ဧပြီလ ၂ ရက် ၂၀၁၃
(၁) ဗီတာမင် B12 နှင့် ကလိုရမ် ဖန် နီကောလ် (Chloramphenicol) ကလိုရမ်ဖန်နီကောလ်ဆေး က သွေးနီဥများရဲ့ရင့်ကျက်မှုကို အနှောင့် အယှက်ဖြစ်စေတဲ့အတွက် သွေးအား နည်းရောဂါကြောင့် သောက်သုံးရ
သော ဗီတာမင် B12 ရဲ့အာနိသင်ကို အနှောင့်အယှက်ဖြစ်စေပါတယ်။
ကလိုရမ်ဖန်နီကောလ်အစား အခြားပိုးသတ်ဆေးများကို သုံးပါ။
...
(၂) ဗီတာမင် A နှင့် Mineral oil Mineral oil က ခန္ဓာကိုယ်မှ ဗီတာမင် A စုပ်ယူမှုကို အနှောင့် အယှက်ပေးပါတယ်။ ဆေးဝါးများကို အချိန်ခြား
ပြီး သောက်သုံးပါ။
(၃)ဗီတာမင် B6 နှင့် လီဗိုဒိုပါ (Levodopa) ဗီတာမင် B6 က Levodopa ၏ဇီဝရုပ်ဖြစ် ပျက်မှုကို တိုးမြင့်စေတဲ့ အတွက်ဦးနှောက်အတွင်းမှာ ထိုဆေး
ဝါးပမာဏရောက် ရှိမှုနည်းပါးသွားပါတယ်။ ထိုဆေးဝါးများကို တွဲဖက် မသောက်သုံးရပါ။
(၄) ဗီတာမင် D နှင့် အတက်ကျ ဆေးဝါးများဖြစ်သော ဖီနန်တွိုင်း (Phenytoin)၊ ဖီနိုဘာဘီတယ်လ် (Phenobarbital) အတက်ကျဆေး
များက ဗီတာ မင် D ရဲ့ဇီဝရုပ်ဖြစ်ပျက်မှုကို လှုံဆော် ပါတယ်။ ရလဒ်
အဖြစ် ကယ်လ်စီယမ် ပမာဏလျော့နည်းသွားပြီး အရိုးပျော့ ရောဂါ
ကို ဖြစ်စေနိုင်ပါတယ်။
အတက်ကျဆေးဝါးများ သောက် သုံးနေတဲ့လူနာများဟာ နေရောင်ခြည်
နှင့်ထိတွေ့ဖို့ လိုအပ်ပါတယ်။ ကယ်လ်စီယမ်ြွကယ်ဝတဲ့ အစားအစာ
တွေကိုလည်း စားသောက်ပေးဖို့ လို အပ်ပါတယ်။
ပိုပိုဇော်

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။