Nine Nine Sanay @ နိုင်းနိုင်းစနေ
တစ်ခါက ဘုန်းကြီးနှစ်ပါးဟာ တောထဲ တရားအားထုတ်ဖို့သွားပါသတဲ့။ လမ်းခရီးမှာ ချောင်းတစ်ချောင်းတွေ့ပြီး ချောင်းကမ်းစပ်မှာ အဝတ်အစား သပ်သပ်ရပ်ရပ်ဝတ်ထားတဲ့ မိန်းကလေးတစ်ယောက်ကိုလည်း တွေ့သတဲ့။
ချောင်းရေက မတိမ်တဲ့အတွက် မိန်းကလေးဟာ ချောင်းကူးရင် သူ့အဝတ်အစားတွေစိုကုန်မှာစိုးလို့ စိတ်ညစ်နေသတဲ့။ အဲဒီအချိန်မှာ ဘုန်းကြီးတစ်ပါးက မပြောမဆို မိန်းကလေးကိုထမ်းပြီး ချောင်းကိုဖြတ်ကူးလိုက်တယ်။ တစ်ဖက်ကမ်းရောက်တော့ မိန်းကလေးကိုချပြီး ခရီးဆက်ပြန်သတဲ့။
ခရီးဆက်လို့ တစ်နာရီအကြာမှာ နောက်ဘုန်းကြီးတစ်ပါးက မအောင့်နိုင်ဘဲ မေးသတဲ့။
“ဘုန်းကြီးဆိုတာ ဒကာမတွေနဲ့ နီးနီးကပ်ကပ်မနေသင့်ဘူး။ အခုနားက ကိုယ်တော်ရဲ့အပြုအမူဟာ အပြစ်ကြီးတစ်ခုကို ကျူးလွန်ခဲ့သလိုပဲ”
ချောင်းရေက မတိမ်တဲ့အတွက် မိန်းကလေးဟာ ချောင်းကူးရင် သူ့အဝတ်အစားတွေစိုကုန်မှာစိုးလိ
ခရီးဆက်လို့ တစ်နာရီအကြာမှာ နောက်ဘုန်းကြီးတစ်ပါးက မအောင့်နိုင်ဘဲ မေးသတဲ့။
“ဘုန်းကြီးဆိုတာ ဒကာမတွေနဲ့ နီးနီးကပ်ကပ်မနေသင့်ဘူး။ အခုနားက ကိုယ်တော်ရဲ့အပြုအမူဟာ အပြစ်ကြီးတစ်ခုကို ကျူးလွန်ခဲ့သလိုပဲ”
အမေးခံရတဲ့ဘုန်းကြီးက “လွန်ခဲ့တဲ့ တစ်နာရီကတည်းက အဲဒီဒကာမကို ကမ်းစပ်မှာချပေးခဲ့ပြီးပြီ။ ကိုယ်တော်က ဘာဖြစ်လို့ သူ့ကို အခုထိထမ်းထားရသေးလဲ” လို့ ပြန်ပြောလိုက်သတဲ့။
ပေးတဲ့လူကတောင် မေ့နေလောက်ပြီ... သင်က သူတို့ပေးတဲ့၊ သူတို့ပြုမူတဲ့ စိတ်ညစ်စရာ၊ နာကျင်ဝမ်းနည်းမှု၊ အမြက်ဒေါသတွေကို ခုထိ ထမ်းထားတုန်းလား.....
ပေးတဲ့လူကတောင် မေ့နေလောက်ပြီ... သင်က သူတို့ပေးတဲ့၊ သူတို့ပြုမူတဲ့ စိတ်ညစ်စရာ၊ နာကျင်ဝမ်းနည်းမှု၊ အမြက်ဒေါသတွေကို ခုထိ ထမ်းထားတုန်းလား.....
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။