အသင်စစ်သား သင့်ခါးကြားမှာ
ထိုးထားတဲ့ ဗျောက်တစ်လက်ဟာ
တိုင်းပြည်အတွက်
ပြည်သူ့အိုးအိမ် စည်းစိမ်အတွက်
အသက်ပေးကာ
ကာကွယ်စောင့်ရှောက်ပေးဖို့လား…။
အပြစ်မဲ့ပြည်သူတွေကို
ရန်သူသဖွယ်
ရန်မူနှိက်စက်ဖို့ ပေးထားတာလား…။
နည်းလမ်းမကျတဲ့ အထက်အမိန့်နဲ့
အန်ကြိတ် မျက်စိမှိတ်ပြီး
ပစ်ပိတ်သတ်ဖြတ်ဖို့ ပေးထားတာလား။
စဉ်းစား စဉ်းစား ယွင်းမမှာ:နဲ့
အတင်းမှားခဲ့တဲ့အမှားတစ်ချက်နဲ့
ဆယ်သက်မက ငရဲခံရမယ့်အလုပ်
အဟုတ်ကို မလုပ်ပါနဲ့
ဗျောက်တစ်လက်နဲ့ သောက်ရှက်မရှိ
ချောက်နက်ထိရောက်မယ့်အလုပ်-လုပ်
ပိတောက်တစ်ခက်နဲ့
သမက်အိမ်တက်လှအောင်
လတန်ခူးမှာ အရခူးလာပြီး
နှစ်သစ်ဦးလက်ဆောင်ပေးလှည့်ပါ…။
တက္ကသိုလ်ဘုန်းကြွယ်(ဧပြီ ၅ ၁၃)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။