (၆) ကို နောက်ဆုတ်ပေးထားခဲ့ကြောင်း KIA ဖက်မှပြောသည်။

ထို တပ်ရင်း (၆)နေရာကို အစိုးရတပ်ကနေရာယူထားသည်ဟု ဒသခံများကပြောသည်။

အစိုးရအာဏာပိုင်များသည် ဇန်န၀ါရီလမှစ၍ ကျောက်တူးဖော်နေသူများကို မောင်းထုတ်နေခြင်းဖြစ်ပြီး ပြည်သူလုထုများထဲမှ ၀မ်းရေးအတွက် ဆက်လက်ရှာဖွေ၍ မလိုက်နာသူများကို အစိုးရတပ်မှ ဖမ်းဆီး အရေးယူမှုများလည်းပြုလုပ်နေကြောင်းသိရသည်။

အစိုးရတပ်သည် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) ဌာနချုပ် လိုင်ဇာ အနီးတပ်စခန်းများအား ယမန်နှစ်ကုန်ပိုင်းမှစ၍ ပြင်းထန်စွာ တိုက်ပွဲများဆင်နွဲပြီး အဓိကကျသောစခန်းများကို သိမ်းပိုက်လိုက်သည်။ ကျောက်စိမ်းထွက်ရှိရာ ဖားကန့်ဒေသ ဘက်တွင်လည်း အစိုးရတပ်က ထို့နည်းတူ အင်အားဖြည့် နေရာယူလာခြင်းဖြစ်သည်။

ကချင်လူထု၏ အဓိကအသက်မွေးဝမ်းကျောင်းတခုဖြစ်သော ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းကို လွပ်လပ်စွာတူးဖော်ခွင့် မရှိသောကြောင့် နေ့စဉ်စားဝတ်နေရေးအခက်ခဲများ ပိုမိုရင်ဆိုင်လာရသည် ဟု ဒုက္ခသည်စောင့်ကြည့်သူများကလည်း ပြောဆိုသည်။



No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။