သဘာဝ လောကကြီးမှာ အရာအားလုံးပာာ ပာန်ချက်ညီနေတယ်။
အသွားနှေးတဲ့ မြွေတွေပာာ အန္တရာယ်ကို ကာကွယ်ဖို့ အဆိပ်တွေရှိတယ်။ လိပ်တွေပာာ ပုန်းအောင်းဖို့ ကျောကုန်း အခွံမာကြီးရှိတယ်။
ကြွက်တွေပာာ ကိုက်ဖြတ် စားသောက်ဖို့ ချွန်ထက်တဲ့ သွားတွေနဲ့ ပြေးလွှားဖို့ လျှင်မြန်မှုရှိတယ်။
...
နွားတွေမှာ ဦးချို ရှိတယ်။ အစွယ်လည်းမပါ။ ဦးချိုလည်း မပါတဲ့ မြင်းတွေကျတော့ ပြေးလွှားဖို့ အားအင်တွေရှိတယ်။
ယောက်ျားတွေမှာ အသိဥာဏ်နဲ့ အားအင်တွေရှိတယ်။ အရားအားလုံးမှာ အန္တရာယ်ကို ကာကွယ်ဖို့ သဘာဝက ပေးတဲ့ အကောင်းဆုံး အကာအကွယ်တွေ ရှိတယ်။
မိန်းမသားတွေမှာကော ဘာတွေ ရှိနေသလဲ။ အန္တရာယ်ကို ဘယ်လို ကာကွယ်မလဲ။ ဒါပာာ အရေး အပါဆုံး အချက်ပါ။
မိန်းမသားတွေပာာ အားနွဲ့လို့ ယောက်ျားသားတွေနဲ့ မယှဉ်နိုင်ဘူး။
မိန်းမသားတွေမှာ အသိဥာဏ်ရှိပေမယ့် ယောက်ျားသားတွေမှာလည်း အသိဥာဏ်ရှိနေလို့ အရည်အချင်းတူရင် အကာအကွယ်ကောင်းတစ်ခု မဖြစ်နိုင်ဘူး။ ဥာဏ်သာသူက အနိုင်ရနိုင်တယ်လေ။
မိန်းမသားအတွက် သဘာဝက ပေးအပ်ထားတဲ့ အကာအကွယ်ကောင်းကတော့ ဆင်ခြင်တုံတရား တစ်ခုသာလျှင် အလုံခြုံဆုံး အကာအကွယ်ကောင်း ဖြစ်တယ် ညီမလေး။
ဆင်ခြင်တုံတရားဆိုတာက ညီမလေးတို့ သိပြီး ဖြစ်မှာပါ။ မိန်းမသားဆိုတာ ဆင်ခြင်တုံတရားကင်းမဲ့သွားရင် တစ်ချက်မှားတာနဲ့ တစ်သက်လုံး ရေစုန်မျောရတတ်ပါတယ်။
အချိန်တိုင်း ဆင်ခြင်တုံ တရားကို အဆောင်ကောင်းအဖြစ် လက်ကိုင်ထားရပါမယ်။ ဒါမှသာ ဘယ်လို့ ဘေးရန်မျိုးမှ ဒုက္ခ မပေးနိုင်မှာပါ။ ကြိုတင်ကာကွယ်တာပာာ ကုသတာထက် ပိုကောင်းပါတယ်။
ဒီလောက်ဆို သဘောပေါက်မှာပါ။ ဆင်ခြင်တုံတရားကို လက်ကိုင်ထားပြီး ဘယ်လို ဘေးရန်မျိုးမှ မသက်ရောက်ပါစေနဲ့လို့ ဆုတောင်းပါတယ်။
ပြည်ငြိမ်း

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။